နာမည်ကြီး မော်ဒယ်လေးယောက်နဲ့ သင်္ကြန်သီချင်းအသစ်တစ်ပုဒ် ဖန်တီးနေတဲ့ ပိုပို

0
261

ဂီတနဲ့ပတ်သတ်ရင် အမြဲတမ်း ပရိသတ်တွေအတွက် သီချင်းအသစ်၊ အသစ်တွေဖန်တီးပေးနေတဲ့ အနုပညာရှင်ကတော့ ပိုပိုပါ။ မကြာတော့တဲ့ရက်တွေမှာလည်း ပရိသတ်များ အားလုံးစောင့်မျှော်နေတဲ့ သင်္ကြန်အချိန်အခါကြီးက ကျရောက်တော့မှာဖြစ်ပါတယ်။ သင်္ကြန်သီချင်းအသစ်တွေ အမြဲတမ်းဖန်တီးတတ်သော ပိုပိုက ဒီနှစ်မှာလည်း သင်္ကြန်သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေလက်ထဲအရောက်ပို့ပေးတော့မှာပါ။ သင်္ကြန်သီချင်းအသစ်တစ်ပုဒ်ဖန်တီးဖြစ်နေတဲ့အကြောင်းကို ပိုပိုက…

“ပိုပို ဒီနှစ်မှာ ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်ဆိုတဲ့သင်္ကြန်သီချင်းသစ်လေးကို ပရိသတ်တွေ လက်ထဲအရောက် ပို့ပေးတော့မှာပါ။ ဒီသီချင်းက မတ်လဒုတိယပတ်လောက်အတွင်း ထွက်နိုင်အောင် ပိုပို ကြိုးစားနေတယ်။သီချင်းပုံစံက သင်္ကြန်သီချင်းဆိုတော့ သင်္ကြန်ဒိုး၊ မြန်မာဟန်ပန်နဲ့ EDM ပုံစံအရောလေးဖန်တီးထားတယ်။ သီချင်းကတော့သွင်းပြီးသွားပြီ။ ဟာမိုနီနည်းနည်းလိုက်ဖို့ကျန်တယ်။ MV ရိုက်ဖို့ကျန်တယ်။ MV က နာမည်ကြီးမော်ဒယ်လ် မင်းသားလေးယောက်နဲ့ ရိုက်မှာ ဆိုတော့ သူတို့လေးယောက်လုံးအားမယ့် အချိန်ကို ညှိနေရတယ်။ ပိုပိုက အလုပ်တစ်ခုလုပ်ပြီဆိုရင် Target တစ်ခု ထားတယ်။ ဒါပြီးရင် ဒါလုပ်မယ်၊ဒါပြီးရင် ဒါလုပ်မယ်ဆိုပြီး အမြဲတမ်းတွေးပြီးသား။မတ်လဒုတိယအပတ်လောက် ထွက်နိုင်အောင် ပိုပို ကြိုးစားနေတယ်” လို့ ပြောပြပါတယ်။

“သီချင်းထွက်ဖြစ်ရင် Youtube မှာတင်ဖြစ်မယ်ဆိုတာကိုလည်း ပိုပိုက ဒီသင်္ကြန်သီချင်းကို တစ်ပုဒ်တည်း ထွက်မယ်။ Page မှာတင်မယ်။ ဒါပေမယ့် Page ထက် Youtube မှာ အရင်တင်မယ်။ ပိုပို ရဲ့ Official Youtube ကို Subscribe များချင်တယ်။ ပိုပိုရဲ့သီချင်းလေးထွက်လာရင်လည်း ပရိသတ်တွေ ကြိုက်ကြမှာပါ။ အားပေးကြပါဦး”လို့ ပိုပိုက ပြောပြပါတယ်။

“ပိုပိုက အခုအချိန်မှာ တစ်ယောက်တည်းပါပဲ။ အသည်းကွဲတာလည်း မရှိ။ အသည်းမကွဲတာလည်းမရှိ။ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့အတွက်ကြောင့် အချစ်ရေးနဲ့ ပတ်သတ်ပြီး ပိုပိုဘယ်လိုမှ မခံစားရပါဘူး။ အခုလက်ရှိကတော့ Single ပါပဲ။ Single အဖြစ်ပဲ နေဖြစ်သွားဦးမှာပါ”လို့လည်း သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါ၀င်း
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here