၂ဝ၁၈ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို The One Entertainment Park သို့ နေရာ ပြောင်းလဲကျင်းပမည်

0
299

၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲကို မတ်လ ၂၃ရက်နေ့ ညနေ ၃ နာရီမှာ The One Entertainment Park တွင် ကျင်းပမှာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ တော့ အကယ်ဒမီ ဆန်ကာတင်ရုပ် ရှင်ဇာတ်ကားများကို အကယ်ဒမီ အကဲဖြတ်အဖွဲ့အနေနဲ့ ကြည့်ရှုနေ တာ ဒုတိယအဆင့်ကိုရောက်ရှိလို့ လာခဲ့ပါပြီ။ ယခုဒုတိယအဆင့်မှာ တော့ ဇာတ်ကား၂၅ ကားရှိပြီး အဲဒီ ၂၅ ကားထဲကနေ အကယ်ဒမီထူး ချွန်ဆုကို ရွေးချယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

“အခုဇာတ်ကား ၂၅ ကားထဲမှာ ကို ကောင်းတဲ့ကားတွေက များ နေတယ်။ အခက်အခဲတစ်ခုက ဘာ ဖြစ်လဲဆိုတော့လေ။ မောင်ဖြူက ၄ ကားပါတယ်။ မောင်ဖြူ ၄ ကား စလုံးကောင်းနေတယ်။ အဲဒီတော့ မောင်ဖြူ မောင်ဖြူချင်းကို ပြန်ယှဉ် နေရတယ်။ မောင်ဖြူနဲ့ မောင်မည်းနဲ့ ယှဉ်တာက ရှင်းသွားပြီ။ တစ်ခုပြော ချင်တာကတော့ ဆရာတို့ ဆုံးဖြတ် ချက်သည် အတတ်နိုင်ဆုံးတော့ မှန် ကန်အောင် ကြိုးစားမယ်။ သေချာ တာကတော့ ဆရာတို့သည် လာဘ် ပေးလာဘ်ယူ လုံးဝမရှိပါဘူး။ ဆရာ က ဥက္ကဋ္ဌဖြစ်တယ်။ ဆရာက ဘယ် သူ့ကိုပေးလိုက်ကွာဆိုပြီး လုံးဝလုပ်လို့ မရဘူး။ ဆရာပေးရမယ့် အမှတ်က လွဲပြီး ပိုပေးလို့လည်း မရဘူး။ အဲဒီ့ အမှတ်တွေ ပေါင်းချလိုက်တော့မှ အဖြေက ထွက်မှာဆိုတော့ ဆရာ ပြောတာပဲဖြစ်ဖြစ် တစ်ယောက် ယောက်က ပြောတာပဲဖြစ်ဖြစ် မယုံ ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အမှတ် ပေးနည်းစနစ်က တော်တော်ချုံထား တယ်။ အဲဒီအမှတ်ပေးနည်းစနစ် အရ သိရမှာဆိုတော့ အဲဒါလေးတစ် ချက်ရှိပါတယ်။ နောက်တစ်ခုက အပြိုင်အဆိုင်ရှိပါတယ်။ ပရိသတ် တွေကိုပြောချင်တာကတော့ တကယ် လို့ ဆုရသွားရင်လည်း ဆုရသွားတဲ့ လူသည် ဆုမရသွားတဲ့လူနဲ့ မတိမ်း မယိမ်းသူ တတ်သွားပါတယ်။ အဲဒီ့ လောက် အထိကို ကားတွေက အပြိုင်းအရိုင်းဖြစ်နေတယ်။ တော် တော်လည်း ဦးနှောက်ခြောက်ရ တယ်။ စကားတွေလည်း တော်တော် ပြောရတယ်”လို့ အကယ်ဒမီဇာတ် ကားတွေနဲ့ပတ်သက်လို့ အကယ်ဒမီထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲပြုလုပ် မယ့် အခမ်းအနားစင်မြင့်ကိုလည်း အရင်နှစ်တွေကအတိုင်း ခမ်းနားစွာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။ 

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here