ဆေးသောက်ပြီးဝိတ်ချတာကို အားမပေးပါဘူး

0
131


အွန်​ဆိုင်းဆိုတာ နာမည်​ကြီး မော်​ဒယ်​တစ်​ယောက်​အဖြစ်​ ပရိ သတ်​တွေက အသိအမှတ်​ပြုထားတဲ့ သူတစ်​ဦးဖြစ်​ပါတယ်​။ မော်​ဒယ်​တစ်​ယောက်​ဖြစ်​တဲ့အလျောက်​ Body Structure ကိုလည်း အကောင်း ဆုံးထိန်းသိမ်းထား နိုင်​ပြီး အွန်​ဆိုင်း ရဲ့ Body Structure ကို အားကျ နေကြတဲ့ မိန်းကလေးတွေလည်း အများကြီးရှိကြပါတယ်​။ ခန္ဓာကိုယ်​ ထိန်းသိမ်းဖြစ်​တာနဲ့ ပတ်​သက်​ပြီး အွန်​ဆိုင်းကို မေးမြန်းကြည့်​တဲ့အခါ…

”အွန်​ဆိုင်းက တအားကို အစားကြီး တဲ့သူတစ်​ယောက်​။ အွန်​ဆိုင်း စားရ တာကို ကြိုက်​တယ်​။ ခရီးသွားရင်​လည်း စားတယ်​။ အိမ်​မှာ နေရင် လည်းစားတယ်​။ အမြဲတမ်းလိုလို အစားအသောက်​ကို စားဖြစ်​တယ်​။ ဒါပေမဲ့ အွန်​ဆိုင်း ကိုယ့်​ကိုယ်​ကိုယ်​ Fit ဖြစ်အောင်​တော့ Gym မှာ ပြန်​ပြန်​ဆော့တယ်​။ အားကစားလည်း လုပ်​ဖြစ်​တယ်​။ Gym တော့ အမြဲ တမ်းလိုလို ဆော့ဖြစ်​တယ်​။ မဟုတ်​ရင်​ အွန်​ဆိုင်း ဖက်​တီးမကြီး ဖြစ်​လာ လောက်​ပြီ။ တအားစားတာဆိုတော့။ပြီးတော့ အွန်​ဆိုင်းအားကစားလုပ်​ပြီး တော့လည်း ခန္ဓာကိုယ်​ကိုရော၊ အသား အရေကိုရော ထိန်းသိမ်းဖြစ်​တယ်​။ အားကစားလုပ်​ရင်​ ချွေးပုပ်​တွေက ထွက်​သွားပြီး အသားအရေက ကြည်​ပြီး လှလာတယ်​”လို့ ပြောပြပါတယ်။ ဆေးသောက်​ပြီး ပိန်​အောင်​လုပ်​တဲ့ သူတွေကို အားမပေးဘူးဆိုတာကို လည်း အွန်​ဆိုင်းက ”ဆေးသောက်​ပြီး ဝိတ်​ချတာတို့၊ ပိန်​တာတို့ကို အား မပေးဘူး။ ဆေးသောက်​ပြီး ပိန် အောင်​လုပ်​တာက ဆိုးကျိုးက ပိုများ တယ်​။ တကယ်​လို့ဆေးသောက်​မယ်​ဆိုရင်​လည်း ဆေးအညွှန်းကို သေ သေချာချာဖတ်​ပါ။ Side Effect က ဘာတွေရှိလဲ။ ပါဝင်​ပစ္စည်းတွေက ဘာတွေပါလဲ သေသေချာချာလေ့လာ ပါ။ သူများပိန်​တယ်​ဆိုတိုင်း လိုက်​မသောက်​ပါနဲ့။ အားကစားလုပ်​ပြီး ပိန်​တာကို ပိုအားပေးတယ်​။ ပိန်​တယ်​၊ ဝတယ်​ဆိုတာထက်​ ကိုယ့်​ ကိုယ်​ကိုယ်​ ကျန်းမာနေဖို့ လိုတယ်။ ကျန်းမာအောင်​ ကိုယ်​လက်​လှုပ်​ရှား မှု တစ်​ခုခုကိုလုပ်​ပါ”လို့ အွန်​ဆိုင်းက ပြောပြခဲ့ပါသေးတယ်​။

အမြဲတမ်းStyle ကျအောင်​နေဖြစ်​တဲ့ အ ကြောင်းကိုလည်း အွန်​ဆိုင်းက…

”အွန်​ဆိုင်းက Style တစ်​ခုရှိဖို့ကို အဓိက ထားတယ်​။ Trend တစ်​ခုက ပြောင်း လဲတာ အရမ်းမြန်​တယ်​။ အမြဲတမ်း ပြောင်းဖြစ်​နေတဲ့ Trend နောက်​ကို အမီမလိုက်​နိုင်​ဘူး။ ကိုယ်​ဝတ်​တဲ့ အ ဝတ်​အစားတစ်​ခုခုက ဘယ်​သူမဆို လိုက်​ဝတ်​နိုင်​တယ်​။ ဒါပေမဲ့ ကိုယ်​ဝတ်​တဲ့အချိန်​မှာ Style တစ်​ခု ထွက်​နေဖို့ အရေးကြီးတယ်​။ အွန်​ဆိုင်းက တော့ကိုယ့်​ရဲ့ ကိုယ်​ပိုင်​ Style တစ်ခု ရှိဖို့ကို ပိုဦးစားပေးတယ်​”လို့ ပြော ပြခဲ့ပါတယ်​။

လက်ရှိမော်​ဒယ်​အလုပ်​ကိုပဲ ပိုလုပ်​ဖြစ်​မယ်​ဆိုတာကိုလည်း ”အွန်​ဆိုင်း၊ ဇာတ်​ကားရိုက်​တာတို့၊ သီချင်းဆိုတာတို့ကလွဲရင်​ ကျန်​တဲ့ အနုပညာအလုပ်​ တော်တော်​များ များ လုပ်​ဖြစ်​တယ်​။ ဇာတ်​ကားတော့ တစ်​ကားရိုက်​ဖူးတယ်​။ ဒါပေမဲ့ အွန်​ဆိုင်းက တကယ်​တမ်း ရူးသွပ်​ပြီး ဝါ သနာပါတာက မော်​ဒယ်​နဲ့ပတ်​သက်​တဲ့အလုပ်​။ အွန်​ဆိုင်းက လက်​ရှိမှာ ကိုယ်​လုပ်​ချင်​တဲ့ အလုပ်​ကို လုပ်​နေ ရတာကို ပိုသဘောကျတယ်​”လို့ အွန်​ဆိုင်းက ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း

ဓာတ်​ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here