နာမည်ကျော် သရုပ်ဆောင်တွေရဲ့သားသမီးနဲ့ တူ တူမတွေ ပါဝင်တဲ့ အကယ်ဒမီရွှေကြို မောင်မယ်

0
144

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေး အပ်ပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်ထု တွေကို ကူညီသယ်ဆောင်ပေးကြမယ့် အကယ်ဒမီရွှေကြိုမောင်မယ်များ စာရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေပြီး တရားဝင်ထုတ်ပြန်လိုက်ကာ ပရိ သတ်များနဲ့ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား နာမည်ကျော် အနု ပညာရှင်တို့ရဲ့ သားသမီး တူ၊ တူမ တွေပဲ ဖြစ်ပါတယ်။ ရွှေကြိုမောင်မယ် တွေကတော့ နေထက်လင်းရဲ့သား ထက်လင်းအောင်၊ နေမင်းရဲ့တူ အုပ် သာကျော်၊ မင်းသူရဲ့သား မင်းသန့် ကိုကို၊ ခင်ဇာခြည်ကျော်ရဲ့သား ဘုန်း မင်းနေလ၊ ကိုကိုဦးရဲ့သား သီဟ အောင်၊ အိâန္ဒာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ ဒေါ်မြင့်မြင့်ခင်ရဲ့ မြေး ဝင့်မှုံသန့်၊ ခင်လှိုင်ရဲ့ သမီး သဇင် ထူးမြင့်၊ နန်းဒေဝီ၊ ဆောင်းယွန်းစံ တို့က အကယ်ဒမီ ရွှေကြို မောင်မယ် တွေအဖြစ် လုပ်ဆောင်သွားကြတော့ မှာ ဖြစ်ပါတယ်။

နေထက်လင်းရဲ့ သားထက် လင်းအောင်နဲ့ မေတိုးခိုင်တို့က အကူ မောင်မယ်အတွဲအဖြစ် လုပ်ဆောင် ရမှာ ဖြစ်တာမို့ သူတို့နှစ်ယောက် လုံးကလည်း အကယ်ဒမီစင်မြင့် ထက်မှာ အကယ်ဒမီရွှေစင်ရုပ်တွေကိုင်ဆောင်ပြီး အကယ်ဒမီဆုရရှိသူ တွေကို ဂုဏ်ပြုခွင့်ရတာမို့ စိတ်လှုပ် ရှားပြီး ဝမ်းသာမိနေတယ်လို့ ဆိုခဲ့ကြ ပါသေးတယ်။

နေမင်းရဲ့ တူဖြစ်တဲ့ အုပ်သာ ကျော်ကတော့ သူကိုယ်တိုင်ကလည်း အခုလက်ရှိမှာ ရုပ်ရှင်လောကထဲ ဝင်ရောက်ပြီး လှုပ်ရှားနေပြီ ဖြစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တာ နဲ့အညီ အခုလိုမျိုး ဝါရင့်အနုပညာ ရင်တွေ၊ ကိုယ့်ရဲ့စီနီယာကြီးတွေပါ ဝင်တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ အကယ်ဒမီ ရွှေကြိုတစ်ယောက်ဖြစ် ခွင့်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်ရ တယ်လို့ ပြောပြတယ်။

“ဦးလေး နေမင်းက ကျွန်တော် ကို အမြဲပြောပြောပြတာရှိတယ်။ နောက်ကွယ်ကနေပြီးတော့ ဦးလေး က သင်ပေးတာတွေ အများကြီးရှိ တယ်။ ဦးလေးက ပြောတယ် ကိုယ့်ရဲ့ ပရိသတ်တွေကို ကိုယ့်ရဲ့နာမည်တစ် လုံးနဲ့ ပေါက်ရောက်စေချင်တယ်။ ဒီ လောကထဲ ရောက်ကတည်းက ဦး လေးက ကျွန်တော့်ကို သရုပ်ဆောင် ပိုင်းတင် မဟုတ်ပဲနဲ့ ရုပ်ရှင်နည်း ပညာပိုင်းတွေကိုပါ လေ့လာစေခဲ့ တယ်။
ကျွန်တော့်အနေနဲ့ ရုပ်ရှင် လောကထဲကို ခြေစုံပစ် ဝင်လာတာ ၂ဝ၁၇ ခုနှစ်ဆန်းပိုင်းလောက်ကပါ။ ပြီးတော့ ကျွန်တော်အနေနဲ့ အများ ကြီး ကြိုးစားသွားပါမယ်။ ဇာတ်လမ်း တွဲတွေလည်း ရိုက်ထားပါတယ်။ ကျွန်တော်အစွမ်းကုန် အနုပညာ လောကမှာ ဆက်လက်ကြိုးစားသွား ပါမယ်”လို့ အုပ်သာကျော်က ပြောပြ သွားပါတယ်။

အကယ်ဒမီရွှေကြိုမောင်မယ် လေးတွေကို လေ့ကျင့်သင်ကြားပေး သွားမယ့် သူတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသန်းနုကတော့ အ ကယ်ဒမီရွှေကြိုမောင်မယ် စာရင်းထဲ မှာ ကနဦးတုန်းက ရွေးချယ်ဖြစ်ထား ခဲ့တဲ့ ခင်လှိုင်ရဲ့သား နေရဲ မပါဝင်ဖြစ် တော့တာနဲ့ ပတ်သက်လို့ ပြောပြတာ က. . .
“နေရဲက ဒီလထဲမှာ ဇာတ်ကား ရိုက်တွေ ရှိနေတယ်။ ဇာတ်ကား ရိုက်ရှိနေတော့ အကယ်ဒမီရွှေကြို လေ့ကျင့်မယ့် ရက်တွေအတွက် အ ခက်အခဲရှိနေတော့ နေရဲကလည်း သူ့အစားတစ်ခြားသူ တစ်ဦးကို ရွေး လို့ရပါတယ်လို့ ပြောတော့ မဆင့်တို့ ကလည်း ဦးကိုကိုဦး သားလေး သီဟ အောင်ကို ရွေးချယ်လိုက်ပါတယ်။ သူက မန္တလေးမှာ နေတာ ဆိုတော့ အကြောင်းတော့ ကြားပြီးပါပြီ။ သူ ကလည်း သူ့ကို ရွေးချယ်လိုက်တော့ ပျော်တာပေါ့။ ကလေးကလည်း ချစ် စရာ လူငယ်လေးပါ။ ရွှေကြိုမောင် မယ် အတွဲကိုတော့ အရပ်အနိမ့်အမြင့် ပေါ် မူတည်ပြီးတော့ တွဲပေးထားတာ ဖြစ်ပါတယ်။ ရွှေကြိုဆိုတာက တစ် ရက်တည်းနဲ့ ပြည်သူအများကြီးသိ သွားနိုင်တဲ့ အခွင့်အရေးကြီးကို ပိုင် ဆိုင်ရတာမျိုးဖြစ်ပါတယ်။ သူတို့ကို အဓိက မှာချင်တာက စင်မြင့်ပေါ်မှာ သူတို့ကလည်း အရေးပါဝင်နေတဲ့ အကယ်ဒမီရွှေကြိုတွေ ဆိုတာကို သိ ထားဖို့လိုပါတယ်။ ဒီနှစ်ရွှေကြိုလေး တွေကိုလည်း စိတ်တိုင်းကျမိပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးအပ်ပွဲကြီးကို မတ် ၂၃ ရက်နေ့ ရန်ကုန်မြို့ The One Entertainment Park မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here