တစ်ကိုယ်တော်အခွေအတွက် ရည်ရွယ်ထားတဲ့ ဆန္ဒတွေ ပြည့်ဝခဲ့သူ ဂျူဝယ်(လ်)

0
317

အခွေနာမည်ကိုက ‘Jewel’ လို့ အမည်ပေးထားတဲ့ အဆိုတော်မလေး ဂျူဝယ်(လ်)ရဲ့ တစ်ကိုယ်တော်အခွေ ထွက်တာ နှစ်လကျော် သုံးလအတွင်းကို ရောက်ရှိလို့လာပါပြီ။ တဖြည်းဖြည်းနဲ့ နားထောင်လိုက်တိုင်း၊ နားထောင်လိုက်တိုင်းမှာ အရသာရှိတဲ့ ဂျူဝယ်(လ်)ရဲ့ သီချင်းလေးတွေနဲ့ပတ်သက်ပြီး သူက …

“အခွေကတော့ စီးတီးမတ်မှာရောင်းအားနံပါတ်တစ်ရတယ်လို့ ပြောတယ်။ အများ ကြီးဝမ်းသာပါတယ်။ ကျွန်တော့်ကို အားပေးကြတဲ့၊ ချစ်ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သီချင်းအနေနဲ့ Feedback ကတော့ အားလုံး မျှမျှတတပဲပေါ့။ တစ်ပုဒ်ကို ပိုကြိုက်တယ်လို့တော့ မကြားရဘူး။ အကုန်လုံးမျှမျှတတနဲ့ ကြိုက်နေတယ် ဆိုတော့ Hit ဖြစ်လာတဲ့အပုဒ်တော့ မရှိသေးဘူး။ ဒါပေမဲ့ အကုန်လုံးကို ရည်တူတန်းတူ ကြိုက်နေကြပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကလည်း အဲဒီအတိုင်းပဲ။ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းလေးဖြစ် လာတယ်ထင်ပါတယ်”လို့ သူက ဆိုပါတယ်။ ပွဲတွေမှာ ဂျူဝယ်(လ်)အများ ဆုံးဆိုရတဲ့ သီချင်းတွေက …

“ပွဲမှာတော့ ပေါ့ပေါ့ ပါးပါး သီချင်းလေးတွေဆိုဖြစ်တယ်။ ဥပမာ- Ex တို့လို သီချင်းမျိုးတွေပေါ့။ ကိုဝေကြီးရဲ့ ‘ဆုံးဖြတ်ပြီးသား’လို သီချင်းမျိုးတွေ ဆိုဖြစ်တယ်။ တချို့သီချင်းတွေကျတော့ ကိုယ်ကိုယ် တိုင်လည်း Recording မှာ တစ်ခေါက်တည်းနဲ့ ဆိုထားတဲ့သီချင်းတွေ မဟုတ်တဲ့အခါ ကျတော့ တချို့သီချင်းတွေကို သိပ်မဆိုဖြစ်သေးဘူး။ ပုံမှန်အားဖြင့်လည်း ပွဲတစ်ပွဲမှာ သီချင်းကို သုံးပုဒ်၊ လေးပုဒ်လောက်ပဲ ဆိုရတာဆိုတော့ ကျွန်တော့်အနေနဲ့က လိုက်ဖက် မယ့် သီချင်းမျိုးကို အရင်ဦးစားပေးရတာ ရှိတယ်”လို့ ဂျူဝယ်(လ်)က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here