ဟိုသူငယ်ချင်းဆာ ဒီသူငယ်ချင်းဆာ…

0
203

…ဟိုသူငယ်ချင်းဆာ၊ ဒီ သူငယ်ချင်းဆာဟာ နာ မကျန်းသူ တစ်ယောက်ရဲ့ ‘နာမကျန်း စဉ်အတွေးများ’ဖြစ်ပါတယ်။

အဲဒီလို၊ သွေးပေါင်ချိန်တက်ပြီး၊ ရောဂါသည်းနေစဉ်ကာလတစ်ခုလုံး၊ ကျွန်တော်ဟာ ချစ်တဲ့သူတွေ အများ ကြီးကို သတိရနေပါတယ်။ အဲဒီသတိ ရသူတွေထဲက တစ်ယောက်ကို ပြော ရမယ်ဆိုရင် မဝင့် (မြစ်ငယ်)ကို စပြောချင်ပါတယ်။ ကျွန်တော်က အ သက် ၇၅ နှစ်အဝင်မှာ ကျန်းမာရေး က သိသိသာသာ ကျဆင်းလာတယ်။ ကျွန်တော့်ဘဝကို ဝါးပက်လက်ကု လားထိုင်ပေါ် ‘ချ’ထားရတာ အတော် ကြာပြီ။ အေးလေ ကျွန်တော့်ကိုယ် ကျွန်တော် ဝါးပက်လက်ကုလားထိုင် ပေါ် ‘တင်’ထားပေမယ့် စိတ်ကတော့ ဝါးပက်လက်ကုလားထိုင်ပေါ် တက် မနေပါဘူး။ တစ်ခါတလေ ကိုယ့်နှမ ရှိရာ မဝင့်ဆီရောက်လို့ရောက် မင်း သစ်ဆီ သွားလို့သွားနဲ့၊ ငြိမ်တယ်မရှိ။ တစ်ခါတလေကျတော့ သိုက်ထွန်း သက်လို ဆိုက်ကြီးတဗြဲဗြဲနဲ့ ဟိုသွား ဒီသွား အကုန်သွားရချင်ပါတယ်။ ဒါ ပေမဲ့ ကျွန်တော်ပက်လက်ကုလား ထိုင်ပေါ်မှာပဲ။ ထိုင်ရာမထ ခရီးသွား နေတာလေ။ အဲ ‘ထိုင်ရာမထ ခရီး သွား’ဆိုလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းပါ။ ကျွန်တော့် ဝတ္တုထဲက အပိုဒ်လေး တစ်ပိုဒ်သွား သတိရတယ် ခင်ဗျ။ ဝတÄုနာမည်က ‘ဟိုဟိုဒီဒီ’လို့ ပေးထားပြီး ရေးတဲ့ အကြောင်းအရာက အသက် ၇၅ နှစ်အရောက်မှာ ကိုယ့်စာပေ ဘဝကို ပြန်သုံးသပ်တဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာပါ။ လုံးဝလွတ်လွတ် လပ်လပ်ပုံစံနဲ့ပေါ့။

မြည်းကြည့်ပါဦး …ဒီလို

(၁) မြေပုံစာရွက်ရှာပါ …(ရပြီ)
(၂) လမ်းညွှန်အိမ်မြှောင်တစ်ခုရှာ ပါ …(ရပြီ)
(၃) ရှေးဦးသူနာပြုသေတ္တာရှာပါ …(ရပြီ)
(၄) ရိက္ခာခြောက်ကို ကျောပိုးအိတ် ထဲထည့်ပါ …(ထည့်ပြီးပြီ)
(၅) ထည့်ပြီးရင် …ထိုင်ချလိုက်ပါ …(ထိုင်ပြီးပြီ)
(၆) မြေပုံ၊ အိမ်မြှောင်နဲ့ ဆေးသေတ္တာ ပြန်စစ်ဆေးပါ …(စစ်ဆေးပြီးပါပြီ)
(၇) ပြည့်စုံပါက ထိုင်ရာမထ-ခရီး သွားလို့ရပါပြီ …

ဒီလိုနဲ့ မဝင့်ဆီကို ကျွန်တော် ထိုင်ရာမထခရီးသွားဖို့ ကြိုးစားတော့ တာပဲ။

”ဟဲလို ..မဝင့် ငါပါ”

”ဟ …အစ်ကိုကြီးလား၊ ဘာ ကိစ္စရှိလို့လဲ …”

”ဘာကိစ္စမှမရှိပါဘူး၊ ဆာလို့ပါ …”

တစ်သက်နဲ့ တစ်ကိုယ် တစ်ခါ မှလည်း၊ ဖုန်းမဆက်ဖူးဘူး။ ဆက် တော့လည်း ဘာအကြောင်းမှ မရှိ ဘူးဆိုတော့ အတော်အူကြောင် ကြောင်နိုင်တဲ့ကိစ္စကိုး မတတ်နိုင်ဘူး။ အမှန်တော့ ဆာတာ။ ဘယ်လိုနား လည်အောင် ပြောရမှန်းမသိဘူး။ မဝင့်က ပြန်ပြောတယ်။

”အစ်ကိုကြီးမလာနဲ့ဦး၊ ကိုဇေ ယျတု အတော်နေမကောင်းဖြစ်နေ တာ၊ အဲဒါသူ့ကို ပြုစုနေတယ်”

ကျွန်တော်ဟောဗျာလို့ ဖြစ်သွား တယ်။ မဝင့်ရဲ့ခင်ပွန်းဖြစ်သူ ကျွန် တော့်ညီ ဇေယျတုက အတော်နေမ ကောင်းဖြစ်နေတယ်ဆိုပါလား။ ဒါနဲ့ ကျွန်တော်လည်း နောက်မှလာလည် မယ်ဟာပြောပြီး ဖုန်းချလိုက်တယ်။ ကျွန်တော်လည်း သူခင်ပွန်းနေမ ကောင်းတာ သာမန်လောက်ပဲ အောက်မေ့ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဖုန်းဆက်ပြီး မကြာခင်မှာ မဝင့်က သူ့ခင်ပွန်းကိုဇေယျတု ကွယ် လွန်ကြောင်း လိုင်းပေါ်တင်လိုက် တော့မှ ကျွန်တော်ကြေကွဲ၊ လူမမာ လည်း မမေးလိုက်ရ၊ နာရေးလည်း မပို့နိုင်၊ ကျွန်တော့်နှမကြီးအတွက် မျက်ရည်လည်ရုံပဲ ကျွန်တော်တတ် နိုင်ခဲ့တယ်။

နာမကျန်းသူရဲ့စကားကို ကိုဇေ ယျတုကြားပါစေ ….

ကိုငြိမ်း (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here