ဇာတ်ရုပ်တိုင်းကို ပီပြင်နိုင်အောင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုလက်ခံရရှိထားတဲ့ ပြေတီဦးကတော့ ‘လူလည်ကြီးများရွာ’ ရုပ်ရှင်ဇာတ်ကားကြီး မှာ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိချောပိုတို့နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။
“ကျွန်တော်က ရွာလေးတစ်ရွာကို သွားပြီးတော့ ဆေးဆိုင်တစ်ဆိုင်ဖွင့်တယ်။ အိချောပိုနဲ့က ဒီဇာတ်ကားမှာ ဇနီးမောင်နှံတွေ။ အဲဒီရွာလေးမှာ လင်မယားနှစ်ယောက်ဆေးသွားရောင်းတယ်။ အဲဒီရွာကိုသွားပြီးတော့ လူလည်ကျထားတဲ့ ကာရိုက်တာနေရာကနေ ပါဝင်ပြီးတော့ သရုပ်ဆောင်ထားတယ်”လို့ ပြေတီဦးက ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူး နေရင်းနဲ့ ခန့်စည်သူရဲ့ မွေးနေ့နဲ့ ကြုံတဲ့အတွက် ခန့်စည်သူက ဟင်းတွေချက်ကျွေးခဲ့တဲ့အကြောင်း ကိုလည်း အခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ ရိုက်ကူးတဲ့ အချိန်တုန်းက မိုးတွင်းဘက်ကြီး၊ မိုးရွာတာကို လုလုပြီး ရိုက်ရတယ်။ ရှုတင်တည်လိုက်၊ မိုးရွာလိုက်၊ ရှုတင်တည်လိုက်၊ မိုးရွာလိုက်၊ တိတ်မယ်ထင်လိုက်၊ မတိတ်လိုက်နဲ့ ဖြစ်နေတယ်။ မိုးတွေရွာနေတော့ ရိုက်လို့မရတဲ့အချိန်မှာ ကိုခန့် ကြီး (ခန့်စည်သူ)က ဟင်းတွေချက်ပြီးတော့ ကျွေးတယ်။ ရှုတင်မှာ ချက်ကျွေးတဲ့ ဟင်းတွေအပြင်၊ ကိုခန့်ချက်ကျွေးတဲ့ ဟင်းကို စားရတာ တအားအရသာရှိတယ်။ ကိုခန့် (ခန့်စည်သူ)က ဟင်းချက်တအား ကောင်းတယ်။ ပြီးတော့ သူ့မွေး နေ့နဲ့ ရှုတင်မှာက တစ်ရက်တည်းကျတော့ မုန့်ဟင်းခါးတွေ အိုးလိုက်ကြီးချက်ကြတယ်။ ချက်ပြီးတော့ တစ်ဖွဲ့လုံးစားကြတယ်။ ပျော်စရာကြီး၊ အလှူအတန်း တွေလည်း တစ်ဖွဲ့လုံးစုပြီး လုပ်ကြတယ်” လို့လည်း ပြောပြပါတယ်။
‘လူလည်ကြီးများရွာ’ ရိုက်ကူးနေတုန်း အမှတ်တရ တွေ ရှိခဲ့တဲ့အကြောင်းကိုလည်း ပြေတီဦးက အခု လိုပြောပြခဲ့ပါသေးတယ်။
ဒီ ‘လူလည်ကြီးများရွာ’ ရုပ်ရှင် ဇာတ်ကားမှာ ဒါရိုက်တာကိုပေါက်ရွေးထားတဲ့ လိုကေးရှင်းလည်း ဇာတ်ကားနဲ့ တအား လိုက်ဖက်မှုရှိတယ်။ အဲဒီရွာမှာရှိတဲ့ ပရိသတ်တွေကလည်း ရှုတင်ရိုက်ကွင်းကို သိပ်မကြုံဖြစ်ဘူး။ ပရိသတ်တွေက တအား အားပေးကြတယ်။ ပရိသတ်တွေ တအားများတော့ နည်းနည်းညှိနှိုင်းပြီး ယူရတာ တွေတောင် ရှိတယ်။ အသံနည်းနည်းတိုးပေးပါ၊ လူနည်း နည်းရှင်းပေးပါဆိုပြီး ညှိယူရတယ်။ ပရိသတ်တွေက စကားလည်း နားထောင်တယ်။ တကယ်ချစ်ဖို့လည်း ကောင်းတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ- အောင်ဇော်မင်း