Chef နဲ့ ပတ်သက်လို့ ပြိုင်ပွဲတွေ ဝင်ပြိုင်မှာမဟုတ်တော့ကြောင်း ကိုအောင်ဝေဖြိုး ပြော

0
207

Master Chef Myanmar မှာ 1 st Runner up ရရှိခဲ့တဲ့ ကိုအောင်ဝေဖြိုးက သူ့အနေနဲ့ နောက်ထပ်ပြိုင်ပွဲတွေကိုတော့ ဝင်ရောက်ယှဉ်ပြိုင် တော့မှာမဟုတ်ကြောင်း ပြောပါတယ်။
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတာ တအားပင်ပန်းပြီး ဖိအားတွေလည်း တအားများသလို သူ့လိုသာမန်လူတစ်ယောက်က မီဒီယာလောကထဲကို ဝင်ရောက်လာတဲ့အခါမှာ ခံနိုင်ရည်ရှိအောင် တော်တော်ကြိုးစားရတယ်လို့ ပြောပြပါတယ်။

“ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ စိတ်ဓာတ်ကျမိတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ညဆိုရင် ကျွန်တော် တရားထိုင် တယ်။ ဘုရားတရားလုပ် ပြီးတော့ပဲ ကျွန်တော်ဖြေဖျောက်တယ်။ ကျွန်တော့်အတွက်ကတော့ အဲဒါအကောင်းဆုံး နည်းလမ်းပေါ့။ ပြိုင်ပွဲမှာတော့ ပြိုင်ဖို့ကိုပဲစိတ်ထဲမှာ ထားတယ်။ အပြင်ရောက်ရင်တော့ ညီအကိုမောင်နှမစိတ်ဓာတ် ကိုထားတယ်။ ပြိုင်ပွဲမှာက ပြိုင်ဖို့ကိုပဲ ကျွန်တော်သိတယ်။ Winner ရရမရရ ပြိုင်ဖို့ကိုပဲ ကြိုးစားတယ်။ ဝင်မပြိုင် ချင်တော့ဘူး။ သာမာန်လေးပဲဘဝကို နေချင်တော့တယ်။ ဒါပေမဲ့ ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရတဲ့အတွက်လည်း ကျေး ဇူးတင်ပါတယ်”လို့ ပြိုင်ပွဲနဲ့ပတ်သက် လို့ ကိုအောင်ဝေဖြိုးက ပြောပြပါတယ်။

သူက စားဖိုမှူးမလုပ်ခင်မှာတော့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်မျိုးစုံလုပ်ဖြစ်ခဲ့ပါတယ်။
သတင်းစာပို့တဲ့အလုပ်၊ ကားဝပ်ရှော့ အလုပ်၊ အဲကွန်းပြင်တဲ့အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ဖူးပြီး နောက်ဆုံးမှာ တော့ စာဖိုမှူးအလုပ်ကိုပဲ သူဇောက်ချလုပ်ကိုင်ဖြစ်ခဲ့တယ်လို့ ပြောပြပါတယ်။

စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ ဆိုရင်တော့ အောက်ခြေကစပြီးတော့သင်ယူလေ့လာရမှာဖြစ်ပြီး Kitchen Life ထဲကိုဝင်ဖို့ဆိုရင် တော်ရုံတန်ရုံမလွယ်ကူပဲ တအားလည်း ပင်ပန်းပါကြောင်း၊ Chef တစ်ယောက် အတွက်ကတော့ ယူနီဖောင်းက တန်ဖိုးဖြတ်လို့ မရတဲ့အရာတစ်ခုပါပဲလို့ သူကပြောပါတယ်။

သူက အခုအချိန်မှာတော့ စုံသရနီဥ နာမည်နဲ့ ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး အဲဒီ့ဆိုင်မှာတော့ တခြားအစားအ သောက်တွေအပြင် အဓိကဟင်းလျာဖြစ်တဲ့ စုံသရနီဥဟင်းလျာလည်းရရှိမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here