အကယ်ဒမီရင်ခုန်သံကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောပြလိုက်တဲ့နေမင်း

0
144


အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ ဒုတိယအဆင့် ၂၅ ကား စာရင်းထဲမှာ နေမင်းပါဝင် သရုပ်ဆောင်ထားတဲ့ ပြည်ထောင်စု သစ္စာဇာတ်ကား နဲ့ ရန်သူရုပ်ရှင်ဇာတ်ကားနှစ်ကား ပါဝင်ပါတယ်။ ”မရဖို့က ကျိန်းသေပါတယ်။ ရန်သူဇာတ်ကားမှာက ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် ဦးမီးပွားကို ရစေချင်တယ်။ အသက် ၆ဝ ကျော် အရွယ်ကြီးက ဒီလိုအချစ်ကားကို ရိုက်ထားတယ်ဆိုတာရယ် သူ ဘယ်လောက် ကြိုးစားထားလဲ ဆိုတာ ကျွန်တော်လည်း သိတော့ သူ့ကိုရစေချင်တယ်။ ပြီးတော့ ဝတ်မှုံရွှေရည်က လည်း အဲဒီကားမှာ တအားပြောင်းလဲထားတယ်။ အဲဒါ မျိုးကိုရစေချင်တယ်။ ပြည်ထောင်စုသစ္စာမှာ ဆိုရင်လည်း ကို ထူးခန့်ကျော်နဲ့ ကိုမိုးဇက်နဲ့ကို ရစေချင်တယ်”လို့ သူ အကယ်ဒမီရစေချင်တဲ့သူတွေနဲ့ ပတ်သက်လို့ နေမင်း က ပြောပြခဲ့ပါတယ်။ နေမင်းက သူ့အနေနဲ့ ကတော့ ပြည်ထောင်စုသစ္စာ ရုပ်ရှင် ကားထဲမှာ ဗိုလ်ကြီး မိုးဇော်အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး ဒီဇာတ် ရုပ်နဲ့ ပတ်သက်လို့ သူအားရ ကျေနပ်မှုရှိခဲ့တယ်လို့ ပြောပါ တယ်။

”အဲဒီ့ဇာတ်ကောင်က ကျွန်တော့်ကိုလည်း အသက် ပြန်ရှင်စေတယ်။ ပရိသတ်တွေ ကလည်း ဗိုလ်ကြီးမိုးဇော် ဆိုပြီး ပြောပြောနေကြတော့ လေ။ သို့ပေမယ့်လည်း ကံကံ၏အကျိုးပေါ့လေ။ ရန်သူကတော့ လူငယ်ကာ ရိုက်တာပေါ့။ တကယ် ပွင့် ပွင့်လင်းလင်းပြောရရင် ပြည်ထောင် စုသစ္စာမှာကျ တော့ ကာရိုက်တာကို အပြည့် အိုက်တင်ကိုနှစ်ပြီး လုပ်ခွင့်ရတဲ့ အတွက် ကျေကျေနပ်နပ်လုပ် လိုက်ရတယ်။ ရန်သူကကျတော့ တအားအန္တရာယ်များတယ်။ အိုက် တင်ကို ထိန်းရတယ်။ မှားလားမှန်လား လည်း မသိဘူး။ သူတို့နှစ်ယောက် ကြားမှာ လိုက်ပြီး အိုက်တင်လုပ်ရတာ ဆိုတော့ လေ။ ရန်သူအိုက်တင်ကို လုပ်ရတာ ပိုခက်တယ်။ ဒါပေမဲ့ မုန်းစွဲတို့ မီတို့ အဲဒီလိုကားမျိုးတွေနဲ့ ဆိုရင်တော့ ကျွန်တော့်ဇာတ်ကောင်လေးက သေး သေးလေးဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်ရဖို့မလွယ်ဘူး” လို့ ဇာတ်ကား နှစ်ကားမှာ သူသရုပ်ဆောင်ခဲ့ရတဲ့ အိုက်တင်တွေနဲ့ပတ်သက်လို့ နေမင်းက ပြောပါတယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ – အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here