မေမွှေး (မို့မို့မြင့်​အောင်) က ဒုတိယအမေပါ ဆိုတဲ့တူမဖြစ်​သူ ဝါဆိုမြင့်​အောင်

0
349

ကျွန်​မချစ်​သော ယောက်ျား သုံးယောက်​ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ အိန္ဒြာကျော်​ဇင်​ရဲ့ ငယ်​ဘဝကို ပီပြင်​အောင်​ သရုပ်​ဆောင်​ထားသူကတော့ ဝါဆိုမြင့်​အောင်​ပါ။ သူကတော့ အကယ်​ဒမီများရှင်​ အနုပညာရှင်​ကြီး တစ်​ယောက်​ဖြစ်​တဲ့ မို့မို့မြင့်​အောင်​ရဲ့ တူမလည်း ဖြစ်​ပါတယ်​။ ကျွန်​မချစ်​သော ယောက်ျားသုံးယောက်​ ဇာတ်​ကားမှာ မအူဝဲ(အိန္ဒြာကျော်​ဇင်​)ရဲ့ ငယ်​ဘဝကို သရုပ်​ဆောင်​ထားရတာ ကျေနပ်​အားရမှုရှိတယ်​ဆိုတာကို ဝါဆိုမြင့်​အောင်​က. . .

“ဒီဇာတ်​ကားက ဆိုဆိုအတွက်​ ပထမဆုံးရိုက်​တဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးပါ။ မရိုက်​ရသေး ခင်​အချိန်​မှာတော့ မအူဝဲရဲ့ ငယ်​ဘဝ ကို ပီပြင်​အောင်​ သရုပ်​ဆောင်​နိုင်​ပါ့မလားလို့ ကြောက်​စိတ်​တော့ ရှိ တယ်​။ မအူဝဲကအပြင်​မှာ ဘယ်​လို နေတယ်​ဆိုတာကို လေ့လာတယ်​။ သူသရုပ်​ဆောင်​ထားတဲ့ ရုပ်​ရှင်​ဇာတ်​ကားတွေ ပြန်​ကြည့်​တယ်​။ သူသရုပ်​ဆောင်​ရင်​ ဘယ်​လို အမူအရာလေး တွေ လုပ်​တတ်​တယ်​ဆိုတာ အသေး စိတ်​က အစဆိုဆို လေ့လာတယ်​။ ပြီး တော့ ဒါရိုက်​တာ ဦးမျိုးမင်း၊ မေမွှေး (မို့မို့မြင့်​အောင်​) တို့က ဘယ်​လို၊ ဘယ်​လိုလုပ်​ဆိုပြီး အကုန်​လုံးအစစ အရာရာ သင်​ပေးတယ်​။ ကိုယ်​အကောင်းဆုံးလုပ်​နိုင်​ခဲ့တဲ့အတွက်​ကြောင့်​ ရိုက်​ကူးပြီးသွားတဲ့အချိန်​မှာတော့ တအားကို ကျေနပ်​အားရ မှုရှိတယ်​”လို့ ပြောပြပါတယ်​။
မို့မို့မြင့်အောင်​ကလည်း တူမ ဖြစ်​သူရဲ့ အနုပညာအရည်​အချင်း တွေနဲ့ ပတ်​သက်​ပြီး အခုလိုပြောပြ ခဲ့ပါသေးတယ်​။. . .

“သူက အနုပညာမျိုး ရိုးကလည်းရှိတယ်​။ အခုဒီဇာတ်​ကား မှာ သူသရုပ်​ဆောင်​သွားတာကြောက်​ တာတွေ၊ ရှိန်​တာတွေ မရှိဘူး။ သရုပ်​ဆောင်​တာလည်း အသက်​ငယ်​ပေ မယ့်​ တအားတော်​တယ်​။ ဒီဇာတ်​ကားရိုက်​ကူးရင်းနဲ့ သူ့အခန်းတွေ မပါပေမယ့်​လည်း သူက ရိုက်​ကွင်း ကို သွားပြီးတော့ လေ့လာတယ်​။ အနုပညာနဲ့ ပတ်​သက်​ရင်​တော့ အခု နောက်​ပိုင်း သူသိပ်​မလုပ်​ဖြစ်​တော့ ဘူး။ သူ့အတွက်​ ဇာတ်​ကားကောင်း ကြုံရင်​တော့ သူထပ်​ရိုက်​မှာပါ။ အခု Video ခေတ်​ကလည်း ပျက်​နေ တယ်​၊ ကားကြီးတွေကလည်းတောက်​လျှောက်​မရိုက်​ရတော့ မမို့က သူ့ကို အဓိပ္ပာယ်​ရှိတဲ့ သူတစ်​ယောက်​ဖြစ်​စေချင်​တယ်​။ အခု သူတက်​ထားတဲ့ အနုပညာနဲ့ ကုမ္ပဏီတစ်​ခုမှာ သူဝင်​လုပ်​နေတယ်​။ ဒီအရွယ်​လေးနဲ့ သူ့ အလုပ်​မှာ အရာရှိနေရာကို ရထား တယ်​။ သူ့အထက်​မှာ နိုင်​ငံခြားသား အရာရှိတစ်​ယောက်​ပဲရှိတယ်​။ ဘယ်​အလုပ်​တွေပဲလုပ်​လုပ်​ အနုပညာနဲ့ ပတ်​သက်​ရင်​ သွေးက စကားပြောရ မယ်​လို့ မမို့က ပြောထားပြီးသား၊ သူ့ ကို မှာထားပြီးသား”လို့ ပြောပြပါ တယ်​။
မေမွှေးက ကိုယ့်​ဘဝမှာ ဒုတိယ အမေလိုဖြစ်​နေတယ်​ဆိုတာကိုလည်း ဝါဆိုမြင့်​အောင်​က . . .
“မေမွှေးက ကိုယ့် ဘဝမှာ ငယ်​ငယ်​လေးကတည်းက အခုအချိန်​ထိ အနီးကပ်​ဆုံး သူတစ်​ယောက်​။ ကလေးဘဝကတည်းက မေမွှေးအိမ်​မှာပဲနေတယ်​။ မေမွှေး အိမ်​မှာပဲ စားတယ်​။ မေမွှေးချော့သိပ်​မှအိပ်​တယ်​။ အိမ်​က အမေရင်း၊ အ ဖေရင်းကိုတောင်​ ငယ်​ငယ်​က အမေ ရင်း၊ အဖေရင်းမဟုတ်​ဘူးလို့ ပြော ဖူးတယ်​။ အမေရင်းက ဘယ်​သူလဲ လို့မေးရင်​ မေမွှေးလို့ဖြေနေကျ။ မေ မွှေးကတော့ ဆိုဆိုဘဝမှာ ဒုတိယ အမေပါပဲ”လို့ ဝါဆိုမြင့်​အောင်​က ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ – အောင်​နိုင်​စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here