ရုပ်ရှင်လောကကနေ အတန်ငယ်ပျောက်နေရခြင်းအကြောင်းကိုဖွင့် ဟ ခဲ့ တဲ့ ပပဝင်းခင်

0
500

ပပဝင်းခင်ဆိုတာ ရုပ်ရှင်လောကကနေ အတန်ငယ်ပျောက်နေပေမယ့် သူ့ကို ချစ်ကြ တဲ့ပရိသတ်တွေ ရှိသေးတယ်။ အားပေးကြတဲ့ပရိသတ်တွေ ရှိသေးတယ်လေ။ သူ ဘာကြောင့် ပျောက်နေတာလဲဆိုတာကိုတော့ …
“အခုထိ ပပကို ချစ်ခင် အားပေးနေတဲ့ ပရိသတ်အားလုံးကို ပပရင်ထဲကနေ ကျေးဇူးတင်တာပါ။ ပပအနုပညာလှုပ်ရှားမှုတွေ နည်းပေမယ့် ပပဓာတ်ပုံရိုက် တာတို့၊ တခြား ဗီစီဒီရိုက်တာတို့ ကြိုကြားကြိုကြား လုပ်ဖြစ်ပါတယ်။ အဓိကက အလှူတွေလုပ် ဖြစ်တာပေါ့နော်။ မိသားစုနဲ့အတူတူ အလှူတွေလုပ်ဖြစ်တော့သလို တစ်ဖက်မှာလည်း အဖေ အမေစီးပွားရေးကို လုပ်ဖြစ်နေတော့လေ။ ပပရဲ့ အလှူတွေကိုလည်း ပပချစ်တဲ့ပရိသတ်တွေ အမြဲတမ်းရအောင် ပပဆုတောင်းပေးပါတယ်”လို့ ပပဝင်းခင်က ပြောပါတယ်။

အလှူအတန်း အနေနဲ့ကတော့ ပပဝင်းခင်တို့ မိသားစုကိုယ်တိုင်ကိုက ဘာသာရေးနဲ့ အလှူအတန်းလုပ်ရတာ ဝါသနာပါသူမျိုးတွေဆိုတော့ သူကိုယ်တိုင်လည်း ထဲထဲဝင်ဝင်လုပ်ကိုင်ဖြစ်နေတယ်လို့ သိရပါတယ်။ လာမယ့် မတ်လထဲမှာလည်း ပဲခူးမှာ ဘုရား ထီးတော်တင်ဖို့ရှိကြောင်း ပပဝင်းခင် က ပြောပါတယ်။ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်မယ်ဆိုရင် ဘယ်လိုဇာတ်လမ်းမျိုးကို ရိုက်ကူး ချင်လဲ၊ ပပဝင်းခင်ရဲ့ဘဝမှာ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုး၊ ရိုက်ဖူးချင်တဲ့ကာရိုက် တာမျိုးက ဘယ်ကာရိုက်တာမျိုးလဲဆိုတာ မေးဖြစ်တော့ …
“အဓိက က ပပက ပပနဲ့လိုက်ဖက်တဲ့ ဇာတ်မျိုး၊ ပပလည်း အချိန်ပေးနိုင်တယ်ဆို လို့ရှိရင် ပပရိုက်ဖြစ်မှာပါ။ ပပလား၊ နည်းနည်းဗန့်လိုပုံစံမျိုး ခပ်ဆိုးဆိုးဆိုလို့ရှိရင် ပပကို သိပ်မငှား ကြဘူး။ နည်းနည်းရိုးရိုးယဉ်ယဉ် လေးတွေကို ငှားကြတာများတယ်။ ဒါပေမဲ့လည်း ကိုယ်က ပါးပါးလေး ဗန့်လောက်ပဲ လုပ်ဖူးတာပေါ့နော်။ နည်းနည်း ဆိုးဆိုးသွမ်းသွမ်းတွေ မရိုက်ရသေးဘူး။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့ဇာတ်မျိုး ဆိုလို့ရှိရင် အမြဲတမ်းကြိုးစားပြီး သရုပ်ဆောင်နေမှာပါ”လို့ ပပဝင်းခင်က ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ဖြစ်မယ်လို့ဆိုတဲ့ ပပ ဝင်းခင်က သူ့ရဲ့ ဒီဇိုင်နာနဲ့ ပိုးထည်တိုက်တို့ကိုတော့ စီစဉ်ဖြစ် သေးကြောင်းလည်း သိရှိရပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here