ပုံမှန်ဒုက္ခ

0
148

လက်ဖက်ရည်ကြိုက်တတ်သူလို ပေါ့။ ကျဆိမ့်ကြိုက်လို့များ ပုံမှန် မဟုတ်ဘူး မထင်လိုက်ပါနဲ့။ ဒါ သူ့ရဲ့ ပုံမှန်ပေါ့။ ပုံမှန်ဖြစ်နေတာတွေက ပုံ မမှန်တော့တဲ့အခါ ဒုက္ခလို့ ညည်း တွားမိတာ ပုံမှန်မဟုတ်တာပဲ။ တ လှပ်လှပ်နဲ့ ဟာနေတဲ့အချိန်ဟာ ပုံမှန်အချိန်ဖြစ်နိုင်သလို ပုံမှန်မဟုတ် တာလဲ ဖြစ်နိုင်တာပဲ။ စမ်းရေစီးသံ တသွင်သွင်ရယ် ငါးကလေးတွေရယ် ဒါပုံမှန်ပေါ့။ ပုံမှန်ဖြစ်နေကြအရာ တွေ ပုံမမှန်တဲ့အခါ ဒီလိုတလှပ်လှပ် ဖြစ်တတ်တာပဲလား။ ရေတွေလည်း ပုံမှန်စီးမယ်။ ငါးတွေလည်း ပုံမှန်ကူး မယ်။ ပုံမှန်ဖြစ်နေတာတွေ ပုံမှန်ဖြစ် နေခဲ့ရင်လည်း ဒီလိုတလှပ်လှပ်ဖြစ် တတ်တာပဲလေ။ ဒါကကို ပုံမှန်…။

ညနက်လေပိုလှလေတဲ့ K ဇော် ရေးထားတာ ဖတ်ဖူးတယ်။ ညနက် အောင်နေရင်း လှနေတဲ့လရောင် အောက်မှာ ပုံမှန်မဖြစ်တာတွေ အကြောင်း တွေးနေရင်း ပုံမှန်ဖြစ်ခဲ့ ဖူးတယ်။ တစ်ခါတစ်ခါ ပုံမှန်မဖြစ်တဲ့ အခါ ညမနက်ဘဲ လဟာ လှနေသလို မျိုး ပုံမှန်မဖြစ်တာတွေလည်း ရှိခဲ့ဖူး တယ်။ ပုံမှန်ဖြစ်နေကြမှာ ညနက် တိုင်း လှပတဲ့လကို မြင်ရတော့မယ့် အခွင့်အရေးတွေ ထွေးပိုက်ပုံမှန်ဖြစ် ခဲ့မိတာလည်း ရှိခဲ့တာပါပဲ။

အလကားရတဲ့ ကြယ်တွေစုံတဲ့ ညက တန်ဖိုးကင်းနေသလို ပုံမှန် မဖြစ်တဲ့အခါတွေလည်း ရှိတာပဲ။ ကြယ်တွေ မစုံသည့်တိုင် ညနက်တိုင်း လှနေမယ့် လကို မျှော်လင့်လို့ရတယ်။ ညတိုင်း ကြယ်တွေစုံတဲ့ကောင်းကင် ဟာ ကြာလာတော့ လှမ်းကြည့်ဖို့ မေ့ လျော့ခံလာရတယ်။ ကြယ်တွေစုံတဲ့ ပုံမမှန်တဲ့ညကို တလှပ်လှပ်ခံစားမယ် ဆိုလည်း ရနေတာပဲလေ။

နေ့စဉ်ရင်ဆိုင်နေရတဲ့ ပုံမှန် တွေဟာ အရေးပါလာတယ်။ ပုံမှန် မဖြစ်တဲ့နေ့တွေမှာ နေရတာ တလှပ် လှပ် ဟာတာတာ ညနေခင်းတွေဖြစ် လာ …။ နေဝင်ရီတရောမှာ မျော သွားတဲ့တိမ်လို အထိမ်းအချုပ်မရှိ လွင့်ချင်တိုင်းလွင့်လာပြီး ပုံမှန်ဖြစ် လာတဲ့အခါ လွင့်နေတဲ့တိမ်တွေ တောင် ငွေ့ရည်ဖွဲ့ လာရသေးတာပဲ လေ။ ကမ္ဘာမြေအတွက် ငွေ့ရည်ဖွဲ့ ရတဲ့တိမ်လေးရေ ပုံမှန်အတိုင်းပေါ့ ကွယ် ပုံမှန်လေးပဲ ကောင်းပါတယ်။

ပုံမှန်မဟုတ်တဲ့ လမ်းတွေပေါ် ရောက်တိုင်းတော့ တလှပ်လှပ်ဖြစ်ရ တာပဲ။ ဟိုးအဝေးထိမြင်နေရတဲ့ တ ဖြောင့်တည်းလမ်းကြီးရေ ပုံမှန်ကြီး သွားရတာ မညောင်းဘူးလား။ ဒီ ဘက်ကို ကွေ့လျှောက်ကြည့်လိုက် ရှေ့ဆီမှာ ဘာရှိမလည်း မသိတက် လိုက် သက်သက်သာသာဆင်းလိုက် …။ ပုံမှန်လို့ထင်ထားတဲ့ မိုင်တိုင် ဆီ ပုံမှန်ပဲ ကွေ့ကောက် တက်ဆင်း …

လက်ဖက်ရည်ကို အရွယ်လိုက် ကြိုက်နှစ်သက်သလိုပေါ့။ ပုံမှန်ကြိုက် ရာက ကျဆိမ့်အကြိုက်တွေ့လာရ သလို အရွယ်နဲ့လိုက်ပြီးလည်း ပုံမှန် ဖြစ်နေကျတွေ ပြောင်းလာတယ်။ ည နက်တဲ့ညတွေ များလာတဲ့အခါ လှပ တဲ့လကိုမြင်ရတာ များလာခဲ့တယ်။ အတွေးတွေ နက်နဲလာသလို အတွေ့ အကြုံတွေ လှလာတယ်။ ရွေ့နေတဲ့ နာရီလက်တံလိုပေါ့ …။ ရပ်သွား တာနဲ့ ပျက်တယ်လို့ခေါ်ရပြီး မပြတ် တရစပ် တချက်ချက် လှည့်နေ လည် နေမှ ဒါဟာ ပုံမှန် …

နားလာရတဲ့ ပန်းတွေများမှ ဘယ်ဝတ်ရည်ဟာ အချိုဆုံးဆိုတာ သိရတဲ့လိပ်ပြာလိုပေါ့။ ပန်းတိုင်းကို တော့ လက်ခံနေရတာပဲ။ သစ်ကိုင်း တွေ့တိုင်း နားရတဲ့ငှက်လို အပင် ကောင်းကို ရွေးချယ်တတ်လာမယ်။ စားကျက်ကောင်းကိုရဖို့ စားကျက် များများဖြတ်သန်းဖူးရမယ်လေ။ တစ် ထစ်ချင်း တစ်ထစ်ချင်းကျ ကြည်လင် တဲ့ရေဖြစ်ဖို့ ရေနောက်တွေကို ကျော် ဖြတ်တဲ့အခါ သည်းခံရမှာ …ဒါမှ ပုံမှန်။

ခိုင်မာတဲ့ ကျောက်ကောင်းဆို တာ အထပ်ထပ်ဖိသိပ်ခံရင်း သက် တမ်းရင့်မရင့်က သူ့ခံနိုင်ရည်က ဂုဏ်ပြုခြင်းပဲမဟုတ်လား။ သစ်စေး လေးတောင် ခံနိုင်ရည်များလာတဲ့ အခါ ပယင်း ဖြစ်လာသတဲ့လေ။ ဒါ ဟာ ပုံမှန်ပါပဲ။ ကိုယ်ဟာ ပုံမှန် ကြိုက်လာတဲ့အခါ တလှပ်လှပ်ခံစားမှု ကိုပါ နှစ်ခြိုက်လာတယ်။ တလှပ်လှပ် ခံစားမှုဟာ ပုံမှန်ဖြစ်လာသည်ထိ ပုံမှန်ကို ကြိုက်နှစ်သက်သူဖြစ်လာ မယ်။ ပုံမှန်ကတော့ ပုံမှန် အတိုင်းပဲ …။

ဧမြတ်ခင်


LEAVE A REPLY

Please enter your comment!
Please enter your name here