မဟာမကုဋရံသီဆံတော် မြတ်တင်စေတီတော်

0
252

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့ရှိ ကုသိမနာဂရ (ပုသိမ်) တောင်ပိုင်းနဂါးရစ်မှော် ခေါ် သရနတောင်စွန်း(သို့) မော် တင်စွန်း တွင် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်မှ စတင်ကိန်းဝပ်စံပါယ် တော်မူလျက် ရှိသည့် မဟာမကုဋရံ သီဆံတော် ရှင်မြတ် မော်တင်စေတီတော်၏ ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ သည့်နည်း တူ ၁၃၈ဝ ပြည့်နှစ် တပို့ တွဲလပြည့် နေ့မှ ၁၃၈ဝ ပြည့်နှစ် တ ပေါင်းလ ပြည့်နေ့ထိ ၁၉.၂.၂ဝ၁၉ မှ ၂ဝ.၃. ၂ဝ၁၉ ထိ တစ်လတိုင် တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိပေသည်။

မြတ်မော်တင်စွန်းဆံတော်ရှင် စေတီတော်မြတ်ကြီးသည် မြန်မာနိုင် ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများအ နက် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားသည့် စေတီတစ် ဆူဖြစ်သည်။ သာသနာတော်တွင် မြန်မာနိုင်ငံ၌ ဆံတော်မွေတော်ဓာတ် တော်များကို ဌာပနာပြု၍ တည်ထား ကိုးကွယ်ကြသည့် စေတီတော်များ တွင် ပထမဆုံး တည်ထားကိုးကွယ်ခဲ့ သော စေတီတော်မြတ်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ကိုယ်တော် တိုင် နှစ်ကြိမ်ကြွရောက်တော်မူရာ ဌာနဖြစ်သည်ကြောင့်လည်း မြတ် မော်တင်စေတီတော်မြတ်သည် မြန်မာနိုင်ငံ၏ အထင်ကရစေတီ တော်မြတ်ဖြစ်သည်။

မွန်တိုင်းပြည်အားလုံးကို သိမ်း ကျုံးလွှမ်းမိုး အလွန်တန်ခိုးကြီးတော် မူသော ဥက္ကလာပမင်းတရားကြီး လက်ထက်တွင် မင်းတရားကြီးပိုင် နက်ဖြစ်သော ပေါက္ခရဝတီအထိ သဉ္ဇာမြို့နေ သုဝဏ္ဏသူဋ္ဌေးကြီး၏ သားများဖြစ်သည့် တပု(ခ) တပုဿ နှင့် ဘလ္လိကညီနောင်တို့သည် ကုန် ကူးရင်း မဇ္ဈိမဒေသသို့ ရောက်ရှိကြ သည်။ ဘုရားပွင့်သည့် ဗောဓိပင်အ နီးသို့ ရောက်လျှင် လှည်းပေါင်းငါး ရာတို့ ရပ်တန့်ကုန်၏။ လှည်းများရွှေ့ စေရန် အမျိုးမျိုးကြိုးစားကြသော် လည်း လုံးဝရွေ့လျားမရ ဖြစ်နေကြ သည်။ ညီနောင်နှစ်ဦးတို့သည် တော တောင်စောင့်နတ်ကို တောင်း ပန် ကိုးမြှောက်ကြသည်။ ထိုအခါ မယ်တော်ဖြစ်ခဲ့ဖူးသော ခရီးစောင့် နတ်ကိုယ်ရောင်ကိုယ်ဝါ ထိန်လင်းစွာ ပြပြီး ‘ဗောဓိပင်အောက် ရွှေပလ္လင် ဝယ် ငါးသွယ်သောမာန်များကို အချက်ပိုင်ပိုင် အောင်တော်မူသည့် မြတ်ဗုဒ္ဓပွင့်တော်မူပြီ။ လှူဖွယ်ဝတÄု များနှင့် ဘုရားသခင်ထံတော်မှောက် ၌ တရားနာကြားနိုင်ရန် လှည်းဘီး များကို ရပ်တန့်ထားအောင် ပြုထား ခြင်း’ဖြစ်သည်ဟု ဆို၏။ (အဋ္ဌကထာ တွင် အဆွေဖြစ်သော နတ်သား၊ ရွှေ တိဂုံစေတီတော်သမိုင်းချုပ်တွင် ရုက္ခ စိုးနတ်မင်းဟု ဆိုသည်။)


မြတ်စွာဘုရားရှင်၏ ရှေ့တော် မှောက်ရောက်ရှိသည့်အခါ ညီနောင် နှစ်ဦးတို့သည် ပျားတင်လဲထောပတ် တို့နှင့် ရောစပ်ပြုလုပ်ထားသော မုန့် တို့ ဆက်ကပ်လေသည်။ ထိုမုန့်တို့ကို ခံယူရန်အတွက် စတုမဟာရာဇ် နတ် မင်းကြီးလေးပါးတို့သည် ဣန္ဒနီလာ မည်သော ပတ္တမြားညိုသပိတ်တော် လေးလုံးကို တစ်လုံးစီ လှူဒါန်းကြ သည်။ မြတ်စွာဘုရားသည် အလှူခံ ခြင်းမပြုရာဘဲ နောက်အဆင်းရှိ သော ကျောက်ညိုသပိတ်လေးလုံးကို လှူသောအခါမှ အလှူခံတော်မူ သည်။ မြတ်စွာဘုရားသည် ထိုသပိတ် လေးလုံးကို လက်ပေါ်သို့ဆင့်တင် ပြီး ကောင်းစွာအဓိဋ္ဌာန်ပြုကာ ဖိနှိပ် တော်မူလိုက်ရာ အနားရစ်လေးဆင့် ဖြင့် သပိတ်တော်တစ်လုံးတည်း ဖြစ် သွားသည်။ ထိုသပိတ်ဖြင့် ညီနောင် နှစ်ဖော်တို့၏ မုန့်များကို အလှူခံ လေသည်။

ထိုကာလတွင် မြတ်စွာဘုရား နှင့် တရားတော်သာ ရှိသေးပြီး သံဃာတော်များ မရှိသေးသဖြင့် ညီ နောင်နှစ်ဦးတို့ ‘ဒွေးဝါနိစသရဏဂုံ’ ကို ခံယူဆောက်တည်ကြသည်။ ညီ နောင်နှစ်ဦးသည် မြတ်စွာဘုရား ကိုယ်တော်အစား အားထားကိုး ကွယ်ရာကို ပေးသနားတော်မူရန် လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားသည် လက်တော်ဖြင့် ဦးခေါင်းတော်ကို သပ်တော်မူရာ လက်တော်၌ ကပ်ငြိ ပါလာသည့် ဆံတော်မြတ်ရှစ်ဆူကို ပေးသနား တော်မူ၏။

ထိုနေ့ကား မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် နေ့ ဖြစ်သည်။ မြတ်စွာဘုရားပေးသနား တော်မူသော ဆံတော်ရှစ်ဆူကို ညီ နောင်နှစ်ဦးတို့သည် ရွှင်မြူးဝမ်းသာ စွာဖြင့် သိကြားမင်းဖန်ဆန်းပေးသည့် နဝရတ်ကိုးပါးစီခြယ်အပ်သော ပြ ဿဒ်နှင့်တကွ ပတ္တမြားကြုတ်ကို သင်္ဘောပေါ်တင်၍ လျင်မြန်စွာ ရွက် လွှင့်ကြတော့သည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် ပုသိမ် တောင်ပိုင်း (ဝါ) ကုသိမနဂရ၏ တောင်ပိုင်း နာဂရာဇ်မှော်ခေါ် မော် တင်စွန်း (ဝါ) သရန်တောင်ငူစွန်း သို့ရောက်လျှင် ဆံတော်ရှင်ဓာတ် တော်မှ တလျှပ်လျှပ်တဖိတ်ဖိတ် တရိပ်ရိပ် အံ့ချီးမကုန်နိုင်ဖွယ် အသွယ်သွယ်သော တန်ခိုးပြာဋိဟာ များ ပြတော်မူလေသည်။ နဂါးတို့၏ ဘုရင် ‘ဇေယျသနနဂါးမင်း’သည် ထန်ပြင်းလှသော စေတနာသဒ္ဓါ ကြောင့် လူအသွင်ဖန်ဆင်းလျက် ညဥ့်အခါ တိတ်တဆိတ်ပင့်ဆောင် ထားလိုက်၏။ နဂါးမင်းသည် မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် နေ့တွင် ရှေးအခေါ် သရနတောင်၊ ယခုအခေါ် မော်တင်တောင်အစွန်း ၌ ဆံတော်ဓာတ်နှစ်ဆူ ဌာပနာ၍ စေတီတည်ထားကိုးကွယ်လေသည်။

မြတ်စွာဘုရားသည် ရှစ်ဝါ မြောက်တွင် မိဓိလာပြည်၌ သီတင်း သုံးတော်မူစဉ် သုဝဏ္ဏဘူမိတိုင်း သထုံပြည့်ရှင် သီရိဓမ္မာသောက မင်း ကြီး၏ ပင့်ဆောင်လျှောက်ထားသဖြင့် သုဝဏ္ဏဘူမိသထုံပြည်သို့ ရဟန္တာ အရှင်မြတ်ပေါင်းနှစ်သောင်းနှင့် ကြွ မြန်းတော်မူသည်။ သုဝဏ္ဏဘူမိ သထုံ ပြည်သို့ ကြွတော်မူရာ လမ်းခရီးကြား တွင် ယခုအခါ မော်တင်တောင်၊ ရှေး အခေါ် သရနတောင်ထိပ်သို့ ရောက်တော်မူချိန်တွင် ဇေယျသေန နဂါးမင်းတည်ထားကိုးကွယ်သော ဆံ တော်ဓာတ်နှစ်ဆူမှ ရောင်ခြည်တော် တို့သည် ဘုရားရှင်၏အသွင်ကို ဖြစ် စေသည်။ ထိုအခါ မြတ်စွာဘုရားရှင် သည် နောက်ပါရဟန္တာမြတ်တို့အား ဤနေရာဝယ် မြတ်စွာဘုရားနှင့်တကွ ရှေးရှေးသော နောင်တော်ဘုရားရှင် အပေါင်းတို့၏ ဓာတ်တော်မွေတော် များ ကိန်းဝပ်ဖူးသည့်အပြင် ဘုရား ရှင်အပေါင်းတို့၏ အတိတ်ဟောင်းဘ ဝတို့၌ ကျင်လည်ခဲ့သည်ဟုြ>ွမတ်ကြား တော်မူသည်။ ယင်းနောက် ကောင်း ကင်ယံမှ စေတီကုန်းသို့ ဆင်းသက် တော်မူ၍ ရှေးရှေးသော နောင်တော် ဘုရားတို့၏ ဂုဏ်တော်များကို ရည် မျှော်ဆင်ခြင်တော်မူလျက် စေတီ တော်ကို လက်ယာရစ် လှည့်ပတ် တော်မူပြီးမှ သုဝဏ္ဏဘူမိသထုံပြည်သို့ ခရီးဆက်ကြွမြန်းတော်မူသည်။

ဒုတိယအကြိမ်မြောက် ဘုရား သခင်သည် မြန်မာပြည်သို့ ကြွလာ တော်မူသည်ကလည်း မော်တင်စွန်း စေတီတောင်သို့ ရှေးဦးစွာ ရောက် တော်မူ၍ လက်ယာရစ်လှည့်ပြီးမှ သာလျှင် လိုရာခရီးသို့ ဆက်လက်ကြွ မြန်းတော်မူသည်။ သို့ကြောင့် မော် တင်စေတီတော်မြတ်သည် ရှေးရှေး သော ဘုရားရှင်တို့၏ ဓာတ်တော်၊ မွေတော်များ တည်နေကိန်းဝပ်တော် မူပြီး သက်တော်ထင်ရှား ဂေါတမ မြတ်စွာဆံတော်များ ကိန်းဝပ်တော်မူ ရာ စေတီတော်ဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် နှစ်ကြိမ် ကြွရောက်ဖူးရာဌာန သာသနာ အောင်မြေ မြန်မာနိုင်ငံ၏ အခြေခံ ဌာနဖြစ်ပေသည်။

အလောင်းစည်သူမင်းသည် သက္ကရာဇ် ၄၅၇ ခုနှစ်၊ တပေါင်းလ ဆန်း ၁၄ ရက်နေ့တွင် တောင်တော် ကြီးပေါ် သိမ်တော်ကြီးအနီးတွင် အဝန်းသံတောင် ၄ဝ၊ ဥာဏ်တော် အမြင့်သံတောင် ၂၅ တောင်၊ စေတီ တစ်ဆူ တည်ထားကာ မင်းကြီး၏ ဖောင်တော်ဦး တည်ရာဌာနဖြစ်ရာ ‘ဖောင်တော်ဦးစေတီ’ဟူ၍ ဘွဲ့အ မည် ဆက်ကပ်တော်မူသည်။ သက္က ရာဇ် ၄၇၅ ခုနှစ်၊ တပေါင်းလပြည့် ကျော် ၆ ရက်နေ့တွင် နေပတ်လည် ဝိုင်းရံလျက်ရှိသော ကျောက်ဆောင် တစ်ခု ပေါ်တွင် မြတ်စွာဘုရား၏ သရီရဓာတ်တော်အချို့နှင့် မဟာ သင်္ကန်းနတ်သားတို့ကို ဌာပနာ၍ ဖောင်တော်ဦးစေတီတော်နှင့် တူညီ စွာ ဥာဏ်တော် အမြင့်သံတောင် ၂၅ တောင်၊ လုံးပတ်သံတောင် ၄ဝ ရှိ စေတီတော်ကို တည်ထားကိုးကွယ် သည်။ မင်းကြီး၏ ဖောင်တော် ဆိုက် ကပ်ရာဆိပ်တွင် တည်ရှိနေသဖြင့် ‘ဖောင်တော်ဆိပ်စေတီ’ဟူ၍ ဘွဲ့အ မည် ဆက်ကပ်တော်မူသည်။ ယခုအ ခါတွင် ဤစေတီတော်ကို ဖောင်တော် ဦးစေတီဟူ၍ အမှတ်မှား၊ မှတ်ထင် ခေါ်ဝေါ်နေကြသည်။ ဖောင်တော်ဦး စေတီအမည်မှာ တောင်တော်ကြီး ပေါ်မှာ သိပ်တော်ကြီးဘေးတွင် ထုံး သင်္ကန်းဖြူဖြင့် ကိန်းဝပ်တော်မူလျက် ရှိသော စေတီဖြစ်သည်။

နဂါမင်းဇေယျသေန တည်ထား သော မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီသည် (၁) ညအ ခါ စေတီတော်အား တစ်ယောက် တည်း အဓိဋ္ဌာန်၍ ၇ ပတ် ရစ်ပတ် ပါက ရွှေသံငွေသံ ကြားရခြင်း၊ (၂) ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် များ အမြောက်မိုး၊ စက်သေနတ်မိုး၊ ဗုံးမိုး ရွာသော်လည်း ကျည်ဆန်တစ် ခုမှ မခခြင်း၊ (၃) လပြည့်လကွယ် ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း၊ (၄) တောင်ကုန်းနှင့် ပရဝုဏ်တွင် ရာသီပန်းတို့မပြတ် ပွင့်ခြင်း၊ (၅) ည ချမ်းအခါတွင် စေတီကုန်းတော်၌ အမွှေးရနံ့လှိုင်ခြင်း၊ (၆) ခေါင်း လောင်းများ မတီးဘဲ မြည်တတ်ခြင်း၊ (၇) ယခုထက်တိုင် ရံဖန်ရံခါ ဆွမ်း များဦးအောင် မတင်နိုင်ခြင်း၊ (၈) နှစ်စဉ်နှစ်တိုင် ဘုရားပွဲတော်ဖြစ် သော်လည်း ခိုက်ရန်ဖြစ်ပွားသော ဘေးအန္တရာယ်မရှိခြင်း၊ (၉) နတ် ကျားနဂါးတို့ ဘုရားဖူးလာသော် လည်း လူတို့ကို ဒုက္ခမပေးခြင်း၊ (၁ဝ) လပြည့်လကွယ်တွင် စေတီကုန်းတော် မှ အရုဏ်ဦးတွင် မောင်းသံ၊ ဗုံသံစ သည့် တူရိယာအမျိုးမျိုးတို့၏ အသံ ကို ကြားရတတ်ခြင်း၊ (၁၁) ဘေးအ န္တရာယ်ကျရောက်ပါက စေတီတော် ကြီးအား အာရုံပြု ဆုတောင်းပါက ဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ (၁၂) တပေါင်းလပွဲတော်ကြီး ပြီးခါ နီးတိုင်း ကျီးအုပ်ကြီးများ၊ အမျိုးအ မည်မသိ ငှက်အုပ်ကြီးများ တောင် တော်နှင့် စေတီတော်အား ပျံဝဲကြ ခြင်း၊ (၁၃) ဘုရားပွဲတော်ကြီးတွင် လူသိန်းသန်းချီ၍ လာရောက်သော် လည်း သောက်ရေကန်မှ ရေများ မလျော့ခြင်း၊ (၁၄) ဘုရားပွဲတော် တွင် လူအပေါင်း သိန်းသန်းချီ ရောက်သော်လည်း တောင်တော်တွင် လူပြည့်သည်ဟုမရှိခြင်း၊ (၁၆) ယုံ ကြည်စွာဖြင့် စေတီတော်၏ ရင်ပြင် တွင် သစ္စာအဓိဋ္ဌာန်ပြု၍ ပုတီးစိပ်ပါ က ရင်ပြင်တော်မှ မြည်ဟည်းသံ ကြားရတတ်ခြင်း၊ (၁၄) နှစ်စဉ်တ ပေါင်းလတိုင်း အကြောင်းတစ်စုံတစ် ခုကြောင့် ဘုရားပွဲတော် ကျင်းပနိုင် ခြင်းမရှိပါက တောင်တော်မြည်ဟည်း ခြင်း၊ (၁၈) စေတီတော်ကို အဝေးမှ မြင်ရလျှင်သော်လည်းကောင်း၊ စေတီတော်ပရိဝုဏ်သို့ ကြည်ညိုစိတ် နှင့် ရောက်မိသည်နှင့်လည်းကောင်း ဖူးမြှော်ဦးတိုက်လျှင်သော်လည်း ကောင်း၊ ကာယသုခ၊ စိတ္တသုခနှစ်ပါး ချမ်းမြေ့ရခြင်းတည်းဟူသော အံ့ဖွယ် ၁၈ ပါးနှင့် ပြည့်စုံသော စေတီတော် မြတ်ဖြစ်ပေသည်။

သို့ကြောင့်လည်း နှစ်စဉ်ဘုရား ပွဲတော်ကာလတွင် မြန်မာပြည်အရပ် ရပ်မှ ဗုဒ္ဓဘာသာဝင် သဒ္ဓါကြည်လင် ပါရမီရှင် ဘုရားဖူးများနှင့် ကြက်ပျံ မကျ စည်ကားလျက် ရှိပေသည်။

မြတ်မင်းလှိုင်

မှီငြမ်း –
ပုသိမ်မြို့ သဒ္ဓမ္မ သီတဂူတောရ တိုက် နာယက ကမ္မဌာနစရိယဆရာတော် အရှင် အာစိက္ခကတည်းဖြတ်၍ တိုင်းသာသနာပြု အရာရှိ ဦးမြင့်ဆွေ ရေးသားသည့် ဆံတော် ရှင်မြတ်မော်တင်စေတီတော်သမိုင်း။


LEAVE A REPLY

Please enter your comment!
Please enter your name here