အွန်ဆိုင်းဆိုတာ နာမည်ကြီး မော်ဒယ်တစ်ယောက်အဖြစ် ပရိ သတ်တွေက အသိအမှတ်ပြုထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အလျောက် Body Structure ကိုလည်း အကောင်း ဆုံးထိန်းသိမ်းထား နိုင်ပြီး အွန်ဆိုင်း ရဲ့ Body Structure ကို အားကျ နေကြတဲ့ မိန်းကလေးတွေလည်း အများကြီးရှိကြပါတယ်။ ခန္ဓာကိုယ် ထိန်းသိမ်းဖြစ်တာနဲ့ ပတ်သက်ပြီး အွန်ဆိုင်းကို မေးမြန်းကြည့်တဲ့အခါ…
”အွန်ဆိုင်းက တအားကို အစားကြီး တဲ့သူတစ်ယောက်။ အွန်ဆိုင်း စားရ တာကို ကြိုက်တယ်။ ခရီးသွားရင်လည်း စားတယ်။ အိမ်မှာ နေရင် လည်းစားတယ်။ အမြဲတမ်းလိုလို အစားအသောက်ကို စားဖြစ်တယ်။ ဒါပေမဲ့ အွန်ဆိုင်း ကိုယ့်ကိုယ်ကိုယ် Fit ဖြစ်အောင်တော့ Gym မှာ ပြန်ပြန်ဆော့တယ်။ အားကစားလည်း လုပ်ဖြစ်တယ်။ Gym တော့ အမြဲ တမ်းလိုလို ဆော့ဖြစ်တယ်။ မဟုတ်ရင် အွန်ဆိုင်း ဖက်တီးမကြီး ဖြစ်လာ လောက်ပြီ။ တအားစားတာဆိုတော့။ပြီးတော့ အွန်ဆိုင်းအားကစားလုပ်ပြီး တော့လည်း ခန္ဓာကိုယ်ကိုရော၊ အသား အရေကိုရော ထိန်းသိမ်းဖြစ်တယ်။ အားကစားလုပ်ရင် ချွေးပုပ်တွေက ထွက်သွားပြီး အသားအရေက ကြည်ပြီး လှလာတယ်”လို့ ပြောပြပါတယ်။ ဆေးသောက်ပြီး ပိန်အောင်လုပ်တဲ့ သူတွေကို အားမပေးဘူးဆိုတာကို လည်း အွန်ဆိုင်းက ”ဆေးသောက်ပြီး ဝိတ်ချတာတို့၊ ပိန်တာတို့ကို အား မပေးဘူး။ ဆေးသောက်ပြီး ပိန် အောင်လုပ်တာက ဆိုးကျိုးက ပိုများ တယ်။ တကယ်လို့ဆေးသောက်မယ်ဆိုရင်လည်း ဆေးအညွှန်းကို သေ သေချာချာဖတ်ပါ။ Side Effect က ဘာတွေရှိလဲ။ ပါဝင်ပစ္စည်းတွေက ဘာတွေပါလဲ သေသေချာချာလေ့လာ ပါ။ သူများပိန်တယ်ဆိုတိုင်း လိုက်မသောက်ပါနဲ့။ အားကစားလုပ်ပြီး ပိန်တာကို ပိုအားပေးတယ်။ ပိန်တယ်၊ ဝတယ်ဆိုတာထက် ကိုယ့် ကိုယ်ကိုယ် ကျန်းမာနေဖို့ လိုတယ်။ ကျန်းမာအောင် ကိုယ်လက်လှုပ်ရှား မှု တစ်ခုခုကိုလုပ်ပါ”လို့ အွန်ဆိုင်းက ပြောပြခဲ့ပါသေးတယ်။
အမြဲတမ်းStyle ကျအောင်နေဖြစ်တဲ့ အ ကြောင်းကိုလည်း အွန်ဆိုင်းက…
”အွန်ဆိုင်းက Style တစ်ခုရှိဖို့ကို အဓိက ထားတယ်။ Trend တစ်ခုက ပြောင်း လဲတာ အရမ်းမြန်တယ်။ အမြဲတမ်း ပြောင်းဖြစ်နေတဲ့ Trend နောက်ကို အမီမလိုက်နိုင်ဘူး။ ကိုယ်ဝတ်တဲ့ အ ဝတ်အစားတစ်ခုခုက ဘယ်သူမဆို လိုက်ဝတ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝတ်တဲ့အချိန်မှာ Style တစ်ခု ထွက်နေဖို့ အရေးကြီးတယ်။ အွန်ဆိုင်းက တော့ကိုယ့်ရဲ့ ကိုယ်ပိုင် Style တစ်ခု ရှိဖို့ကို ပိုဦးစားပေးတယ်”လို့ ပြော ပြခဲ့ပါတယ်။
လက်ရှိမော်ဒယ်အလုပ်ကိုပဲ ပိုလုပ်ဖြစ်မယ်ဆိုတာကိုလည်း ”အွန်ဆိုင်း၊ ဇာတ်ကားရိုက်တာတို့၊ သီချင်းဆိုတာတို့ကလွဲရင် ကျန်တဲ့ အနုပညာအလုပ် တော်တော်များ များ လုပ်ဖြစ်တယ်။ ဇာတ်ကားတော့ တစ်ကားရိုက်ဖူးတယ်။ ဒါပေမဲ့ အွန်ဆိုင်းက တကယ်တမ်း ရူးသွပ်ပြီး ဝါ သနာပါတာက မော်ဒယ်နဲ့ပတ်သက်တဲ့အလုပ်။ အွန်ဆိုင်းက လက်ရှိမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေ ရတာကို ပိုသဘောကျတယ်”လို့ အွန်ဆိုင်းက ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ- မင်းမင်းထွန်း