မြန်မာအကနဲ့ ပတ်သက်လို့ လူငယ်တွေကို ပြန်လည်သင်ကြား ပေးနေပြီဖြစ်တဲ့ ဝင်းသပြေထွန်း

0
2442

နိုင်ငံတကာမှာ မြန်မာ့ရိုးရာ အကနဲ့ပတ်သက်လို့ သွားရောက် ဖျော်ဖြေတင်ဆက် ကပြနေတဲ့သူကတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းပဲဖြစ်ပါတယ်။ သူက အခုဆိုရင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်လောက်ကို သွားရောက်ကပြခဲ့ပြီးပြီဖြစ်သလို သွားရောက်ကပြခဲ့တဲ့ နိုင်ငံတိုင်းမှာလည်း အောင်မြင်မှုတွေ ရရှိထားသူပါ။ သူက အခုအချိန်မှာတော့ နောက်ပိုင်းမျိုးဆက်သစ်တွေကို မြန်မာအကနဲ့ပတ်သက်လို့ သင်ကြားပေးဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။

”တကယ်တော့ ကိုယ်က သိပ်တော့ မသင် တတ်ဘူး။ ဒါပေမဲ့ အားလုံးက သင်ပေးပါ၊ သင် ပေးပါလို့ ပြောကြတယ်။ ပြီးတော့ ဆရာတွေက လည်း ပြောတယ်။ ကိုယ့်မောင်တွေ ညီမတွေ ကိုလည်း လက်ဆင့်ကမ်းပေးရမယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေးတဲ့အတွက် ကြောင့် ကလေးတွေရဲ့ စိတ်ထဲမှာလည်း ကိုယ့် ရိုးရာကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ဖြစ်လာကြ မယ်ဆိုတော့ အဲဒီလို လက်ဆင့်ကမ်းပေးကို ပေး ရမယ်ဆိုတဲ့ အသိလေးတော့ တဖြည်းဖြည်းဝင် လာပြီ။ အရင်တုန်းကတော့ ကိုယ်က မသင်ပေး တတ်ဘူးဆိုတဲ့ စိတ်နဲ့ မသင်ချင်ဘူးဆိုပြီး အတင်း ငြင်းခဲ့တာလေ။ အခုနောက်ပိုင်းကြ တော့ ကိုယ်ဒီလိုလေးသင်ပေးလိုက်ရင် သူတို့ လည်း မြန်မာ့အကကို ချစ်တတ်မယ်။ သူတို့ ချစ်တတ်သလို သူတို့ကနေ တခြားလူတွေကို ပြန်မျှဝေရင် ကိုယ့်ရိုးရာကိုယ့်ယဉ်ကျေး မှုကို ချစ်ခင်တဲ့စိတ်တွေ ပိုပြီး တော့များလာမယ်၊ ပိုတန်ဖိုး ထားလာမယ် ဆိုတဲ့ စိတ်လေးနဲ့ သင်ပေးမယ်ဆိုတဲ့ သင်ပေးဖြစ် လာတယ်”လို့ မြန်မာအကနဲ့ ပတ် သက်လို့ သင်ပြပေးဖြစ်ခြင်းကို ဝင်းသပြေထွန်းက ပြောပါတယ်။ သင်ပေးဖြစ်ပေမယ့်လည်း သူကိုယ်တိုင် လည်း မြန်မာအကနဲ့ ပတ်သက်လို့ အခုအချိန် အထိ လေ့လာသင်ယူနေရတုန်းပဲဖြစ်ပြီး အနုပညာဝမ်းစာကတော့ အမြဲဖြည့်နေရမှာပါလို့ ပြောပါတယ်။

မြန်မာအကသင်ပြပေးနဲ့ ဆရာမတစ်ဦး အနေနဲ့ ရပ်တည်သွားဖို့တော့ မရှိပေမယ့်လို့ နောက်ပိုင်းတော့ ဘယ်လိုတွေဆက်လုပ်ဖြစ် မယ်ဆိုတာတော့ ပြောလို့ မရသေးဘူးလို့ ပြော ပြပါတယ်။ ဝင်းသပြေထွန်းက ဖက်ရှင်ပိုင်းမှာ ဆိုရင်လည်း ရိုးရိုးယဉ်ယဉ်လေးတွေသာ ဝတ် ဆင်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီလို ဝတ်ဆင်ဖြစ်တာကလည်း သဘင်မင်းသမီးဖြစ် တာက တစ်ကြောင်းကိုယ်တိုင်ကလည်း မြန် မာဝတ်စုံလေးတွေကို ဝတ်ရတာ ပိုကြိုက်နှစ် သက်ခြင်းကြောင့်လည်း ဝတ်ဖြစ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

”ကိုယ်က ဆက်စီဘက်ကို သွားလို့လည်း မလိုက်ဘူး။ ကိုယ်က နည်းနည်း Cute ပုံစံလေး တို့ ရိုးရိုးယဉ်ယဉ်လေးတို့ပဲ လိုက်တယ်လို့ ထင်တယ်။ မြန်မာဝတ်စုံဝတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိတယ်လို့ ထင်တယ်။ လူတိုင်းကလည်း မြန် မာဝတ်စုံဝတ်ရင် ပိုလှတယ်လို့ ပြော ကြတယ်”လို့ မြန်မာဝတ်စုံကိုပဲ အဓိ က ထားပြီး ဝတ်ဆင်ဖြစ်ခြင်းနဲ့ပတ် သက်လို့ ဝင်းသပြေထွန်းက ပြောပြပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here