ဘရက်ပစ်က ဇနီးဟောင်း ဂျနီဖာ အက်စတန် အတွက် မွေးနေ့ လက်ဆောင်ပေးပို့ခဲ့ပြီး မွေးနေ့ ပွဲကိုပါ တက်ရောက်

0
139


ဖေဖော်ဝါရီ­ ၉ ရက်က လော့စ် အိန်ဂျလိစ့်မှာ ကျင်းပခဲ့တဲ့ ဟောလိဝုဒ် မင်းသမီး ဂျနီဖာအက်စတန်ရဲ့ နှစ် ၅ဝ ပြည့် မွေးနေ့ပွဲကို ခင်ပွန်းဟောင်းဖြစ် တဲ့ ဘရက်ပစ်က တက် ရောက်ခဲ့ပါတယ်။ ပွဲကို တက်လာတဲ့ အချိန်မှာ ဘာ လက်ဆောင်ပစ္စည်းမှ ပါမလာခဲ့ပဲ လက်ဗလာချည်းသက်သက်မို့ လူတွေ အမြင်မှာ ထူးထူး ခြားခြားဖြစ်နေပေမယ့် မီဒီယာတွေရဲ့ ဖော်ထုတ်ချက်တွေအရ ဘရက်ပစ်က ဂျနီဖာ့အတွက် မွေးနေ့လက်ဆောင်ကို စာတိုက်ကနေ အိမ်တိုင် ရာရောက် ကြိုပြီး ပို့ထားခဲ့တာဖြစ်တဲ့ အကြောင်း သိရပါတယ်။

ဘယ်ဘလီဟေးက ဆန်းဆက် တာဝါမှာ ကျင်းပခဲ့တဲ့ မွေးနေ့ပွဲမှာ ဟော လိဝုဒ်အသိုင်းအဝိုင်းတွေ တက်ရောက်ခဲ့ကြပေမယ့် ဒီပွဲမှာ အထူးခြားဆုံးက တော့ သူ့ရဲ့ ခင်ပွန်းဟောင်း ဘရက်ပစ်တက်ရောက်လာတဲ့ ကိစ္စကတော့ လူ စိတ်အဝင်စားဆုံးဖြစ်ခဲ့ပါတယ်။ ဂျနီဖာရဲ့ မွေးနေ့အမှန်ကတော့ ဖေဖော်ဝါရီ ၁၁ ရက်ဖြစ်ပေမယ့် နှစ်ရက်စောပြီး ကျင်းပခဲ့တာပါ။

ဘရက်ပစ်နဲ့ ဂျနီဖာတို့ နှစ်ဦး ဟာ ၂ဝဝဝ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ၂ဝဝ၅ ခုနှစ်အရောက်မှာတော့ လမ်းခွဲခဲ့ကြပြီးနောက် ဘရက်ပစ်က အိန်ဂျ လီနာဂျိုလီနဲ့ လက်တွဲခဲ့သလို ဂျနီဖာကလည်း မင်းသား ဂျပ်စတင် သရောက်နဲ့ ၂ဝ၁၅ ကနေ ၂ဝ၁၇ အထိ ပေါင်းသင်းခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ဘရက်ပစ်ကလည်း တစ်ယောက်တည်းသမား ဖြစ်နေသလို ဂျနီဖာကလည်း ထိုနည်း လည်းကောင်းလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: Hollyword Life


LEAVE A REPLY

Please enter your comment!
Please enter your name here