မာယာများတဲ့တော

0
331

မမေ့သင့်မမေ့ထိုက်
မမေ့ကြခဲ့ နှစ်ငါးဆယ်
မြေခွေးတွေ အုပ်စိုးခဲ့ကြ
မုဒိန်းအထပ်ထပ် အကျင့်ခံရပြီး
သွေးအလူးလူးနဲ့
တောဟာ ဒဏ်ရာတွေ ဗရပွနဲ့
မရှုနိုင်မကယ်နိုင်သေးဘူး
ယုန်တွေ မီးတင်ရှို့ခံရ
သိုးတွေလည်း လည်စင်းပေးရ
ဒေါင်းတွေ ဝါးမြိုခံခဲ့ရတဲ့
စနေတွေ စနေတွေ စနေတွေ
ချိုးဖြူဟာ လှောင်ချိုင်ထံမှာ
သတ်ဖြတ်သုတ်သင်ခံရတယ်။
‘မိုးပေါ်ထောင်မပစ်’တဲ့
မြေခွေးဘုရင်နောက်ကို
ခြင်္သေ့တွေ
မြေခွေးတွေ မာန်စွယ်တဖွေးဖွေး
ခြေရာနင်းခဲ့ကြ
ကျားတွေ ဝံပုလွေတွေ
အသားမစားဘူးဆိုပြီး
မစားတတ်တဲ့ သမင်ကို
ခြေတော်တင်ကြ
တောရဲ့အစာ အာဟာရ
ရေ၊ မြေ၊ လေ ပိုင်ဆိုင်သမျှ
အသားစားသူတွေ အစားကျူးသူတွေ
ရက်စက်ယုတ်မာသူ
တိရစ္ဆာန်အုပ်စုတွေ
အဓမ္မအုပ်စိုးလို့
တောဟာ ပြိုပျက်လဲကျ
အခွံအတိဖြစ်ခဲ့တယ်။
အရွေ့အရွေ့ အပြောင်းအပြောင်းလို့
အော်နေတဲ့
မြေခွေးစနက်တောဟာ
မမေ့ မမေ့ အလောင်း အလောင်းလို့
ပျော်နေတဲ့
မအေပေးအခွက် အပြောတွေကြောင့်
ပုပ်အဲ့နံစော် ဟောင်ညှီခဲ့ရ
နှစ်ငါးဆယ်ကျော်
ရက်ရက်စက်စက်နင်းခြေခံခဲ့ရတော့
အပျိုရည်အဖျက်ခံရတဲ့အပျိုစင်လို
အသိတရားတွေ အာဟာရတွေ
ရုပ်ဝတ္ထုတွေ မဖွံ့ ဖြိုးခဲ့ဘူး
မုန်တိုင်းနဲ့ ထုတ်ပြန်ရေးဆွဲထားတဲ့
ကြိုးဝိုင်းသေတမ်းစာတစ်အုပ်နဲ့
ငစဉ်းလဲ ဝံပုလွေတွေရှေ့တော်မှောက်မှာ
တောတိရစ္ဆာန်တွေ
ဝပ်စင်းပေးခဲ့ကြရတယ်။
‘တောပြောင်းပြီး ပါးရိုက်မယ့်’
တောခွေးနဲ့
‘တစ်နေ့သစ်ရွက် သစ်ခက်
နှစ်ခုလောက်နဲ့
လောက်ငှအောင် ခွဲတမ်းပေးချင်သူ’ ဝံပုလွေနဲ့
‘လိုတာမရလို့
ဟိန်းဟောက်ခြိမ်းခြောက်ချင်သူ’
ခြင်္သေ့နဲ့ မြေခွေးတို့ရဲ့ အဆွေအပါး ‘မျိုးညစ်’တိရစ္ဆာန်တွေနဲ့
‘အရိုးကိုက်ချင်သူ’နဲ့
တောဟာ မွှေကောင်းတိုင်းမွှေခံနေရတဲ့ ဖာသည်မကိုဖြစ်လို့
ဖာထေးရင်း ဖာထေးရင်း
ဖာရာပေါက်လာတဲ့
ဖာပျက်တော ဖြစ်နေတာတောင်
လဒ(လင်းတ)တွေက
အသားစားကျူးသူကို
တောဘုရင်ဘွဲ့ ဆက်ပေးချင်ဆဲ
လက်သိပ်ထိုးမြဲ
လော်နေဆဲ၊ ဘီနေဆဲ၊ အီနေဆဲ
ထနေဆဲ၊ မနေဆဲ၊ ရွနေဆဲ
အခွံပဲ ကျန်နေရစ်တဲ့တောမှာ
ဆားပျောက်၊ မြစ်ပျောက်၊ အိုင်ပျောက်
တောပျောက်
တောင်ပျောက်တာတောင်
အမွေခံ တောဘုရင်ကို ကျီးကန်းတွေ ဝိုင်းအာနေဆဲ
သိုးမည်းတွေ သစ္စာမဲ့နေဆဲ
မြေခွေးနဲ့ အပေါင်းပါတွေ ပျော်နေဆဲ
ပြောမဆုံးပေါင် တောသုံးတောင်နဲ့
အံ့ဖွယ်အတိတွေရှိတဲ့ ဒီတောမှာ
ဝံပုလွေအူသံတွေကြားတိုင်း
မြေခွေးက ပြုံးဖြီးဖြီးကြီး
စားမာန်ထခုတ်တယ်။

အောင်သင်းမိုး


LEAVE A REPLY

Please enter your comment!
Please enter your name here