ဇာတ်လမ်းတွဲတွေ ပိုရိုက်ဖြစ်တယ်ဆိုတဲ့ ပြေဇင်

0
281

သရုပ်ဆောင် ပြေဇင်ကတော့ လတ်တလောမှာ ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ ၁ဝ၁၄ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဗီဒီယို ဈေးကွက် ပျောက်ကွယ်ဆဲဖြစ်တဲ့ အချိန်မှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲလို့ မေးကြည့်တဲ့ အခါမှာတော့ ပြေဇင်က …

”ကျွန်တော်တို့ ဗီဒီယိုတုန်းကလည်း ဇာတ်ကားတွေ အများကြီးရိုက်ရတယ်လို့ ပြောလို့ ရပါတယ်။ အခု ဇာတ်လမ်းတွဲတွေမှာလည်း တော်တော်များများ ရိုက်ရတယ်လို့ ပြောရမယ်။ ဒီဗီဒီယိုဈေးကွက်ပျက်ပြီးတဲ့ နောက် ဗီဒီယိုနဲ့ ဇာတ်လမ်းတွဲနဲ့ကြားမှာ ဇာတ်လမ်းတွဲ ပိုရိုက်ဖြစ်တယ်လို့ပဲ ပြောရမယ်။ ပရိသတ်က အခုဘာ ဖြစ်လဲဆိုတော့ ဇာတ်လမ်းတွဲတွေ ပို ကြည့်ဖြစ်တယ်ပေါ့။ ကြည့်ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့လည်း ဇာတ်လမ်းတွဲတွေ မှာ ကမ်း လှမ်းလာရင် ပိုပြီးလက်ခံဖြစ်သွားတာပေါ့။ ဒီဗီဒီယိုဈေးကွက် မရှိတော့တဲ့အပေါ် မှာ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ ဆိုတော့ မရှိတော့ဘူးဆိုတော့ ပြတ်သွားတဲ့ အကြောင်းအရင်းတွေရှိလို့ ပြတ် သွားရတာလေ။ ဈေးကွက်ပျက်သွားတဲ့ အပေါ်မှာ ပြန်ရှိလာဖို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်။ မြန်မာ နိုင်ငံက ဇာတ်လမ်းတွဲ တော်တော် များများကလည်း အခုချိန်မှာ အရမ်း ပေါက်နေကြတယ်ဆိုတော့ ကျွန် တော့်အမြင်မှာတော့ ဒီဇာတ်လမ်းတွဲ တွေမှာ သရုပ်ဆောင်တဲ့အသစ်တွေ ပေါ့နော်။ သူတို့ တော်တော်ကောင်း ကြတယ်လို့ ပြောရမယ်။ ကျွန်တော့် အမြင်မှာ သူတို့ကိုလည်း အသစ် တွေလို့ မမြင်မိတော့ဘူး။ သူတို့တော် တော်လေးကို Talent လည်း ရှိနေပြီ။ ပရိသတ်တွေကြားထဲမှာလည်း ထင်ပေါ်ကျော်ကြားတဲ့သရုပ်ဆောင် တွေဖြစ်နေပြီဗျာ။ အဲဒီအတွက်လည်း အသစ်လို့ မမြင်မိတော့တာ တွေလည်း ရှိပါတယ်”လို့ ပြေဇင်က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here