အရက်မူးပြီး ကားမောင်းမိလို့ တောင်းပန်လိုက်တဲ့ မင်းသား Ahn Jae wook

0
264

မင်းသား Ahn Jae wook ဟာ သူ့ရဲ့ ပရိသတ်တွေကို တရားဝင် တောင်းပန်လိုက်ပါတယ်။ ဖေဖော်ဝါ ရီ ၁၁ နေ့က Jable Entertainment ကနေ မင်းသားဟာ အရက်မူးနေတုန်း ကားမောင်းခဲ့ တယ်ဆိုတဲ့ သတင်းကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

”မင်းသား Ahn Jae wook က ဖေဖော်ဝါရီ ၉ ရက်နေ့က တစ် နေကုန် ဇာတ်ကားရိုက်နေခဲ့ပြီး ညပိုင်းမှာ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူ စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့ပါတယ်။ မင်းသားဟာ လုပ်ဖော်ကိုင်ဖက်များနဲ့ အရက်သောက်ခဲ့ပြီး ညဘက်အပြန်မှာ ရဲဖမ်းတာခံခဲ့ရပြီး သူ့ရဲ့လိုင်စင်ကို အသိမ်းခံခဲ့ရတယ်”လို့ အေဂျင်စီမှ တာဝန်ရှိသူများ ဖြေရှင်းခဲ့ပါတယ်။

မင်းသားနဲ့ သူ့ရဲ့အေဂျင်စီက အခုလို မဆင်မခြင် ပြုလုပ်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး တရားဝင်တောင်းပန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here