အစ်မဖြစ်သူ ဝတ်မှုံရွှေရည် ရဲ့ တိုက်တွန်းမှုကြောင့် Beauty Blogger လုပ်ဖြစ်တာပါ ဆိုတဲ့ နဒီရွှေရည်

0
176

သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည်ကတော့ လက်ရှိမှာ Beauty Blogger တစ်ဦး အဖြစ် အလှအပရေးတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။ Beauty Blogger တစ်ဦးဖြစ်ဖို့ အစ်မဖြစ်သူရဲ့ တိုက်တွန်းမှုပါသလို အမျိုးသားရဲ့ ပံ့ပိုးမှုတွေလည်းပါကြောင်းကိုလည်း ခုလို ပြောပြခဲ့ပါတယ်။

“Beauty Blogger လုပ်ဖို့ အစ်မကတိုက်တွန်းတာကတော့ ကြာပါပြီ။ ကိုယ်က ရှက်လို့မလုပ်ဖြစ် သေးတာပေါ့။ Video file ကို အပျော်သဘောနဲ့တင်ကြည့်ရုံလေးပါ။ မကစ်ကတော့ အဲ့လို့လေး Video လေးတွေ ရိုက်တင်ဖို့ ပြောတာကြာပါပြီ။ တဖြည်းဖြည်းနဲ့တော့ လုပ်တတ်သွားမှာပါ။ ပိုပြီးတော့လည်း သေသပ်သွားမယ်လို့ထင်ပါတယ်။ ညီမအမျိုးသားကလည်း အလုပ်မအားတဲ့ကြားထဲက အစစအရာရာ ကူညီပေးပါတယ်။ အရင်ကတည်းက မိတ်ကပ်ပြင်ရတာ အရမ်းကြိုက်တယ်။ အပြင်သွား တာ ဟိုနေရာ ဒီနေရာ သွားရင်တောင်မှ မိတ်ကပ်လိမ်းလိုက်မှကျေနပ်တာ။ ခုလည်း ဝါသနာပါလို့ပဲလုပ် ဖြစ်သွားတာ။ အစ်မကတော့ လိုအပ်ချက်တွေ အားလုံးခေါင်းအစခြေအဆုံး အကုန်ပြောပါတယ်။ အစ်မကိုတော့ မိတ်ကပ်သိပ်မပြင်ပေးဖြစ်သေးဘူး။Press Show တစ်ပွဲပဲပြင်ပေးဖူးသေးတယ်။ လေ့လာတာကတော့ အကုန်လေ့လာဖြစ်ပါတယ်။ Facebook မှာလည်း မိတ်ကပ်နဲ့ပတ်သက်ရင် အကုန်လေ့လာဖြစ်ပါတယ်။ ဆက်လက်ပြီး အစ်မဖြစ်သူ ဝတ်မှုံရွှေရည်ကို အိမ်ထောင်ပြုစေ ချင်ပြီလားလို့ မေးမြန်းခဲ့ရာ…

“အစ်မကိုတော့ အပျိုကြီးပဲ လုပ်စေချင်ပါတယ်။ ကိုယ်အစ်မကျတော့လည်း နှမျောတယ်လေ။ သူ့ကို စိတ်ချမ်းသာအောင်ထားမယ်ဆိုရင်တော့ သူ့သဘောပါပဲ။ ဒါပေမဲ့ ကိုယ့်အစ်မ ဆိုတော့လည်း နှမျောတာပေါ့။ မကစ်က စိတ်နည်းနည်းမာတယ်။ ညီမက နည်းနည်းစိတ်ပျော့တယ်။ သူက အစ်မဆိုပေမယ့် ဆယ်နှစ် လောက်ကွာနေတော့ အမေလို့ဖြစ်နေတာပေါ့။ ကိုယ့်အပေါ်အရမ်းကောင်းတဲ့ အစ်မတစ်ယောက်ပါ” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here