ကောက်ရခဲ့တဲ့ ငွေကျပ်သိန်းနှစ်ရာခန့် ပိုက်ဆံထုပ်ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သူ လူရွှင်တော် စီးဖိန်

0
1037

စာရေးဆရာ၊ လူရွှင်တော် ဦးချစ်စရာ၏သား မြတစ်ရာအငြိမ့်မှ လူရွှင် တော်စီးဖိန်ဟာ ဖေဖော်ဝါရီ ၁၁ ရက်ညက မန္တလေးမြို့ ၁၆ လမ်း ၈၁ လမ်း နှင့် ၈၂ လမ်းကြားတွင် ပွဲကရန် အလာ ပွဲခင်းအနီးတွင် ငွေကျပ် သိန်း ၂ဝဝ ကျပ်ခန့် ပါသော ပိုက်ဆံထုပ်အား ကောက်ရခဲ့ရာ ပိုင်ရှင်အား ရိုးသားစွာ ပြန် လည် ပေးအပ်ခဲ့ပါတယ်။

”အဲဒီညက ပွဲကဖို့လာတာ နေရာချပြီး အပြင်ခဏထွက်တုန်း ကားတစ်စီးက ပွဲခင်းနားက အိမ်ရှေ့ ရောက်လာတယ်။ ကား ပေါ်က ကလေး တစ်ယောက်က ကားနောက် တံခါးကို ဆွဲဖွင့် လိုက်တာ။ အနက်ရောင်အထုပ် တစ်ထုပ် ကျတာကို တွေ့ရတယ်။ အဝေးကြည့်ရင် မုန့်ထုပ်လို ပုံစံမျိုးပဲ။ ခြံတံခါးဖွင့် ကားဝင်သွား တယ်။ အဲဒီအထုပ်ကို ဘယ်သူမှ မမြင်ဘူး။ ကျွန်တော် တစ်ယောက်ပဲ မြင်တာ။ အဲဒီ အထုပ်ကို ဖွင့်ကြည့်လိုက်တော့ အပေါ်မှာ တစ်သောင်းတန်အုပ်တွေ အောက်မှာ တရုတ် ပိုက်ဆံတွေအများ ကြီးလည်းပါတယ်။ ပထမစဉ်းစားမိတယ်။ ယူဖို့ရာပေါ့။ အိမ်မှာ စီးပွားရေးကလည်း သိပ်မကောင်းဘူးလေ။ အဖေကလည်း အသက် ကြီး ပြီအလုပ်လုပ်နေရတုန်း။ နောက်တစ်ချက် ပြန်စဉ်းစားမိတာ က ပျောက်တဲ့ လူကလည်း ပူနေမှာပဲ။ ဒီအပူပိုက်ဆံကို ယူလိုက် ရင် ကိုယ့်ကြောင့် တစ်ဖက်သားပူ သွားမှာ မဖြစ်စေချင်ဘူး။ သူတို့ ပိုက်ဆံကို ပြန်ပေးချင်တယ်။ ချက်ချင်း အိမ်တံခါးသွား ခေါက်ပြီး သူတို့ ပိုက်ဆံကို ပြန်ပေးလိုက်တယ်။ ပိုက်ဆံထုပ် ပိုင်ရှင်လက်ထဲ ပြန်ရောက်သွားတာကို ကျေနပ်တယ်။ လူငယ်တိုင်း လူငယ်တိုင်း က ဒီလောက် ပိုက်ဆံအများကြီးကို လိုချင်မှာပဲ။ ကျွန်တော်လည်း လိုချင်တယ်။ ဒါပေမဲ့ ကိုယ့်ကြောင့် သူတစ်ပါး အပူဖြစ် သွားတာမျိုးတော့ မလိုလားဘူး။ အခုဆိုရင် သဘင်ကလည်း ဂုဏ်ပြု တယ်။ လူတွေကလည်း အသိအမှတ်ပြုကြတဲ့အတွက် ဝမ်း သာပါ တယ်။ ဂုဏ်ပြုတာ အသိအမှတ်ပြုခံရတာ ကျွန်တော်အတွက် အဓိက မဟုတ်ဘူး။ ကျွန်တော်က ၁၉ နှစ် အရွယ်လူငယ် တစ် ယောက်ဆိုတာကို ပြချင်တာ။ ဒါပါပဲ” လို့ လူရွှင်တော် စီးဖိန်က ပြောပြပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်း အရုံး (ဗဟို) က လူရွှင်တော်စီးဖိန် ရဲ့ ရိုးသားမွန်မြတ်သည့် ဆောင်ရွက်ချက်ကို စံနမူနာ ပြပြုမှုလုပ် ဆောင်ခဲ့ခြင်းအား အသိအမှတ် ပြုပါကြောင်းနှင့် သဘင်ဂုဏ်ဆောင် လူရွှင် တော် စီးဖိန် (ခေါ်) မောင်စိုးမင်းအောင် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here