အကယ်​ဒမီပေးပွဲမှာ ရှိစေချင်တဲ့လူနှစ်​ယောက်​မရှိတော့ လက်​မောင်းနှစ်​ဖက်​ ပြုတ်​သွားသလို ခံစားရတယ်​ ဆိုတဲ့ သားညီ

0
288


အနုပညာလောကမှာ သရုပ်​ဆောင်​အဖြစ်​လည်း ဇာတ်​ကားတွေ မှာ ပါဝင်​သရုပ်​ဆောင်​သလို ဒါရိုက်​တာအဖြစ်​လည်း လုပ်​ကိုင်​နေသူက သားညီပါ။ အခုလက်​ရှိမှာတာ့ ဟိန်း ဝေယံ၊ အုပ်သာကျော်၊ ငြိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုးတို့နဲ့ ရင်​ခွင်​ရှင်း တမ်းဆိုတဲ့ ရုပ်​သံဇာတ်​လမ်းတွဲ ရိုက်​ကူးနေတယ်​လို့ သိရပါတယ်​။ မကြာခင်​မှာ ကျင်းပတော့မယ့်​ အကယ်​ဒမီ ပေးပွဲနဲ့ ပတ်​သက်​ပြီး သား ညီက…

“ဒီနှစ်​အကယ်​ဒမီပွဲမှာ ကျွန်​တော်​ရှိစေချင်​တဲ့ လူနှစ်​ယောက်​ မရှိ ဘူးလေ။ ကိုသားကြီးကိုလည်း ရှိစေချင်​တယ်​။ မင်းသွေးကိုလည်း ရှိစေ ချင်​တယ်​။ အဲဒီနှစ်​ယောက်​မပါတဲ့ အကယ်​ဒမီပေးပွဲကို ကျွန်​တော်​တက်​ရမှာ။ တစ်​ယောက်​ကအစ်​ကို၊ တစ်​ယောက်​က ညီ၊ ကျွန်​တော့်​လက်​မောင်းနှစ်​ဖက်​ ပြုတ်​သွားသလို ခံစားရတယ်​”လို့ ပြောပြပါတယ်​။
မင်းသွေးကို မုန်းစွဲနဲ့ ပရိသတ်​တွေက အကယ်​ဒမီရစေချင်​ကြတဲ့ အပေါ်…

“အမှန်​အတိုင်း ပြောရရင်​ ကျွန်​တော်​ မရစေချင်​တော့ဘူး။ ရလည်း သိမှာမဟုတ်​တော့ဘူး။ မသေခင်​ ရရင်​ အကုန်​ပျော်​ရမှာ။ သေမှ ရတယ်​ဆိုတော့ သူလည်း မသိဘူး။ ကျွန်​တော်​တို့လည်း စိတ်​မကောင်း ဖြစ်​ရတယ်​။ အဲဒီဆုကြီးကတော့ တစ်​မျိုးကြီးပဲ၊ အလကား ဖြစ်​သွားမယ်​လို့ စိတ်​ထဲမှာ ထင်နေတယ်​။ ကျွန်​တော့် တစ်​ယောက်​တည်း အမြင်​ပါ။ သူ့ပရိသတ်​တွေ ရစေချင်​သလို၊ ကျွန်​တော်​လည်း ရစေချင်​ပါတယ်​။ ဘာမှ မသိတဲ့ အချိန်​မှာတော့ ပေး မနေပါနဲ့တော့။ သူ့အတွက်​ မှတ်​တိုင်​တစ်​ခု ဆိုပေမယ့်​ သူမသိတော့ဘူး။ နိုဝင်​ဘာ၊ ဒီဇင်​ဘာ၊ ဇန်​နဝါရီ ၃ လ ဆက်​တိုက်​ သူ့ ကားတွေ တင်​တယ်​။ သူ့ကို ရှိစေချင်​တယ်​။ သူအဲဒီကားတွေကို တအားမျှော်လင့်၊ တအားအားထားခဲ့တာလေ။ သူအားထား ခဲ့တဲ့ ကားတွေ အကုန်​ရုံတင်​တယ်​။ အဲဒီ အချိန်​မှာ သူမရှိတော့ဘူး။ အဲဒီအတွက်​ တော့ စိတ်​မကောင်းဘူး” လို့ သားညီက ပြောပြခဲ့ပါသေးတယ်​။
အကယ်​ဒမီနဲ့ပတ်​သက်​ပြီး ရစေချင်​တဲ့ သူရှိတယ်​ဆိုတာကို…

“ဒီနှစ်​ အကယ်​ဒမီ ဆိုရင်​ မုန်းစွဲကို ရစေချင်​တယ်​။ ဘာဖြစ်​လို့လဲဆိုတော့ အသိပညာတစ်​ခုလည်း ပေး တယ်​။ ပါဝင်​တဲ့ သရုပ်​ဆောင်​တွေကလည်း အံ့ဝင်​ခွင်​ကျဖြစ်​တယ်​။ ဇာတ်​လမ်းသယ်​ဆောင်​မှုလည်း အားကောင်းတယ်​။ ပရိသတ်​တွေလည်း ဝက်​ဝက်​ကွဲအား ပေးကြ တယ်​။ ကျွန်​တော်​ကတော့ တစ်​ဆု မဟုတ်​၊ တစ်​ဆု ရစေချင်​တယ်​။ အဲဒီကားမှာ ကျွန်​တော်​အကြိုက်​ဆုံး သရုပ်​ဆောင်​ဆို မအေး သောင်း၊ ကိုနေတိုးကတော့ သူ့ သဘောအရ အရမ်းကြီး ထူးထူးဆန်းဆန်း သရုပ်​ဆောင်​ရတယ်​လို့ ကျွန်​တော်​မထင်​ဘူး။ ဘာလို့လဲ ဆိုတော့ အခြားကားတွေမှာ သူဒီထက်​ကောင်းအောင်​ အများကြီး သရုပ်​ဆောင်​ထားတာ တွေ့ဖူးတယ်​။ မအေးသောင်းက တော့ အဲဒီဇာတ်​လမ်းတစ်​ခုလုံးကို သယ်​သွားနိုင်​တယ်​လို့ ထင်​တယ်​။ သူပေါ်လာပြီ ဆိုတာနဲ့ လူတွေကခဏလေး ပျော်​ရတယ်​။ သူအိုက်​တင်​ တစ်​ခုချင်းစီကို Details လုပ်​သွားနိုင်​တယ်​။ ကျွန်​တော်​ကတော့ သူ့ကို ပိုရစေချင်​တယ်​” လို့ ပြောပြခဲ့ပါသေး တယ်​။

ခိုင်​ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here