လုပ်ပိုင်ခွင့်အပေါ်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပါတယ်လို့ ဆိုတဲ့ အိချောပို

0
297

ဇာတ်ရုပ်မျိုးစုံ ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တခဲနက်အားပေးမှု ရရှိ ထားသူကတော့ သရုပ်ဆောင်အိချောပို ပါ။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး လက်ရှိမှာလည်း အိန္ဒိယ ဒါရိုက်တာ MANO.V.NARAYAN AN ‘သွေးကြွေး’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး…

“အိချောကတော့ ‘သွေးကြွေး’ ရုပ်ရှင်ကားထဲမှာ တက္ကသိုလ် ကျောင်းသူလေး ရုပ်ရှင် ထုတ်လုပ်သူတစ်ယောက်ရဲ့ သမီးအလန်း စားလေးပေါ့။ ဇာတ်ကတော့ နည်းနည်းရှုပ်တယ်။ ရှုပ်တဲ့ထဲမှာ ကိုယ် လည်း ပါနေတာပေါ့။ ပြင်ဆင်မူတွေကတော့ ဒါရိုက်တာ လိုချင်တဲ့ ပုံစံတွေပေါ့။ ဆံပင်ပုံစံတွေ အဝတ်အစားဒီဇိုင်းတွေ ကြိုပြောထားတော့ အဲ့တာတွေကို ပြင်ဆင်ထားတယ်။ အိချောအနေနဲ့ကတော့ ပရိသတ် တွေ ကြိုက်နိုင်မယ့် ဇာတ်လေးတွေ ရွေးချယ်ဖြစ်တာပေါ့။ ဒါပေမဲ့ ခုနောက်ထုတ်လုပ်သူတွေ ကရော ဒါရိုက်တာတွေရော ပရိသတ်တွေ ကြိုက်နိုင်မယ့် ဇာတ်ကားတွေ သေချာ ရွေးချယ်ပြီး ရိုက်လာကြ တာများပါ တယ်။ အိချောတို့ကို လာအပ်ရင်လည်း ရိုက် ရက်များများ တောင်းလာကြတယ်။ အိချော ကတော့ ကြိုက်တယ်။ ကိုယ်အတွက် လုပ် ကွက်များများလည်းရတယ်” လို့ ပြော ပြခဲ့ပါတယ်။
သူပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ‘သုံး ရောင်ခြယ်’ ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆန်ကာတင် စာရင်း မှာ မပါဝင်ခဲ့တဲ့အတွက် သူ့ရဲ့ ခံစားမှုကိုလည်း …

“အကယ်ဒမီကတော့ အိချော ကိုယ့်ကိုယ်ကိုယ် မမှန်းသေး ပါဘူး။ တခြား အနုပညာ ရှင်တွေ အတွက် ရင်ခုန် ပေးပါတယ်။ အိချောကတော့ အတတ်နိုင်ဆုံး ကိုယ်လုပ်ပိုင်ခွင့် ပေါ်မှာ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားခဲ့တယ်။ ‘သုံးရောင်ခြယ်’ ကား ဆိုလည်း ရုံတင်တုန်းက အရမ်း ပေါက်တယ်။ ပရိသတ်တွေ ကြိုက်တယ် အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါ တယ်။ အိချောပရိသတ်တွေ ကလည်း အိချောပါတဲ့ကား တွေ မျှော်မှန်းတော့ပေါ့။ ဒါ ပေမဲ့ အဲ့ကားလေးက ဆန် ကာတင် ၂၅ ကားထဲမှာ မပါ တော့ဘူးပေါ့။ ဒါကလည်း လို အပ်ချက်တွေရှိနေလို့ သတ်မှတ်ပါတယ်။။ စီနီယာအနုပညာရှင်တွေအတွက် ရင်ခုန်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here