စာဆိုတော်နေ့တို့မမေ့…

0
471

မြန်မာသက္ကရာဇ်တစ်နှစ်ကာလ အတွင်း နတ်တော်လဆန်း (၁) ရက် နေ့ကို ‘စာဆိုတော်နေ့’အဖြစ် သတ် မှတ်ထားခဲ့သည်က ကြာပါပြီ။ (ဘယ် အချိန်ဘယ်ခေတ်တုန်းက ဘယ်စာ ပေသမားကြီးတွေ၏ ဘယ်လိုဦး ဆောင်မှုဖြင့် စာဆိုတော်နေ့ ပေါ် ပေါက်လာခဲ့ကြောင်း စာပေရေးရာ မှတ်တမ်းများရှိကြပါသည်။ သိလို လျှင် ရှာဖွေဖတ်ရှုစူးစမ်းကြပါလေ။ စာရေးသူကား မှတ်ဥာဏ်ပျက်စီးနေ ၍ စာဆိုတော်နေ့ ဘယ်လိုပေါ်ပေါက် လာမှန်း မမှတ်မိတော့ပါ။ စာဆို တော်နေ့မပြောနှင့်။ ကိုယ့်မွေးနေ့ပင် တစ်ခါတစ်လေမေ့နေ၍ မနည်းကြီး စဉ်းစားယူရပါသည်။) နတ်တော် လဆန်း (၁) ရက်နေ့ကို စာဆိုတော် နေ့ဟု သတ်မှတ်ထားကြသော်လည်း အစိုးရပြန်တမ်းဝင်အားလပ်ရက်အ ဖြစ် အသိအမှတ်ပြုမထားပါ။ ထို့ ကြောင့်လည်း စာရေးသူသည် မြန် မာနိုင်ငံ၌ မိမိ၏ အရေးပါအရာ ရောက်မှု ဘာမျှမရှိပါကလားဟု နား လည်ကာ၊ စာပေလောက၌ ခပ်လျှို လျှိုကလေးသာနေခဲ့ပါသည်။ လူထူ ထူရှိလျှင် စွာကျယ်၊ စွာကျယ်လုပ်ဖို့ မပြောနှင့်။ လူစုလူဝေးဆိုလျှင် ခပ် ရှောင်ရှောင်လုပ်၍ ချောင်ကုပ်နေ တတ်ပါသည်။ အထူးသဖြင့် စာရေး ဆရာအတုများ ကဗျာဆရာအတုများ၊ အယ်ဒီတာအတုများကို ကြောက် လွန်းလို့ပါ။

လွန်ခဲ့သော နှစ် ၅ဝ ကျော် လောက်တုန်းကတော့ စာဆိုတော်နေ့ ကို အမှီပြုပြီး၊ နိုင်ငံအနှံ့စာပေဟော ပြောပွဲများ စည်စည်ကားကားကျင်းပ ခဲ့ကြသည်။ ယခုတော့ စာဟောဆရာ များ ကောင်းစားရေးအတွက် စာပေ ဟောပြောပွဲတွေ တစ်နှစ်ပတ်လုံး ကျင်းပနေကြသကိုး။

မြန်မာလူမျိုးသည် ဟာသကို လွန်စွာနှစ်ခြိုက်လေ့ရှိရာ၊ စာပေ ဟောပြောပွဲမှာ ‘ပွဲကျ’အောင် ဟော တတ်သူဆိုလျှင် စာပေအရေးအသား မှာ မပြောင်မြောက်လျှင်နေပါစေ။ စာရေးဆရာအစစ်မဟုတ်ဘဲ ဆရာ ဝန်ဖြစ်ဖြစ်၊ ကျူရှင်ဆရာဖြစ်ဖြစ် တစ်ခဲနက်အားပေးမည်သာဖြစ် သည်။ စာရေးသူယုံကြည်သော အ ယူအဆအရ စာပေဟောပြောပွဲဆို လျှင် (ခေါင်းစဉ်တပ်လျှင်) စာပေ ရေးရာသက်သက်ကိုသာ၊ အနှစ်အ သားပါပါ ဟောပြောသင့်သည်။ ဇာတ်သဘင်လောကမှ ဆင်းသက် ကာ စာရေးဆရာဖြစ်လာ၍၊ စာပေ ဟောပြောပွဲမှာ ဇာတ်ဟန်ပါပါဆိုပြ၊ ငိုပြနေလျှင် စာပေဟောပြောပွဲ၏ ဂုဏ်ကျက်သရေကို ဆွဲဆုတ်ရာ ရောက်သည်။

”စာပေဟောပြောပွဲမှာ ဟာသ မပါ၊ အဆိုအငိုမပါရင် ပရိသတ်ပျင်း ပြီး ထပြန်မှာပေါ့ ဆရာကြူးရဲ့”ဟု မိတ်ဆွေတစ်ဦးက ဆိုလေသည်။

”ပြန်လေ၊ ပြန်ကြပေါ့၊ ကိုယ်က လူရွှင်တော်လည်း မဟုတ်။ ဇာတ်မင်း သားလည်း ဟုတ်မှ မဟုတ်တာ၊ ကိုယ်က စာပေသမား စာရေးဆရာ စာပေအကြောင်းပဲ ဟောပြောရမယ်”

”အားလုံးထပြန်ကုန်ပြီး ပွဲစီစဉ် တဲ့ ကော်မတီက ငါးယောက်ပဲ ကျန် ရင်ကော ”

”သူတို့ကိုပဲ စာပေအကြောင်း ဟောမဗျာ၊ သူတို့ပါ အိမ်ပြန်ကုန်ကြ ရင် ကုလားထိုင်အလွတ်တွေကိုပဲ သက်ရှိပရိသတ်အဖြစ် သဘောထား မြင်ယောင်ပြီး အားရပါးရဟောမယ်”

”ဆရာကြူး ဂေါက်သွားပြီဗျာ၊ ဂေါက်သွားပြီ”

ဂေါက်မှသာ ဂေါက်ပေရော့ စာ ရေးသူကတော့ စာပေအနုပညာကို တန်ဖိုးထားပြီး စာရေးဆရာစစ်မှန်ပါ က ဘုရားအလောင်းနီးနီး အထင်ကြီး တတ်သည်။ စာရေးဆရာက စင်ပေါ် တက်ပြီး စာပေရေးရာ ဟောပြော လျှင် စာပေသန့်သန့်လမ်းကြောင်း အတိုင်း သွားစေချင်သည်။ အာ ဝဇ္ဇာန်းရွှင်ခြင်း၊ မရွှင်ခြင်းမှာ စာပေ အနုပညာနှင့် မဆိုင်။ ဟာသပါ၊ အ ရွှန်းဖောက်ခြင်းမှာ စာပေဟောပြော ပွဲ၏ နယ်နိမိတ်ထဲမှာမပါ။ ရယ်စ ရာနားထောင်လိုလျှင် လူပြက်တွေ ချည်း ဖိတ်ကြားပင့်ခေါ်ပြီး ”ဟာသ ဟောပြောပွဲ”အဖြစ် စီစဉ်ကျင်းပ ပေးကြပါကုန်။

ပါရမီရှင် စာရေးဆရာကြီးအချို့ လည်း အာဝဇ္ဇာန်းကောင်းကြ၍ ပရိ သတ်အူမြူးကြပါသည်။ တစ်ခါက ဆရာကြီး ‘ဘဘဦးသုခ’သည် အင်း စိန်မြို့နယ်တစ်နေရာမှာ စာပေဟော ပြောသည်။ ဟောပြောရာမှ ‘လူလော ကမှာ ပျော်ပျော်နေမယ်’ အစချီ သော၊ အရက်သံသီချင်းဆိုသည်။ မဆိုမီ၊ ပွဲစီစဉ်သူများထံမှ သောက် ရေတစ်ဖန်ခွက်တောင်း၍၊ အရက် သောက်ဟန်ပြုကာ သီချင်းဆိုသည်။ သီချင်းဆုံးတော့မှ ”ရေငတ်လွန်းလို့ ရေသောက်ချင်နေတာဗျ။ ရေ သောက်ရအောင် ကြံဖန်ပြီး သီချင်း ဆိုရတော့တာပဲ”ဟု ခပ်တည်တည် ကြီး အရွှန်းဖောက်လိုက်ရာ ပရိသတ် မှာ သဘောကျလွန်း၍ လက်ကုပ်မရ တော့ပေ။

ယနေ့ အဟောအပြောကောင်း လှသော စာရေးဆရာများသည် မျက်လှည့်ဆရာကြီး ‘ပီကိုလာ’၏ အဟောအပြောကို မီအံ့မထင်။ ပီကို လာသည် မျက်လှည့်တစ်ကွက်မှမပြ ဘဲ ပရိသတ်ပါးစပ်မပိတ်ရအောင် မြက်လုံးတွေကို မင်သေသေဖြင့် အိုက်တင်ပါပါ ထုတ်တတ်သည်။ တစ်နာရီလောက် ပြက်လုံးတွေ ထုတ် ပြီးမှ ပီကိုလာက မျက်လှည့်ပညာသန့် သန့်ကို ပြသည်။ ယခုခေတ်မှာ စာ ပေဟောပြောပွဲနှင့် ပီကိုလာ၏ မျက် လှည့်ပွဲစင်ပြိုင်လုပ်လျှင် စာပေဟော ပြောပွဲများ တစ္ဆေခြောက်သွားနိုင် သည်။ တစ်ခါက ပဲခူးရွှေမော်ဓော ဘုရားပွဲကြီးမှာ အဟောအပြောဝိဇ္ဇာ၊ ဓမ္မကထိက ကြာနီကန်ဆရာတော်က ရုံတစ်ရုံငှား၍ တရားဟောရာ၊ ဇာတ် ရုံတွေမှာ ပရိသတ်မရှိကြတော့ဘဲ၊ ကြာနီကန်ဆရာတော်၏ တရားပွဲ ချည်း ရောက်ကုန်ကြသည်ဟူ၏။

ကိုယ်တွေ့ကလေး ပြောရဦး မည်။ နယ်အဝေးက ကျေးရွာကြီး တစ်ခု၌ စာပေဟောပြောပွဲကျင်းပ သည့်အခါ စာရေးသူသည် ဧည့် မြှောင်လုပ်၍ပါသွားဖူးသည်။ ‘ည’ပွဲ ဟောပြောကြရာ၊ ကျောင်းဝတ်စုံ အဖြူအစိမ်းဝတ်ထားကြသော က လေးပရိသတ်က အများဆုံးဖြစ်နေ သည်။ ဆရာ၊ ဆရာမတွေက ဘယ် လိုသွန်သင်လမ်းညွှန်ထားသလဲတော့ မသိ။ စာရေးဆရာက ဟောပြောရင် စကားတစ်ပိုဒ်ဆုံးသည်နှင့် (ဟာသ ပါပါ၊ မပါပါ။ အရိအထေ့ ထိထိ၊ မထိထိ) ကလေးတွေက လက်ခုပ် တစ်ဖြောင်းဖြောင်းတီးနေကြတော့ သည်။ စာရေးဆရာ သုံးယောက် ဟောပြောကြရာ တစ်ယောက်သော စာရေးဆရာမှာ အဟောအပြော အလွန်ညံ့ အလွန်သွေ့ခြောက်သည့် တိုင်း စကားတစ်ပိုဒ် ဆုံးတိုင်း သူ့ အတွက် လက်ခုပ်သံတွေ ပုံမှန်ရနေ ရာ သူ့မျက်ခွက်ကြီးက ”တယ်ဟုတ် တဲ့ ငါပါကလား”ဟူသော ခံစားမှုဖြင့် ပြုံးပြုံးကြီးဖြစ်နေတော့သတည်း။

စာပေဟောပြောပွဲနှင့်ပတ် သက်၍ မမေ့နိုင်စရာ အတွေ့အကြုံ ကလေးတစ်ခုအကြောင်း ပြောရပေ ဦးမည်။

၁၉၇၂-၇၃ လောက်က အင်း စိန်မြို့လယ်တစ်နေရာမှာ ဖြစ်သည်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲကျင်းပပြီး ဟောပြောမည့် စင်မြင့်ကား အငြိမ့် ပွဲကပြမည့်အငြိမ့်စင်ဖြစ်နေသည်။ ဟောပြောပွဲပြီးလျှင် အငြိမ့်ကမည် ဖြစ်ရာ အငြိမ့်ကြည့်မည့်ကလေးတွေ က စင်ရှေ့မှာ ဦးစွာရောက်နှင့်နေကြ သည်။ နေရာဦးပြီး ဖျာစုတ်တွေ၊ ဂုန် နီအိတ်ခွံတွေ၊ စက္ကူကတ်ပြားကြီးတွေ အလုအယက် ခင်းကျင်းထားလိုက်ကြ သည်မှာ အပြည့်။

ဆရာကြီး မင်းသုဝဏ်၊ ဆရာ ကျော်အောင်၊ ဆရာမင်းလှညွန့်ကြူး တို့က စင်ရှေ့မျက်နှာစာမှာ မျောက် အုပ်ကြီးလို သောင်းကျန်းနေကြသော ကလေးအုပ်ကြီးကို မသိဟန်ဆောင် ကာ၊စာပေရေးရာသန့်သန့်ကို ဣေâန္ဒ ရစွာဟောပြောကြပါသည်။ မျောက် လောင်းကလေးအချို့က ဟောပြော နေသော ဆရာကြီးများကို ”အဲ့ လူ ကြီးတွေ အားကြီးရှုပ်တယ်။ ဘာတွေ ပြောနေကြမှန်းမသိဘူး။ ငါတို့က အငြိမ့်ကြည့်ချင်လှပြီ”ဟူသော ဂျစ် ကန်ကန်အကြည့်ဖြင့် စူးစွာစွာမော့ ကြည့်နေကြသည်။ ပွဲစီစဉ်သော သူ ကောင့်သားများမှာလည်း ‘အနာဂတ် ၏ ငွေကြယ်ပွင့်ကလေး’များကို မတို့ မထိရဲကြဘဲ လက်ပိုက်ကြည့်နေကြရ ရှာပေသတည်း။ ။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here