စာမတတ် ပေမတတ်
စာဖတ် စာမြည်း တောထွက်ကြီးမို့
အထင်ကြီးစရာ ဘာမျှမရှိ။
ထို့ကြောင့်
ပရိသတ် အခြွေအရံနတ္ထိ။
သီလကလွဲ၍
ပေးစရာဘာမျှမရှိသမို့
ရစရာကလည်းဘာမျှမရှိ
ထို့ကြောင့်
လာဘ်လာဘကလည်းနတ္ထိ။
ပရိသတ် အခြွေအရံ နတ္ထိမို့
ဆိတ်ငြိမ်ရာသို့ ဝင်ရောက်
သစ္စာခရီးပေါက်ဖို့အခွင့်အရေး
တုံ့နှေးခြင်းမရှိ
ခရီးတွင်လှပါ၏..။
လာဘ်လာဘ နတ္ထိမို့
လာဘ်လာဘကြောင့်ကပ်ငြိလာမည့်
ကိလေသာအညစ်အကြေး
ကြိုတင်ဆေးကြော စိတ်မမော၍
ဓမ္မ ရေစီးကြောထဲ
အချိန်ပြည့်စီးမျောခွင့်ရပါ၏။
တောအရပ်
ဇောမကပ်ဘဲ
ရှုမှတ်ဆဲဘာဝနာတရား
ရုန်းကန်အားကောင်းသွားသည့် တခဏ
အမတရင်ခွင် ပြေးဝင်လိမ့်မည်
ယုံကြည်နေမိပါ၏…။
မြသန်းစံ