ကော့တေးတစ်ခွက်…

0
242

အဟွတ် …အဟွတ် … အဟွတ် …

အမလေး၊ ဝေါ့ ..အော့ …

သေချင်းဆိုး၊ ကာလနာ၊ တော် ဒီအရည်တွေ သောက်လာပြီးရင် ဒီ အချိုးချိုး၊ တော့ကို ကျုပ် ဒီလိုပုံစံနဲ့ မမြင်ချင်ဘူး။ ကျုပ်ကို ဒီလောက် စိတ်ဆင်းရဲရအောင် လုပ်ပြီးရင် ကျေနပ်ပါတော့၊ ရှိကြီးခိုးပါတယ်။

ဒီ ကောင်မက ဝဋ်ကြွေးပါလို့ ဒီလို ဟာ ကြီးကိုယူမိတာ၊ တော့်စောက် ကျင့်က လက်ထဲပိုက်ဆံရှိရင် ဟိုမယားငယ်ကို သွားသွားပေး။ ပြတ်ပြီ လပ်ပြီ၊ နေမကောင်းဖြစ်ပြီဆို ဒီအ ခေါင်းကို ဝင်အောင်း၊ တော့်ကို စိတ်ကုန်တယ်။ ရော့မြိုဆို့။ တော် ကာလ နာတိုက်ပြီးရင် စောင်ခြုံပြီး ကိုယ့် ဖာသာသေတော့ တကတဲ စိတ်ပျက်စရာကောင်းလိုက်တာ၊ ဒုက္ခရောက် ပြီဆို ဒီကောင် မဆီလာလာနှိုက်ပြီ။ ရုပ်ကိုက ကျက်သရေမရှိဘူး၊ ကျုပ် တော့ကို ချစ်လို့ယူခဲ့တာမဟုတ်ဘူး၊ သနားလို့ ယူခဲ့တာ၊ မြိုဆို့ပြီးသေတော့ ဒီမှာ ကျုပ်တော့ စာအုပ်အဟောင်း တွေ ဖတ်ပြီး စဉ်းစားလိုက်ဦးမယ်။

အဟွတ် …အဟွတ် … အဟွတ် …

အမလေး၊ ဝေါ့ …အော့ ..

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here