‘ကာဗွန်ဒိုင်အောက်ဆိုဒ်’နဲ့ ရတနာဗိုလ်ရဲ့ အမျိုးသမီးဇာတ်ပို့ဆုရင်ခုန်သံ

0
339

‘ကာဗွန်ဒိုင်အောက်ဆိုဒ်’က သေချာတယ်။ အလင်းရောင်နဲ့ ဖွေးဖွေးရဲ့ ဇာတ်ဆိုပေမယ့် ဇာတ်ပို့နေရာအတွက် ရတနာဗိုလ်ကို ထည့်မတွက်ထားလို့မရပါဘူး။ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’နဲ့ ရတနာဗိုလ်ကို အကယ်ဒမီမှန်းပေးနေကြတဲ့ ပရိသတ်တွေအပေါ် ရတနာဗိုလ်က……

“ပျော်ပါတယ်။ အဓိကက ဗိုတို့က ကြိုးစားတဲ့သူတွေဖြစ်နေတဲ့အတွက် အကယ်ဒမီတွေဘာတွေကို အဲဒီလောက်ကြီးအထိ စိတ်ထဲမှာမထားဘူးပေါ့နော်။ အဓိကက ကိုယ့်ကို လာပြီးတော့ကမ်းလှမ်းတဲ့ကာရိုက်တာတွေဆိုလို့ရှိရင် အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါရိုက်တာကျေနပ်တဲ့အထိကို ဗိုလ်ကြိုးစားတယ်။ အဓိကက အဲဒီရလဒ်လေးတွေပေါ့နော်။ ကိုယ်ပါဝင်ရတဲ့ကားမှာ ဒီလိုလေးတွေ ပရိသတ်ကပြောကြတဲ့အတွက် ဗိုလ်ကတော့ အရမ်းဝမ်းသာပါတယ်”လို့ပြောပါတယ်။ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’မှာ ပါဝင်ခွင့်ပေးခဲ့ပြီး သင်ပြပေးခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းအပေါ်ကိုလည်း ရတနာဗိုလ်က…..

“ကိုဝိုင်းနဲ့လုပ်ရတာတော့ အရမ်းတိုးတက်တယ်။ ပြီးတော့ ကိုဝိုင်းက တကယ်ကိုလည်းတော်တယ်။ သူဖြစ်စေချင်တဲ့အတိုင်းလည်း မလွှတ်ဘူးပေါ့နော်။ သူကိုယ်တိုင် ရအောင်ကို Train တယ်ဆိုတော့ ကိုဝိုင်းနဲ့လုပ်ရတာ ပညာလည်းရတယ်။ ကိုယ့်အတွက် အတွေ့အကြုံလည်းရတယ်။ ကိုယ့်ကို ဒီလိုများများသင်နိုင်တဲ့ဆရာနဲ့တွေ့လေ၊ တိုးတက်မှုများလေးပါပဲရှင့်”လို့ ဆိုပါတယ်။

‘ကာဗွန်ဒိုင်အောက်ဆိုဒ်’မှာ အတူသရုပ်ဆောင်ခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ အလင်းရောင်အစားရင်ခုန်နေတဲ့ ရတနာဗိုလ်က အလင်းရောင်ကို အကယ်ဒမီရစေချင်ကြောင်းလည်း ပြောပြပါတယ်။ အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ဖြစ်သေးလားလို့ဆိုတော့……

“ကြည့်ဖြစ်တယ်။ ဒီနှစ်ဇာတ်ကားတော်တော်များများကိုလည်း ကြည့်ဖြစ်တယ်။ ပြီးတော့ ခါတိုင်းနှစ်တွေနဲ့ မတူဘူး။ ဒီနှစ်မှာလည်း တကယ်ကိုကောင်းတဲ့ရုပ်ရှင်ကားကြီးတွေ အများကြီှးရှိတယ်ပေါ့နော်။ အဲဒီတော့ တကယ်ကောင်းပြီးတော့ တကယ်ကြိုးစားအားထုတ်ထားတဲ့ကားတွေပဲ ရမယ်လို့ ယုံကြည်ပါတယ်”လို့ ရတနာဗိုလ်ကပြောပြခဲ့ပါတယ်

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here