‘ဘာတွေဖြစ်’တေးအယ်ဘမ်မှာ ဝါဆိုမိုးဦးကို ချစ်တဲ့အကြောင်း တွေ ရေးသားထားတဲ့ ဖြိုးလေး(Snare)

0
192

ဖြိုးလေးရဲ့ ‘ဘာတွေဖြစ်’ တေးအယ်ဘမ်ကို မတ်လ ၉ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။Snare အဖွဲ့အနေနဲ့ မဟုတ်ဘဲ နေဝင်းကလည်း နေဝင်းသက်သက်၊ ဖြိုးလေးကလည်း ဖြိုးလေးသက် သက် ထွက်ရှိလာတာဖြစ်ပါတယ်။

”ကြိုးစားတာတော့ ကြိုးစားပါတယ်။ ၃ လပိုင်းမှာ ထွက်ချင်တဲ့ အတွက် သီချင်းတွေစု၊ သီချင်းတွေရေး ၁ဝ လပိုင်းကနေ ၃ လပိုင်း အထိ အခွေအတွက်ချည်းပဲ စိတ်နှစ်ပြီးတော့ လုပ်နေရတာပေါ့။ လုံးဝ မနားပါဘူး။ အသားကုန်ကြိုးစားထားပါတယ်”လို့ အခွေနဲ့ ပတ်သက်ပြီး ဖြိုးလေးကပြောပါတယ်။

‘ဘာတွေဖြစ်’ ထဲက သီချင်းပုံစံတွေက …

”ပုံစံတွေကတော့ ကျွန်တော်တို့ဆိုနေကျပုံစံလေးတွေပါမယ်။ ပြီးရင် ကျွန်တော်ဆိုနေကျ ပုံစံလေးတွေပါမယ်။ ဖီးချားရင်းတွေကတော့ ကိုဂျီလတ်ပါမယ်။ ကိုစောညီညီပါမယ်။ မိုးမိုး ပါမယ်။Snare ပါမယ်။ G.Family ပါမယ်။Bunny Phyo ပါမယ်။G.Fatt ပါမယ်။ သီချင်း တွေကတော့ သူငယ်ချင်းတွေနဲ့ လုပ်တဲ့သီချင်းတွေလည်းပါမယ်။ ပြီး တော့ ကျွန်တော်တစ်ယောက်တည်းသီချင်းတွေလည်း ပါပါမယ်”လို့ ဖြိုးလေးကပြောပါတယ်။ ချစ်သူအကြောင်းရေးထားတဲ့ သီချင်းတွေပါ သေးလား။ ဘယ်လိုမျိုးလဲလို့ ဖြိုးလေးကိုမေးတော့ …

“ပါ ပါတယ်။ ဒီလိုပဲပေါ့။ ချစ်တဲ့အကြောင်းတွေပေါ့(ရယ်လျက်)။ ဝါဆိုနဲ့ တစ်ပုဒ် လည်း တွဲပြီးဆိုထားပါသေးတယ်။Black List ဆိုတဲ့သီချင်းပေါ့။ သူနဲ့က အချစ်သီချင်းဆိုမယ် ဆိုပြီး စဉ်းစားထားတာ။ ရွေးရင်းရွေး ရင်းနဲ့ အခုတော့ မုန်းတဲ့အကြောင်း အရာလေးကို ရွေးဖြစ်သွားတာပါ။ အဲဒါကတော့ တေးရေးဝေကြီးရေး ပေးထားတာပါ။ ကျွန်တော်ကတော့Rap တွေရေးထားတာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here