ဖုန်းတစ်လုံးရှိရင် သီချင်းနားထောင်လို့ ရတဲ့ခေတ်မှာ တတိယ တစ်ကိုယ်တော်အခွေ ထွက်ခဲ့တဲ့ ဇွဲပြည့်ရဲ့ မျှော်လင့်ချက်

0
229

ဇွဲပြည့်ရဲ့ ‘အားကိုးပါ’ Audio CD ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အချိန် ၂ နှစ် လောက်ယူခဲ့ရတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေမှာ နားထောင် လိုက်တာနဲ့ ပေါက်မယ့်သီချင်းမျိုးတွေပါဝင်တယ်လို့ မျှော် လင့်ကြောင်း ဇွဲပြည့်က ပြောပါတယ်။ အနုပညာသက်တမ်း ၄ နှစ်ကျော် ၅ နှစ် အတွင်းမှာ သီချင်းခွေ ၃ ခွေထွက်နိုင်ခဲ့ ပြီဖြစ်တဲ့ ဇွဲပြည့်က သူ့အခွေအတွက် မျှော်လင့်ချက်ကို …

“အဓိကကတော့ ဘော်ဒါတွေ လက်ထဲကို များများစားစားရောက်မယ်။ သီချင်းလေးတွေ ပေါက်မယ်။ ပွဲလေးဆိုမယ်။ ဒါပဲမျှော်လင့်လို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခွေ ရောင်းခက အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော်တို့အခွေကူးခလောက်တောင်ပြန်ရဖို့ တော် တော် ခက်ခဲတယ်။ အခွေကူးတဲ့စရိတ်၊ နောက်ဆုံးအခွေထွက်ဖို့ ကာဗာရိုက်တာတွေကအစ အနည်းဆုံးမကုန်ဘူးဆို သိန်း ၄ဝ လောက်ကုန်တယ်။ အဲဒီတော့ ဒီသိန်း ၄ဝ ပြန်ရဖို့အတွက် အခွေ ၈ဝဝဝ၊ ၁ဝဝဝဝ လောက်ပြန်ရရင်တော့ ကာမိတာပေါ့။ အဲဒီတော့ အခွေ ၈ဝဝဝ၊ ၁ဝဝဝဝကလည်း ရောင်းရဖို့ တော်တော်ခက်ခဲတယ်။ အားလုံးက Download Link တွေနဲ့ Online ကနေ နားဆင်ကြတာများတယ်။ ဖုန်းတစ်လုံးရှိတယ်ဆိုရင် အရာရာအားလုံးရတဲ့ခေတ်ကို ရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့က အယ်ဘမ်ကြီးကိုင်ပြီး ကျွန်တော့်အခွေကို ဝယ်ပါဦးလို့ ပြောတာထက်စာရင် အွန်လိုင်းဘက်ကိုသွားတဲ့ စနစ်က ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here