ကိုဝင်းမြတ် နဲ့သရုပ်​ဆောင်​၊ အဆိုတော်​ ဆန်းသစ်လ ​တို့ရဲ့ ဟန်းနီးမွန်းအစီအစဉ်

0
186

အဆိုတော်​ မေရွက်​ဝါရဲ့ သမီး တစ်​ယောက်​လည်းဖြစ်​သလို အနု ပညာလမ်းကြောင်းမှာ လျှောက်လှမ်း နေတဲ့ သရုပ်​ဆောင်​၊အဆိုတော်​ဆန်း သစ်​လကတော့ သူ့ရဲ့ချစ်​သူ ကိုဝင်း မြတ်​နဲ့အတူ ရွှေလက်​တွဲသွားပြီဖြစ်​ပါတယ်​။ မတ်​လ ၁ ရက်​နေ့မှာ မင်း ကွန်းတိပိဋိက ကျောင်းတိုက်​မှာ မင်္ဂလာဦးဆွမ်းကျွေးကို ပြုလုပ်​ခဲ့ပြီး မင်္ဂလာဧည့်​ခံညစာစားပွဲကိုတော့ မတ်​လ ၃ ရက်​နေ့မှာ Western Park Ruby (People’s Park) ပြည်​သူ့ရင်​ပြင်​ မြက်​ခင်းပြင်​မှာ ကျင်း ပပြုလုပ်​ခဲ့ပါတယ်​။
မင်္ဂလာဧည့်​ခံပွဲ အများကြီး မလုပ်​ဖြစ်​ဘဲ နှစ်​ပွဲပဲပြုလုပ်​ဖြစ်​တဲ့ အကြောင်းကို ဆန်းသစ်​လက…

“ရွှေ လတို့ နှစ်​ယောက်​သဘောဆိုရင်​ ဘာ ပွဲမှတောင်​ မလုပ်​ချင်​ဘူး။ တရား ရုံးမှာ လက်​မှတ်​ထိုးမယ်​။ ကိုယ်​သိတဲ့ သူငယ်​ချင်းမိတ်​ဆွေတွေ ဖိတ်​ပြီး ဒီ အတိုင်းရိုးရိုးလေးပဲလုပ်​မယ်​လို့ စဉ်း စားထားတာ။ နှစ်​ဘက်​မိဘတွေကို တိုင်​ပင်​ကြည့်​တဲ့အခါ မိဘတွေက အသိုင်းအဝိုင်းလည်း ရှိတယ်​။ ပွဲကြီး လေး တစ်​ပွဲလောက်​တော့ လုပ်​မယ်​ဆိုလို့ မင်္ဂလာဦးဆွမ်းကျွေးရယ်​ မင်္ဂလာဧည့်​ခံညစားပွဲရယ်​ နှစ်​ပွဲလုပ်​ဖြစ်​တာ။ ရည်းစားသက်​တမ်းသုံးနှစ်​လောက်​ကြာလာရင်​ မင်္ဂလာပွဲလေး လုပ်​မယ်​လို့တော့ အစကတည်းစိတ်​ကူးထားတာပါ။ အခုကလည်း ရည်း စားသက်​တမ်း သုံးနှစ်​လောက်​ကြာ သွားပြီဖြစ်​တဲ့အတွက်​ မင်္ဂလာပွဲလေး ကို လုပ်​ဖြစ်​တာပါ”လို့ ပြောပြပါ တယ်။ ဆန်းသစ်​လက အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်းမြတ်​ကို ရွေးချယ်​ဖြစ်​တာနဲ့ ပတ်​သက်​ပြီးတော့လည်း အခုလိုပြောပြခဲ့ပါသေးတယ်​ . . .

“သူက Propose စလုပ်​ကတည်းက အခုအချိန်​ထိ ရွှေလကိုစိတ်​ချမ်း သာအောင်​ထားတယ်​။ လုံးဝ စိတ်​မပျက်​သွားစေရဘူး။ သူပြောရင်​ ပြောတဲ့ အတိုင်းအမြဲဖြစ်​အောင်​လုပ်​တယ်​။ ရွှေလကို နားလည်​မှု အပြည့်အဝပေးထား တယ်​။ ရွှေလကို ယုံကြည်​တယ်​။ ရွှေလကိုယ်​တိုင်​ကလည်း ယော​က်ျား တစ်ယောက်​ကို ပိုက်​ဆံရှိမှ၊ ရုပ်​ချောမှရွေးချယ်​မယ်​ဆိုပြီး သတ်​မှတ်​ထားတာ မရှိဘူး။ ယောက်ျားပီပီသသနဲ့ အရည်​အချင်းရှိရမယ်​။ ရွှေလကို တကယ်​ချစ်​တဲ့ သူမျိုးကိုပဲ ရွေးချယ်​ချင်​တယ်​။ သူကလည်း ရွှေလအပေါ် မေတ္တာ စစ်​၊ မေတ္တာမှန်​နဲ့ တကယ်​ချစ်​ပေး တယ်​။ အဲဒီအတွက် ချစ်​သူရည်းစား အဖြစ်​ရွေးချယ်​ဖြစ်​တယ်​။ အခု အိမ်​ထောင်​ဘက်​အဖြစ်​ပါ ရွေးချယ်​ဖြစ်​သွားတာပါ”လို့ ပြောပြပါတယ်​။


အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်း မြတ်​က အနုပညာအလုပ်​တွေ လုပ်​စေချင်​တာကြောင့်​ အိမ်​ထောင်​ကျပြီး သွားရင်​လည်း ဆက်​လုပ်​ဖြစ်​သွား မယ်​ဆိုတာကိုလည်း ဆန်းသစ်​လက…

“သူက ရွှေလကို အနုပညာအ လုပ်​ကို တအားလုပ်​စေချင်​တာ။ သရုပ်​ဆောင်​ပိုင်းရော၊ အဆိုပိုင်း ရော သူက ရွှေလကို နှစ်​ခုစလုံးမှာ အောင်​မြင်​စေချင်​တာ။ အိမ်​ထောင်​ကျပြီး သွားရင်​ အိမ်​ထောင်​ရှင်​မပီပီ သသနဲ့ အေးအေးချမ်းချမ်းတော့ နေချင်​တယ်​။ ကိုယ့်​စိတ်​ပေါ့နော်​။ ဒါပေမဲ့ အနုပညာကလည်း တကယ်​ဝါသနာ ပါတာဖြစ်​တဲ့အတွက်​ အချိန်​ရရင်​ရသလို၊ အခွင့်​အရေးရရင်​ ရသ လို အနုပညာအလုပ်​ကို လုပ်​သွားမှာ ပါ” လို့ ပြောပြပါတယ်​။
အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်း မြတ်​ကလည်း…

“ရွှေလက စိတ်​ထား တအားကောင်းတယ်​။ ကြင်​နာတတ်​တယ်​။ ရိုးသားတယ်​။ ဘယ်​လို အ ကြောင်းအရာတွေကြောင့်​ဆိုတာ ထက်​ ရွှေလကို တကယ်​ချစ်​လို့ လက်​တွဲဖော်​အဖြစ်​ ရွေးချယ်​ဖြစ်​တာပါ” လို့ ပြောပြပါသေးတယ်​။ ဟန်းနီးမွန်း ကို အခုတော့ မထွက်​ဖြစ်​သေးဘူး။ နှစ်​ဘက်​မိဘတွေနဲ့ ခရီးအတူတူ သွားဖြစ်​ဖို့တော့ ရှိတယ်​။ သင်္ကြန်​ပြီး သွားရင်​တော့ နှစ်​ယောက်​တည်း ဟန်းနီးမွန်းကို ဥလနမျနေ တစ်နေရာ လောက် သွားဖြစ်​မယ်​”လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ – အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here