အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ် ပြေတီဦး

0
263

ပရိသတ်ရဲ့အားပေးမှုတွေအ ပြည့်ရရှိထားတဲ့ ပြေတီဦးက လတ် တလောမှာတော့ အသဲကွဲသာဓု ဆိုတဲ့ဇာတ်ကားကို ဇေရဲထက်၊ နွယ်ဒါလီထွန်းတို့နဲ့ ရိုက်ကူးနေတယ် လို့ သိရပါတယ်။ ဗီဒီယိုဈေးကွက် ပျက်ပြီး ဇာတ်လမ်းတွဲတွေ ခေတ် စားလာတဲ့အပေါ် ပရိသတ်တွေအ တွက်ရော ဘယ်လိုမျိုးအားသာချက် တွေ ရှိမလဲလို့ မေးကြည့်တဲ့အခါမှာ တော့ ပြေတီဦးက . . .

“ပရိသတ်တွေအနေနဲ့ ဗီဒီယို ဈေးကွက် ပျက်သွားပေမယ့် လည်း ရုပ်ရှင်ကားကောင်းတွေ ပေါ်လာ တယ်။ ပြီးတော့ ဇာတ်လမ်းတွဲတွေ ပေါ်လာတယ်။ အခုနောက်ပိုင်းဆို ရင် ဇာတ်လမ်းတွဲတွေကြည့်တဲ့ ပရိသတ်တွေတော်တော်များလာတာ ကို ကျွန်တော်တို့တွေ့ရတယ်ပေါ့ နော်။ နယ်မှာရှိတဲ့ပရိသတ်တွေအ တွက် ဗီဒီယိုအခွေတွေ ငှားတဲ့ဆိုင် တွေ မရှိပေမယ့် ဒီလိုမျိုးဇာတ်လမ်း တွေ၊ ဇာတ်လမ်းတွဲတွေကို TV မှာ တစ်ခါတည်းကြည့်ရတဲ့အခါကျတော့ သူတို့အတွက်လည်း အဆင်ပြေတယ်။ မြို့မှာနေတဲ့သူတွေကပဲ ရုပ်ရှင်ဇာတ် ကားတွေ ကြည့်ရတာမဟုတ်ဘဲ နယ် တွေမှာရှိတဲ့ ပရိသတ်တွေကလည်း ရုပ်ရှင်ဇာတ်ကားလိုမျိုး ဇာတ်လမ်း တွဲတွေ ကြည့်ရတဲ့အတွက် အဆင် ပြေမိတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပါတယ်။
ပြီးပြည့်စုံတဲ့ မိသားစုတစ်စုကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ ရင့်ကျက်မှု တွေရှိနေပြီလားလို့ မေးကြည့်တဲ့အခါ မှာတော့ ပြေတီဦးက . . .

“ကျွန်တော့်မိသားစုဘဝလေး ကို ကျွန်တော်ကျေနပ်တယ်။ သားနဲ့ သမီးနဲ့ကလည်း အရမ်းချစ်ဖို့ကောင်း တယ်။ အူဝဲကလည်း ဘာမှအပြစ် ပြောစရာမရှိတဲ့ ကျွန်တော့်ရဲ့ အမျိုး သမီးကောင်းတစ်ယောက်ဖြစ်နေ တော့ ကျွန်တော့်မိသားစုဘဝလေး ကို ကျေနပ်တယ်။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ကျွန်တော့်မှာ ရင့်ကျက်မှုတွေ၊ ရောင့်ရဲတင်းတိမ်မှု တွေ ရှိလာပြီလို့ ခံစားရတယ်။ အနု ပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ မိသားစုပိုင်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ပျော်စေချင်တယ်။ ပျော် အောင်ထားချင်တယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပျော်အောင် နေချင်တယ်။ ဘာမှကို အရမ်းကြီး အပြင်းအထန်မဖြစ်ဘဲ အေးအေး ဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ပဲ ဘဝ ကို ဖြတ်သန်းချင်တယ်။ အကုန်လုံးအ ပေါ်မှာလည်း စေတနာထားပြီးတော့ ကိုယ့်ရဲ့ကျန်ရှိနေတဲ့ ဘဝကို အကောင်းဆုံး ဖန်တီးချင်တယ်”လို့ ပြောပါတယ်။
လတ်တလောမှာတော့ ပြေတီ ဦးက ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော် ငြာတွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရ ပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here