လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ ရုံတင်ပြသ တော့မယ့် Frozen 2 ဇာတ်ကား နမူနာ ထုတ်လွှင့်ပြသ

0
103

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

၂ဝ၁၉ နိုဝင်ဘာမှာ ရုံတင်ပြသ တော့မယ့် Frozen 2 ဇာတ်ကားရဲ့ ဇာတ်လမ်းနမူနာတိုတစ်ခု ဖေဖော်ဝါ ရီ ၁၃ ရက်က ထုတ်လွှင့်ပြသခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်က ရုံတင်ပြသပြီး အကြီးအကျယ် အောင်မြင်မှုရခဲ့တဲ့ Frozen 3D ဇာတ်ကားရဲ့အဆက်လို့လည်း ပြောလို့ရပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီးလေး အန်နာအဖြစ် ခရစ်စတန်ဘဲလ်၊ အာအိုလပ်ဖ်အဖြစ် ဂျို့စ်ဂက်၊ ခရစ်တပ်ဖ် အဖြစ် ဂျိုနသန်ဂရော့ဖ်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်က ပြသခဲ့တဲ့ Frozen ဇာတ်ကားဟာ ဒစ္စနေးက ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ကားတွေထဲကမှ အအောင်မြင်ဆုံး အန်နီမေးရှင်း ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဝင်ငွေအနေနဲ့လည်း ကမ္ဘာတစ်ဝန်းလုံး ရုံတင်ပြသရာက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Frozen ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ Let It Go သီချင်းကလည်း ကော်ပီသုံးသန်းအထိ ရောင်းချခဲ့ရပြီး ၂ဝ၁၄ ခုနှစ်မှာ တစ်နှစ်တာ အကောင်းဆုံး သီချင်းအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။

အခုထွက်ရှိလာမယ့် Frozen 2 ကိုတော့ လာမယ့် နိုဝင်ဘာ ၂၂ ရက်မှာ တစ်ကမ္ဘာလုံး တပြိုင်နက်တည်းပြသတော့မယ်ဆိုတဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။

Ref: CNN

[/spb_text_block] [spb_video link=”https://www.youtube.com/watch?v=eSLe4HuKuK0″ remove_related=”yes” autoplay=”no” full_width=”no” width=”1/1″ el_position=”first last”]


LEAVE A REPLY

Please enter your comment!
Please enter your name here