နေရစ်တော့မြသီလာတမ်းတခြင်း

0
191

ရန်ကုန်တက္ကသိုလ် နှစ် ၉ဝ ပြည့် နေရစ်တော့ မြသီလာ … ကိုအောင်ပြည့်ရဲ့ ပြိုမှလေလားမိုးရဲ့ ဝတ္တုမျက်နှာဖုံး ပန်းချီပုံကို ရေးဆွဲခဲ့ ရတယ်။ ကျောင်းသားနောက်ခံလှုပ် ရှားမှု ပုံရိပ်တွေနှင့် ပုံဖော်ခဲ့ရတယ်။ မျက်နှာဖုံး ပန်းချီကားတစ်ချပ်ပေ။

မြသီလာဖြစ်လေမလားမသိ အမျိုးသမီးပုံလေးပါ။ ရေးဖွဲ့ ရေး ဆွဲစေခဲ့ပြီး သူနှင့်အတူ အထောက် တော်လှအောင်ရဲ့ စာအယ်ဒီတာ ဘဝ သတင်းဂျာနယ်တွင် လုပ်ကိုင်ခဲ့ ရင်း ကျွန်တော်နဲ့ ဒုတိယအကြိမ် ပြန်လည်သိကျွမ်းခဲ့ရတယ်။

အရင်နှစ်များဆီက ဦးဆောက် ပန်းကို ၁၉၆၅ လောက်က ဖြစ်လိမ့် မယ် အဲဒီအချိန်ကထဲက ဦးဆောက် ပန်းဆီကို ကျွန်တော်တို့ ရောက်ခဲ့ တယ်။ ဦးဆောက်ပန်းစာအုပ်ဆိုင် လေးကို ကမာရွတ် လှည်းတန်းအဝိုင်း နားမှာ အရှေ့ဘက်လှည့်ပြီး ဖွင့်ခဲ့သူ ပါ။ အဲ့ဖွင့်တဲ့အချိန်က စားပွဲရဲ့ အံဆွဲ ထဲမှာ အကြွေလေးတွေ အမြဲထည့် ထားပေးတယ်။ လိုတဲ့သူတွေ ယူသွား လို့ရအောင် ဆိုတဲ့ စိတ်နဲ့ပေါ့။

သူစာအုပ်ရောင်းတဲ့ အခန်း လေးမှာ မယ်ဒလင်လေးရှိတယ်။ ပြို မှာလေလားမိုးရဲ့တို့၊ နွေနှောင်း ဝဿန်တို့ကို မယ်ဒလင်လေး တီးတီး ပြီးတော့ သီဆိုရေးဖွဲ့ခဲ့တယ်။

အနုပညာအပေါ် စွဲစွဲလမ်းလမ်း တမ်းတမ်းတတနှင့်ပင်။

ဘဝခံစားချက်၊ စာပေခံစား ချက်တွေနှင့်အတူ ဦးချစ်ဆိုင်ရဲ့ လက်ဖက်ရည်ချိုချိုလေး သူနှင့်အတူ တခါတလေ ကိုဝဏ္ဏတို့နှင့်ပါသောက် ခဲ့ရတယ်။
မြသီလာတို့ နယ်မြေ …
ချစ်ရက်ရှည်ရှည် အင်းယား မြေ …

အဲဒီအချိန်က ကိုမြသိန်းရဲ့တေး သီချင်းတွေ ခေတ်စားနေတဲ့အချိန်၊ သူနှင့်အတူ တွံတေးသိန်းတန်လည်း ခေတ်စားချိန်ပါပဲ။
နေရစ်တော့ မြသီလာ မျက်နှာ ဖုံးလေး ရေးဆွဲပေးခဲ့တဲ့နှစ်များက ၄၅ နှစ်လောက်ရှိတော့မည်။ အဲဒီပုံ လေးကို ပြန်လည်သတိရနေရင်းနဲ့ မြ သီလာ …

နေရစ်တော့ မြသီလာ မြသီလာ ရဲ့ တမ်းတတဲ့၊ လွမ်းရတဲ့ သူ့လက် ဆောင်
သူ
သူသည် အထုပ်ကို ထမ်း၍
နေရပ်မှ ထွက်လာခဲ့၍
လောကသစ်သို့ ဝင်ခဲ့သူ။
ဤလောကသစ်၊ ဤနေရာသစ်တွင် ရာသီစုံပန်းများ
ဖူးဖူးပွင့်ပွင့် ဝေဝေ။
တောတောင်ရေမြေ ရှုခင်းတွေက
ယိမ်းညွတ်သာယာနေသည်။
တောလျှိုမြောင်ကြားတွင်
ပညာဗိမာန်သစ်တို့သည်
ဟည်းထ၍ ခံ့ညားထည်ဝါစွာ။
ဤလောကသစ်၊ ဤနေရာသစ်၊
ဤဝန်းကျင်သစ်သို့
သူသည်
မရဲဝံ့ဝံ့၊ ရဲဝံ့ဝံ့ဖြင့် လှမ်းဝင်လာခဲ့စဉ်က
မြသီလာတဲ့လား …
ငြိမ်းချမ်းပါတယ်၊ နွေးထွေးပါတယ်။
ဝေဆာကြည်နူးဖွယ်အတိပါ။
ဒါပေမယ့် …
ရင်ထဲမှာ အနာတစ်ခုမရဘဲနဲ့တော့
ဘယ်သူမှ သူ့ဆီက
စွန့်ခွာထွက်မပြေးနိုင်ဘူး …

ခံစားချက်လေးတွေ
တက္ကသိုလ်ပညာ၊ စုံစီနဖာ
ဘာဆို ဘာရရ၊ သင်မလို့ ကျွန်တော် လာခြင်း ကြာပြီကော
၎ နှစ် ၅ နှစ်မက၊ ၆ နှစ် ၇ နှစ်မက၊ ၈ နှစ် ၉ နှစ်ကြာ
တက်လိုက်ရတဲ့ ကျောင်း
ကျက်လိုက်ရတဲ့ စာ။

တက္ကသိုလ်မှာ
စာတစ်ခုတည်း
မိုက်မိုက်ကြီး လိုက်ဖမ်းမမိ
နှစ်ရှည်လများစွာ
ဟိုစပ်စပ် ဒီစပ်စပ်လေးတွေ
ကျွန်တော်လေ စုံနေတာပဲ၊
အများကြီး။

တက္ကသိုလ်နေတဲ့ ကာလ
အလှတွေလည်း ပြိုးပြိုးပြက်ပြက်
ဒုက္ခတွေလည်း မျိုးမျိုးမြက်မြက်၊
စုံတကာစေ့၊
မောဟိုက်ပန်းလျခွေ။

သည်တော့လည်း လေ
ရင်ထဲတင်းကြပ်ပြည့်လာတယ်
ထွက်မပြူ မြုံနေတဲ့
ခံစားချက်လေးတွေကိုလည်း
ကြာတော့ သနားလာတယ်
ဒါကြောင့်ပေါ့
ထွက်ပါစေ၊ ပြူပါစေလို့
ဖြန့်ဝေပြီး ကျွန်တော်ပေးတာ။

ခင်ဗျားတို့လည်း
ကျွန်တော့်လိုပဲ၊ အနည်းနဲ့အများ၊
မူကွဲလေးတွေပေါ့။

ပန်းချီတင်လှဝင်းထင်


LEAVE A REPLY

Please enter your comment!
Please enter your name here