အကယ်ဒမီက အနုပညာရှင်တွေရဲ့ မျှော်လင့်ချက်ပန်းတိုင်တစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင် ခိုင်ထူးသာ

0
323

‘ဥပါဒါန်’ရုပ်ရှင်ဇာတ်ကားကြီး ကြောင့် ပရိသတ်ရဲ့ အားပေးမှုနဲ့ အတူ အနုပညာလောက ထဲကိုရောက် ရှိလာတဲ့သူကတော့ သရုပ်ဆောင်သစ် ခိုင်ထူးသာပဲဖြစ်ပါတယ်။ ‘ဥပါဒါန်’ ရုပ်ရှင် ဇာတ်ကားကြီးထဲမှာ ဦးပဇ္ဇင်းဇာတ်ရုပ်နဲ့ ပထမဦးဆုံး သရုပ်ဆောင်ရခြင်းဖြစ်ပြီး ပထမဦးဆုံး အကြိမ်မှာပဲ ပရိသတ်အကြိုက်ရရှိခဲ့တဲ့အတွက် ဝမ်းသာမိကြောင်းကိုလည်း ခိုင်ထူးသာက အခုလိုပဲ ပြောပြခဲ့ပါတယ်. . .

“ကျွန်တော်တို့ အနုပညာရှင်အသစ်တစ်ယောက် အနေနဲ့ ဒီလိုမျိုး ကိုယ့်ရဲ့အနုပညာခြေလှမ်း ပထမဦးဆုံးအကြိမ်မှာ ပရိသတ်ရဲ့ အားပေးမှုရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အသစ်တစ် ယောက်အနေနဲ့လည်း ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့တယ်။ ကျွန်တော့်ကို ဒီ ‘ဥပါဒါန်’ ဇာတ်ကားမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ ဆရာဗန်းကြီးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဆရာ့ကြောင့်လည်း ဒီလိုရုပ် ရှင်ကားကြီးမှာ ခေါင်းဆောင်နေရာက ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဘာလို့ ဂုဏ်ယူမိတာလဲဆိုတော့ အသစ်တစ်ယောက်အနေနဲ့ ဒီနေရာမျိုး သရုပ်ဆောင်ဖို့ က လုံးဝမဖြစ်နိုင်တဲ့အရာပါ။ တကယ်လို့ သရုပ်ဆောင်ခွင့်ရရှိသွားရင်လည်း ပရိသတ်က ကြိုက်ဦးမှ အားပေးမှာလေ။ အခုတော့ ပရိသတ်အကြိုက် ကော၊ အား ပေးမှုကော တစ်ပြိုင်နက် ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်”လို့ ပြောပါ တယ်။ ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ဆု ထူးချွန်ဆုပေးပွဲလည်း နီးကပ် လာပြီ ဖြစ်တဲ့အတွက် အကယ်ဒမီ ရင်ခုန်သံကို မေးကြည့်တဲ့အခါမှာတော့ ခိုင်ထူးသာက . . .

“အကယ်ဒမီဆိုတာက အနုပညာရှင်တွေအတွက် မျှော်လင့်ချက် ပန်းတိုင် တစ်ခုပါပဲ။ ဒီလိုမျိုးအရာတွေကို အနုပညာရှင်တိုင်း မျှော်လင့် မိတဲ့ အရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အခုကျွန်တော် ပထမဦးဆုံးပါဝင် သရုပ်ဆောင် ထားတဲ့ ဒီဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီး အကယ်ဒမီဆန်ကာတင်ထဲမှာ ပါဝင်နေတာတွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကိုယ့်ရဲ့ အနုပညာရှင် အစ်ကို တွေ၊ အစ်မတွေ အကုန်လုံး အကယ်ဒမီကြပါစေ”လို့ ဆုတောင်းပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here