ပုဂံမြို့ မှ အဓိဌာန်အောင် ပြည့်ငါးပြည့်ဘုရားများ

0
603


ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသည် ဖူးမျှော်လေ့လာရန် ဘုရားပုထိုးစေတီများ အလွန်များ ပြားလှလေသည်။ ဘုရားဖူးဧည့်သည် အများအနေဖြင့် ဧည့်လမ်းညွှန်တို့ စီစဉ်ပို့ဆောင်သည့် စွယ်တော် လေးဆူဖြစ်သည့် တန့်ကြည်တောင်၊ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင် တောင် ဘုရားများ၊ အာနန္ဒာ၊ အလို တော်ပြည့်၊ သဗ္ဗညုစသည့် ဘုရား ပုထိုးများသို့ သာရောက်ရှိ ဖူးမျှော် ကြသည်က များပေသည်။ ထိုဘုရား ပုထိုးစေတီများထဲတွင် အဓိဌာန် ပြုဆုတောင်း အောင်မြင်ပြီး အကျိုး ထူးခံစားရသူများကြောင့် တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ပြည့်ငါးပြည့် ဘုရား ငါးဆူအား တကူးတကလာ ရောက် ဖူးမျှော်ကြသူများ များပြား လာကြောင်း သိရလေသည်။

အဆိုပါပြည့်ငါးပြည့်ဘုရားများ သည် အနော်ရထာမင်းမြတ်ကိုးကွယ် ဆုတောင်းခဲ့သည့် ဘုရားများဖြစ်ပြီး ယခုအခါတွင် ပုဂံရှိ ဘုရားပုထိုးစေတီ များတွင် ပြောင်းရွှေ့သီတင်းသုံးနေ ခြင်းဖြစ်ကြောင်း သိရသည်။ ပြည့်ငါး ပြည့်ဘုရားများမှာ ဆင်းတုတော်များ ဖြစ်၍ ဒေသခံဧည့်လမ်းညွှန်များနှင့် မေးမြန်းစုံစမ်းပြီးမှ ဖူးမျှော်သင့် သည်။ ပြည့်ငါးပြည့်ဘုရားများ ကိန်း ဝပ်စံပယ်ရာ စေတီပုထိုးများတွင် အခြားသော ရုပ်ပွားဆင်းတုများ လည်း ရှိသော ကြောင့်ပင်ဖြစ်သည်။

ပြည့်ငါးပြည့်ဘုရားများအား ဝါ စဉ်အလိုက်ဖူးမျှော်ပါက ပို၍အကျိုး ထူးသည်ဟု ဆိုကြသည်။ ထို့ကြောင့် ပုဂံရောက်ပါက ရွှေဆံတော်ဘုရားရင် ပြင်အရှေ့ဘက်ရှိ ဆင်းတုတော်ကို ဦးစွာဖူးမျှော်ရမည်ဖြစ်သည်။ ရွှေစံ တော် ဘုရားသည် ညောင်ဦးမြို့မှ လာလျှင် အနော်ရထာမင်းကြီး၏ ဝဲဘက်တွင်ရှိပြီး ပုဂံမြို့သစ်ဘက်မှ လာလျှင် အနော်ရထာမင်းကြီး၏ လက်ယာဘက်တွင်တည်ရှိသည်။ ပထမဦးစွာ ရွှေဆံတော်ဘုရားရှိ ဆင်း တုတော်အား ဖူးမျှော်ပြီးပါက ဒုတိယ အဖြစ် လောကနန္ဒာဘုရား အရှေ့ မြောက်ထောင့် တန်ဆောင်း အတွင်းရှိ ရုပ်ပွားတော်အား ဖူး မျှော်ရမည်ဖြစ်ပေသည်။ လောက နန္ဒာဘုရားသည် ပုဂံ-ချောက်ကား လက်ယာဘက် ဧရာဝတီမြစ်ကမ်း နဘေးတွင်ရှိသည်။

လောကနန္ဒာဘုရားအား ဖူး မျှော်ကြည်ညိုပြီးပါက တတိယအဆူ ဖြစ်သော ပုဂံမြို့သစ်အရှေ့မြောက် ဘက်ရှိ တာမဏီကျောင်းတိုက်အနီး တာမဏီသိမ်အတွင်းတွင်ရှိသော ရုပ် ပွားတော်ကို ဖူးရပါမည်။ တာမဏီ ဘုရားသည် ပုဂံမြို့သစ် အင်ကြင်းဟို တယ်မြောက်ဘက်တောလမ်းအတွင်း ၌ တည်ရှိပါသည်။ လောကနန္ဒာ ဘုရားမှ တာမဏီဘုရားသို့ ကားဖြင့် ငါးမိနစ်ခန့်သာ သွားရပါသည်။စတုတ္တဖူးမျှော်ရန်သွားရမည့် ဘုရား မှာ တစ်နေရာတည်းတွင် နှစ်ဆူရှိ သော ဓမ္မရာဇတဘုရားဖြစ်ပါသည်။ ဓမ္မရာဇတဘုရား၏ အရှေ့ဘက် အရန်ဂူတွင် တစ်ဆူ၊ တောင်ဘက် အရန်ဂူတွင် တစ်ဆူ တည်ရှိပါသည်။ ဓမ္မရာဇတဘုရားသည် ပုဂံမြို့သစ် ဘက်မှလာလျှင် လမ်း၏ လက်ဝဲဘက် တွင်တည်ရှိပြီး တာမဏီဘုရားမှ ဓမ္မ ရာဇတဘုရားသို့ ကားဖြင့် ၁ဝ မိနစ် ခန့်သာသွားရလေသည်။ သို့ပါ၍ ပုဂံ သို့ရောက်ပါက စွယ်တော်လေးဆူ ဖူး မျှော်ခြင်းကဲ့သို့ပင် အဓိဌာန်အောင် ဆုတောင်းပြည့်သည့် ပြည့်ငါးပြည့် ဆင်းတုတော်ငါးဆူကိုလည်း ဖူးမျှော် ကြည်ညိုပြီး ဆုတောင်းအဓိဌာန်ပြည့် ရန် နှိုးဆော်အပ်ပါသည်။

နိုင်ထွန်း – TGI


LEAVE A REPLY

Please enter your comment!
Please enter your name here