မြန်မာပြည်မှာ ရုပ်သေးနဲ့ပတ်သက်ပြီး ပြတိုက်တစ်ခုတည် ထောင်သွားချင်တဲ့ ဦးထွေး (ထွေးဦး မြန်မာ့ရိုးရာယဉ်ကျေးမှုရုပ်စုံ)

0
2165

မြန်မာပြည်မှာ ရုပ်သေးနဲ့ ပတ် သက်တဲ့ ပြတိုက်တစ်ခုတည်ထောင်သွားချင်တယ်လို့ ထွေးဦး မြန်မာ့ရိုးရာယဉ်ကျေးမှုရုပ်စုံမှ ဦးထွေးက ပြောပါတယ်။ သူဟာ သင်္ဘောသား ဘဝကို စွန့် လွှတ်ပြီး ရုပ်သေးကိုသာ တစ်စိုက်မတ်မတ်နဲ့ လုပ်ဆောင်လာ ခဲ့တာ အခုအချိန် အထိပဲဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာ ပွဲတော်တွေမှာ လည်း မြန်မာ့ရုပ်သေးကို သွားရောက် ပြသခဲ့တာ ပွဲပေါင်းများစွာ ရှိနေပြီ လည်း ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ အလုံမြို့နယ်၊ ရာမလမ်းထဲ က သူ့ရဲ့နေအိမ်မှာ ရုပ်သေးနဲ့ ပတ် သက်လို့ နိုင်ငံခြားဧည့်သည်များကို ကပြ တင်ဆက်လျက်ရှိပါတယ်။

”ပြတိုက်တင် မဟုတ်ဘူး။ Puppetry Centre ပေါ့။ အခု ဦးထွေးရဲ့အိမ်ကို HTWE OO MYANMAR Puppetry HOME လို့ နာမည်ပေးထားတယ်။ တကယ်လို့ အခွင့်အရေးပေးလို့ နိုင်ငံတော်ကများ ထောက်ပံ့လို့ မြေကွက် ကျယ်ကျယ်လေး ဖြစ်စေ၊ အဆောက်အဦး တစ်ခုဖြစ်စေများ ဦးထွေးရခဲ့ရင်အဲဒီ နေရာကို HTWE OO MYANMAR Puppetry centre လို့ နာမည်ပေးမယ်။ ပြီးတော့ အဲဒီနေရာမှာ ပြတိုက် တစ်ခုဖြစ်မယ်၊။ ရုပ်သေး ကပြမယ်။ နောက်ရုပ်သေးလုပ်တဲ့ Workshop လုပ်မယ်။ ဘာလို့လဲ ဆိုတော့ ဦးထွေးတခြားတိုင်းပြည် တွေရောက်တဲ့အခါမှာ သူတို့ရဲ့ ရုပ်သေးရုံတွေနဲ့ ဘာကိုတွဲပြီးတွေ့လဲ ဆို တော့ ရုပ်သေး Workshop တွေကို တွေ့တယ်။ သူတို့က ရုပ်သေးကိုလုပ် တဲ့ သူဆီမှာ သီးသန့်မှာပြီးတော့ ကတာ မဟုတ်ဘူး။ ရုပ်သေးကတဲ့လူ တွေ အားလုံးက ရုပ်သေးထုတ်တတ် တယ်။ သူတို့မှာ ကိုယ်ပိုင် Workshop ရှိတယ်။ သူတို့ကမယ့် အရုပ်တွေကို သူတို့ ကိုယ်တိုင်ထုတယ်။ ပြီးရင် ဦးထွေးတို့လို ဒါပဲကတာ မဟုတ်ဘူး။ ဒီတစ်လက ဒီဇာတ်လမ်းတစ်ခု ကတယ်။ ပြီးတာနဲ့ အဲဒီအရုပ်တွေကို ပလပ်စတစ်တွေနဲ့ စုပြီးတော့ သူတို့ရဲ့ ဂိုထောင်ထဲမှာ အကန့်တစ်ကန့်မှာ ဒါဘယ်ပြဇာတ်ရဲ့ အရုပ်တွေဆိုပြီး စာတန်းထိုးပြီး ထားထားတယ်။ အဲဒီ တစ်လကနေတဲ့ အချိန်မှာ နောက်ကဖို့အတွက် အရုပ်တွေကို သူတို့ကိုယ်တိုင် ထုလုပ်နေတယ်။ တစ်နှစ်စာ ၁၂ လဆိုရင် ၁၂ ကန့်ရှိတယ်။ အဲဒီတော့ ပရိသတ်တွေ အနေနဲ့လည်း အပြောင်းအလဲ တွေကြည့်ရတယ်။ ပြီးရင် ဦးထွေး ဘာသွားတွေ့လဲ ဆိုတော့ သူတို့ နှစ်မျိုးလုပ်တယ်။ ဂျာမနီက ရုံတစ်ရုံ မှာဆိုရင် နေ့လယ် ၂ နာရီကိုပွဲ တစ်ပွဲပြတယ်။ အဲဒီပွဲက ဘာပွဲလဲ ဆိုတော့ Modern puppet show ပေါ့။ အရုပ်တွေက ခေတ်အရုပ်တွေ၊ ဇာတ်လမ်းက ခေတ်ဇာတ်လမ်းလေ။ တီးလုံးက ခေတ်တီးလုံးပဲ။ အဓိက လာကြည့်တာ ကျောင်း သားတွေပေါ့။ ဒါကြောင့်ပြသတဲ့ အချိန်ကိုလည်း ကျောင်းသားတွေ လာကြည့်နိုင်တဲ့ အချိန်ကို လုပ်ထားတယ်။ အဲဒီတော့ ကျောင်းတွေ ကျောင်းတွေက လာ ကြည့်ချင်ကြတယ်။ ည ၈ နာရီမှာ ကြတော့ Classical show ပေါ့။ သူတို့ရဲ့ ဂျာမန်ရိုးရာ ဇာတ်လမ်းကြီး တွေကို ကပြတယ်။ အဲဒီ့မှာလာကြည့်တဲ့ သူတွေကကြတော့ အသက်ကြီး ပိုင်းတွေ တိုးရစ်တွေ မိသားစုတွေပေါ့။ ဦးထွေး အဲဒါကိုတစ်အား သဘောကျတယ်” လို့ သူလုပ်ချင်တဲ့ အရာတွေနဲ့ နိုင်ငံတကာမှာ လှည့် လာတင်ဆက်ရင်းနဲ့ တွေ့မြင်လာရတဲ့ အတွေ့အကြုံတွေကို ဦးထွေး က ပြောပြပါတယ်။ ရန်ကုန်မှာဆိုရင် ရုပ်သေးလုပ်တဲ့လူတွေ တအားရှားနေပြီဖြစ်ပြီး ရုပ်သေးလုပ်မယ့် မျိုးဆက်သစ်တွေကို တတ်နိုင်သလောက် သင်ပေးချင်ကြောင်း ဒါမှသာပဲ ဒီရိုးရာက သယ်သွားလို့ရမှာဖြစ်ကြောင်း Puppetry Centre လုပ်ဖြစ်တဲ့ အချိန်ကြရင်တော့ သူ့အနေနဲ့ ရုပ်သေးသင်တန်းတွေလည်း ဖွင့် ချင်ပြီး လူငယ်မျိုးဆက်သစ်တွေ လာသင်ချင်တာပဲဖြစ်ဖြစ် နိုင်ငံခြားဧည့် သည်တွေ အနေနဲ့ သင်ချင်တာပဲ ဖြစ်ဖြစ် လက်ခံသင်ကြားပေးလို့ရ သွားမှာဖြစ်ကြောင်း သူ့ရဲ့ဆန္ဒတွေကို ပြောပြပါတယ်။ Puppetry Centre ဆိုတာကြီးက တအားကြီးမားလွန်းတဲ့ အိမ်မက် တစ်ခုဖြစ်ပေမယ့် ဖြစ်လာနိုင်အောင်လည်း သူ့အနေနဲ့ ကြိုးစားသွားမှာဖြစ်ကြောင်း ဦးထွေးက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊
ဓာတ်ပုံ-အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here