နန်းခင်ဇေယျာ အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေစတင်သတိထားကြပြီး အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းရော၊ သီချင်းဆို ပိုင်းကိုပါ လုပ်ကိုင်လာတဲ့ အနုပညာ ရှင်တစ်ယောက်လည်းဖြစ်ပါတယ်။Video ခေတ်ပျက်သွားတဲ့အတွက် ပရိသတ်တွေနဲ့ အနည်းငယ်အလှမ်း ဝေးသွားပြီး Video ဈေးကွက်ကို ပြန်ကောင်းလာစေချင်တဲ့ အကြောင်း ကို အခုလိုပြောပြပါတယ်။
“အရင်တုန်းကဆို နန်းခင်Video ခေတ်ကောင်းတုန်းက ပရိ သတ်နဲ့ တောက်လျှောက် ထိတွေ့မှု ရှိတယ်။ Video ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရ တယ်။ Video ခေတ်ပျက်သွားတဲ့ အချိန်ကျတော့ ပရိသတ်နဲ့ တော် တော်ကို အလှမ်းဝေးသွားတယ်။ ပွဲလေးတွေတက်၊ နယ်တွေမှာ သီ ချင်းဆို၊ ပရိသတ်တွေနဲ့အဆင်မပြတ် အောင် အင်တာဗျူးလေးတွေဖြေ အဲဒီလောက်ပဲရှိတော့တယ်။ ရုပ်ရှင်ကားကြီးတွေဆိုလည်း ရိုက်သာ ရိုက်ထားတာ၊ ရုံမတင်ရတာတွေလည်း ရှိ တယ်။ အရင်တုန်းကဆို ကြော်ငြာ တွေ၊ ဗီဒီယိုတွေ၊ တောက်လျှောက်ရိုက်ရတယ်။ အခုဗီဒီယိုခေတ်ကပျက် နေတဲ့အတွက် သိပ်မရိုက်ရတော့ ဘူး။ Video ဈေးကွက်ပြန်ကောင်း လာဖို့ကိုလည်း နန်းခင်မျှော်လင့်ပါ တယ်”လို့ ပြောပြပါတယ်။
အခုအချိန်ထိလည်း နန်း ခင်ဇေယျာက အိမ်ထောင်မပြုသေး ဘဲ အပျိုကြီး ဖြစ်နေတုန်း ပါပဲ။ အပျိုကြီး ဖြစ်နေ တဲ့ အကြောင်းကို လည်း နန်းခင်ဇေ ယျာက…
“နန်းခင် ဘဝကို ဝင်လာမယ့် သူက နန်းခင်ကို ဒီ ထက်ပိုပြီး နား လည် ပေး ရ မယ်။ ဂရုစိုက်ပေးရမယ်။ ပိုချစ်ပေး ရမယ်။ ဒီလောက်ပါပဲ။ ကျန်တာ ဘာမှ မလိုပါဘူး။ အခုတော့ စဉ်းစား ရင်း၊ စဉ်းစားရင်းနဲ့ အပျိုကြီး ဖြစ်နေပါပြီ။ အခု အပျိုကြီး ဆိုတဲ့ အရွယ်တစ်ခုကို ရောက်နေပါပြီ။ ကိုယ်ကလည်း အနုပညာအလုပ်ကို လုပ်နေတာဆိုတော့ အနုပညာ လုပ်တဲ့ သူကိုနားလည်ပေးတဲ့ သူဆို တာ ရှားတယ်။ နားလည်ပေးဖို့ ခက်ခဲ တယ်လေ။ နန်းခင်ကို နားလည်ပေး ပြီးတော့ နန်းခင်ကို သစ္စာရှိတဲ့ သူကို လိုအပ်ပါတယ်။ အပျိုကြီးဖြစ်မယ်လို့လဲ မြင်ယောင်နေပါတယ်” လို့ ပြောပြခဲ့ပါသေးတယ်။
နန်းခင်ဇေယျာက မျက်နှာခွဲ စိတ်ပြုပြင်မှုတွေကို အနည်းငယ်ပြု လုပ်ခဲ့ပါတယ်။ နောက်ထပ်ခွဲစိတ်ပြု ပြင်မှုတွေ ထပ်လုပ်ဦးမလားလို့ မေး ကြည့်တဲ့အခါမှာ…
“ထပ်ခွဲစိတ်ဖို့ မရှိ တော့ဘူး။ နန်းခင် ဒီလောက်ဆိုရင် ရပြီ။ ဒီထက်ပိုမလှချင်တော့ဘူး။ အခုခွဲစိတ်ပြီးတဲ့အချိန်မှာ နန်းခင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ ရှိ နေတယ်။ အခုလောလောဆယ်က ခွဲစိတ်ပြီး သုံးလဆိုတော့ နေသား တော့ သိပ်မကျသေးဘူး။ မျက်နှာက တောက်လျှောက်ပြောင်းနေတယ်။ နောက်ထပ်သုံးလလောက်နေမှ နန်း ခင်ရဲ့ မျက်နှာက ပုံသေပြန်ဖြစ်မှာ။ ပရိသတ်တွေကတော့ ထင်နေကြ တယ်။ အရင်က မျက်နှာနဲ့ မတူတော့ ဘူးဆိုပြီး။ မျက်နှာခွဲစိတ်ထားတာက သုံးလပဲရှိသေးတာ ဆိုတော့ နည်း နည်းပြောင်းနေလို့ပါ။ နောက်ထပ်သုံးလလောက်နေရင် အရင်မျက်နှာ၊ ချစ်စရာ ကောင်းတဲ့ ပုံစံလေး ပြန်ရမှာပါ” လို့ နန်း ခင် ဇေ ယျာ က ပြော ပြ ခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- ဇော်ဝင်းအောင်