မျက်ဝန်းညို သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာတဲ့ ဝေလာရီကတော့ အနုပညာနဲ့ ပတ်သက်ပြီး နောက်ထပ်အများကြီး ထပ်လုပ်သွား ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ ဝေလာရီကတော့ အနုပညာလောကထဲက အဆိုတော် လိမ္မော်သီးရဲ့ ညီမလည်း ဖြစ်ပါတယ်။ မျက်ဝန်းညိုသီချင်းသီဆိုတုန်း ကလည်း အစ်မဖြစ်သူ လိမ္မော်သီးက အများကြီးသင်ပေးတယ်လို့လည်း ဝေလာရီကက ပြောပြပါတယ်။ အစ်မတစ်ယောက်ရှိတာ တအား အားကိုးရတယ်ဆိုတဲ့ အကြောင်းကိုလည်း…
“အစ်မတစ်ယောက်ရှိ တာ တော်တော်ကံကောင်းတယ်။ အရွယ်ရောက်လာလေ ပိုသိ လေ။ အစ်မက သူငယ်ချင်းလိုလည်း ပေါင်းလို့ရတယ်။ ညီအစ်မလို့လည်း ပေါင်းလို့ရတယ်။ ညီအစ်မနှစ်ယောက်စလုံးက အိမ်မှာဆိုရင်လည်း တအားရောတာ။ ရန်ဖြစ်တာလည်း ရှားတယ်။ ညီမက အစ်မကို ပွတ်သီးပွတ်သပ်နေတာများတယ်။ ညဘက်တွေဆိုရင် မမအခန်းထဲသွားပြီးတော့ ဖုန်းသွားသုံးတယ်။ မမက မောင်းထုတ်တယ်။ မောင်းထုတ်လည်း မသွားဘူး။အစ်မတစ်ယောက်ရှိတာ ပျော်ဖို့လည်း တအားကောင်း တယ်” လို့ ပြောပြပါတယ်။ သရုပ်ဆောင်တာရော၊ အဆို ပိုင်းကိုရော လုပ်သွားဖို့ အစီအစဉ်ရှိသေးတယ်ဆိုတာကို လည်း…
“ညီမက ၂ဝ၁၉ ထဲမှာ သရုပ်ဆောင်အပိုင်း ရော၊ အဆိုပိုင်းရောအများကြီးလုပ်သွားဖို့ရှိတယ်။ သရုပ်ဆောင်ပိုင်း အနေနဲ့ MRTV-4 နဲ့ နှင်းဆီဆိုတဲ့ ဇာတ်လမ်းတွဲကို အခု ၂ဝ၁၉ ထဲမှာ ရိုက်ကူးဖို့ရှိတယ်။ သင်္ကြန်နားလည် နီးလာပြီဆိုတော့ အစ်မနဲ့ပေါင်းပြီးတော့ သင်္ကြန်သီချင်းလေးတစ်ပုဒ်ကိုလုပ်ထားတယ်။ သီချင်းလေးက အမြူးလေး၊ မတ်လထဲမှာ ထွက်ဖြစ်မယ်။ ပြီးရင် ညီမ Mini Album လည်း ထွက်ဖို့ရှိတယ်”လို့ ဝေလာရီက ပြောပြခဲ့ပါသေး တယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- မျိုးမောင်