လမ်းခွဲသွားပြီဖြစ်တဲ့ ကိုရီးယားငွေကြယ်ပွင့် Kim Bum နဲ့ Oh Yeon Seo

0
677

ဖေဖော်ဝါရီ ၁၃ ရက်နေ့က သတင်းများအရ မင်းသား Kim Bum နဲ့ မင်းသမီး Oh Yeon Seo တို့ရဲ့ ဆက်ဆံရေးဟာ အဆုံးသတ်သွားပြီလို့ သိရပါတယ်။ မင်းသားရဲ့ အေဂျင်စီ King Kong by Starship က သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအဆုံး သတ်ခဲ့တာကို အတည်ပြုပေးခဲ့ပါတယ်။ မင်းသမီးရဲ့ အေဂျင်စီကလည်း ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဘာကြောင့် အခုလို လမ်းခွဲဖြစ်ခဲ့ကြသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်းမရှိခဲ့ပါဘူး။

အသက် ၃၂ နှစ်အရွယ် မင်းသမီး Oh Yeon Seo နဲ့ မင်းသား Kim Bum တို့ဟာ ၂ဝ၁၈ မတ်လမှာ တရားဝင်တွဲခဲ့ကြပြီး ဧပြီမှာ မင်းသား Kim Bum ဟာ စစ်မှုထမ်းခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here