မျက်​နှာခွဲစိတ်​ပြုပြင်​ခဲ့တဲ့နန်းခင်​ဇေယျာ

0
399

နန်းခင်​ဇေယျာ အလှမယ်​တစ်​ယောက်​အနေနဲ့ ပရိသတ်​တွေစတင်​သတိထားကြပြီး အခုနောက်​ပိုင်းမှာ သရုပ်​ဆောင်​ပိုင်းရော၊ သီချင်းဆို ပိုင်းကိုပါ လုပ်​ကိုင်​လာတဲ့ အနုပညာ ရှင်​တစ်​ယောက်​လည်းဖြစ်​ပါတယ်​။Video ခေတ်​ပျက်​သွားတဲ့အတွက်​ ပရိသတ်​တွေနဲ့ အနည်းငယ်​အလှမ်း ဝေးသွားပြီး Video ဈေးကွက်​ကို ပြန်​ကောင်းလာစေချင်​တဲ့ အကြောင်း ကို အခုလိုပြောပြပါတယ်​။
“အရင်​တုန်းကဆို နန်းခင်​Video ခေတ်​ကောင်းတုန်းက ပရိ သတ်​နဲ့ တောက်​လျှောက်​ ထိတွေ့မှု ရှိတယ်​။ Video ကား တော်​တော်​များများမှာ ပါဝင်​သရုပ်​ဆောင်​ရ တယ်​။ Video ခေတ်​ပျက်​သွားတဲ့ အချိန်​ကျတော့ ပရိသတ်​နဲ့ တော် တော်​ကို အလှမ်းဝေးသွားတယ်​။ ပွဲလေးတွေတက်​၊ နယ်​တွေမှာ သီ ချင်းဆို၊ ပရိသတ်​တွေနဲ့အဆင်​မပြတ်​ အောင်​ အင်​တာဗျူးလေးတွေဖြေ အဲဒီလောက်​ပဲရှိတော့တယ်​။ ရုပ်​ရှင်​ကားကြီးတွေဆိုလည်း ရိုက်​သာ ရိုက်​ထားတာ၊ ရုံမတင်​ရတာတွေလည်း ရှိ တယ်​။ အရင်​တုန်းကဆို ကြော်​ငြာ တွေ၊ ဗီဒီယိုတွေ၊ တောက်​လျှောက်​ရိုက်​ရတယ်​။ အခုဗီဒီယိုခေတ်​ကပျက်​ နေတဲ့အတွက်​ သိပ်​မရိုက်​ရတော့ ဘူး။ Video ဈေးကွက်​ပြန်​ကောင်း လာဖို့ကိုလည်း နန်းခင်​မျှော်လင့်​ပါ တယ်​”လို့ ပြောပြပါတယ်​။
အခုအချိန်​ထိလည်း နန်း ခင်​ဇေယျာက အိမ်​ထောင်​မပြုသေး ဘဲ အပျိုကြီး ဖြစ်​နေတုန်း ပါပဲ။ အပျိုကြီး ဖြစ်နေ တဲ့ အကြောင်းကို လည်း နန်းခင်ဇေ ယျာက…
“နန်းခင်​ ဘဝကို ဝင်​လာမယ့်​ သူက နန်းခင်​ကို ဒီ ထက်​ပိုပြီး နား လည်​ ပေး ရ မယ်​။ ဂရုစိုက်ပေးရမယ်​။ ပိုချစ်​ပေး ရမယ်​။ ဒီလောက်​ပါပဲ။ ကျန်​တာ ဘာမှ မလိုပါဘူး။ အခုတော့ စဉ်းစား ရင်း၊ စဉ်းစားရင်းနဲ့ အပျိုကြီး ဖြစ်​နေပါပြီ။ အခု အပျိုကြီး ဆိုတဲ့ အရွယ်​တစ်​ခုကို ရောက်​နေပါပြီ။ ကိုယ်​ကလည်း အနုပညာအလုပ်​ကို လုပ်​နေတာဆိုတော့ အနုပညာ လုပ်​တဲ့ သူကိုနားလည်​ပေးတဲ့ သူဆို တာ ရှားတယ်​။ နားလည်​ပေးဖို့ ခက်​ခဲ တယ်​လေ။ နန်းခင်​ကို နားလည်​ပေး ပြီးတော့ နန်းခင်​ကို သစ္စာရှိတဲ့ သူကို လိုအပ်​ပါတယ်​။ အပျိုကြီးဖြစ်​မယ်​လို့လဲ မြင်​ယောင်​နေပါတယ်​” လို့ ပြောပြခဲ့ပါသေးတယ်​။
နန်းခင်ဇေယျာက မျက်​နှာခွဲ စိတ်​ပြုပြင်​မှုတွေကို အနည်းငယ်​ပြု လုပ်​ခဲ့ပါတယ်​။ နောက်​ထပ်​ခွဲစိတ်​ပြု ပြင်​မှုတွေ ထပ်​လုပ်​ဦးမလားလို့ မေး ကြည့်​တဲ့အခါမှာ…
“ထပ်​ခွဲစိတ်​ဖို့ မရှိ တော့ဘူး။ နန်းခင်​ ဒီလောက်​ဆိုရင်​ ရပြီ။ ဒီထက်​ပိုမလှချင်​တော့ဘူး။ အခုခွဲစိတ်​ပြီးတဲ့အချိန်​မှာ နန်းခင်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုတော့ ရှိ နေတယ်​။ အခုလောလောဆယ်​က ခွဲစိတ်​ပြီး သုံးလဆိုတော့ နေသား တော့ သိပ်​မကျသေးဘူး။ မျက်​နှာက တောက်​လျှောက်​ပြောင်းနေတယ်​။ နောက်​ထပ်​သုံးလလောက်​နေမှ နန်း ခင်​ရဲ့ မျက်​နှာက ပုံသေပြန်​ဖြစ်​မှာ။ ပရိသတ်​တွေကတော့ ထင်​နေကြ တယ်​။ အရင်​က မျက်​နှာနဲ့ မတူတော့ ဘူးဆိုပြီး။ မျက်​နှာခွဲစိတ်​ထားတာက သုံးလပဲရှိသေးတာ ဆိုတော့ နည်း နည်းပြောင်းနေလို့ပါ။ နောက်​ထပ်​သုံးလလောက်​နေရင်​ အရင်​မျက်​နှာ၊ ချစ်စရာ ကောင်းတဲ့ ပုံစံလေး ပြန်​ရမှာပါ” လို့ နန်း ခင်​ ဇေ ယျာ က ပြော ပြ ခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ- ဇော်​ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here