အကောင်းဆုံးရလဒ်တွေ ပေါ်ထွက်လာဖို့ မျှော်လင့်ရင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေတဲ့ မေသက်ထားဆွေ

0
229

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းစတတ်ကတည်းက ပညာရေးကိုဦးစားပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့သူလေး မေသက်ထားဆွေတစ်ယောက် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုနေပါပြီ။ ဘာသာရပ်အားလုံးကိုပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ထားပါတယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ကတော့ ဆရာဝန်ကြီးတစ်ဦးဖြစ်ချင်တာပါပဲ။ ဂီတမှာငယ်ငယ်လေးကတည်းက အောင်မြင်မှုတွေရရှိခဲ့တဲ့ မေသက်ထားဆွေတစ်ယောက်ပညာရေးမှာလည်း အောင်မြင်မှုတွေများစွာရရှိဖို့ သူကိုယ်တိုင်ကလည်းကြိုးစားနေသလို သူ့ကိုချစ်ကြတဲ့ပရိသတ်တွေကလည်း ဆုမွန်ကောာင်းတွေတောင်းပေးနေကြပါတယ်။ မေသက်ထားဆွေရဲ့ရည်မှန်းချက်နဲ့ကြိုးစားမှုတွေက. . .

“ရည်မှန်းချက်တွေကတော့ရှိပါတယ်။ သမီး မျှော်မှန်းထားတာလည်းရှိတာပေါ့။အကောင်းဆုံးဖြစ်လာဖို့လည်းမျှော်လင့်တယ်။ ကြိုးလည်းကြိုးစားတယ်။ငယ်ငယ်ကတည်းကတော့ ဆရာဝန်ပဲမျှော်မှန်းထားတာပေါ့။ဒါပေမယ့် သမီးရဲ့အမှတ်ပေါ်မှာလည်းမူတည်သေးတာပေါ့။ သမီးစွမ်းနိုင်သလောက် အကောင်းဆုံးကြိုးစားထားပါတယ်။ အားလုံးမေတ္တာပို့ပေးကြပါ” လို့ မေသက်ထားဆွေက ပြောပြပါတယ်။

သူ့လိုပဲ မြန်မာတစ်နိုင်ငံလုံးမှာ စာမေးပွဲဖြေကြမယ့် ကျောင်းသူ၊ကျောင်းသားတွေအတွက်ကိုလည်း မေသက်ထားဆွေက. . .

“သမီးတို့မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမယ့်သူငယ်ချင်းတွေအားလုံးလည်း ဘာသာရပ်အားလုံးကိုအောင်မြင်ချော့မွေ့စွာနဲ့ ဖြေဆိုနိုင်ပြီးတော့ ဂုဏ်ထူးတွေအများကြီးထွက်ပါစေလို့ သမီးက ဆုတောင်းပေးလိုက်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here