၂ဝ၁၉ နွေရာသီမှာ tvN ရုပ်သံလိုင်းကနေ ကြည့်ရှုရတော့မယ့် ဇာတ်လမ်းတွဲသစ်များ

0
193

ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေက ဇာတ်အိမ်ခိုင်မာပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွဲတွေကိုပဲ ကြိုက် နှစ်သက်ကြတာပါ။ ဒါကြောင့် ၂ဝ၁၉ နွေဦးရဲ့ အချစ်၊ ဟာသ၊ အက်ရှင် ဇာတ်လမ်းတွဲ အသစ်များစွာကို စုစည်းတင်ပြလိုက်ပါတယ်။

“He is Psychometric” ဇာတ်လမ်းတွဲကိုGOT7 ရဲ့ အဖွဲ့ဝင် Jinyoung နဲ့ မင်းသမီး Shin Ye Eun တို့က ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဇာတ်လမ်းတွဲကိုတော့ မတ် လ ၁၁ ရက်နေ့မှာ စတင်ပြတော့မယ်လို့ သိရပါတယ်။

“Her Private Life ” အချစ်ဇာတ်လမ်းတွဲကိုတော့ နာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Park Min Young ၊ Kim Jae Wook နဲ့ Kim Bo Ra တို့က ပါဝင်မယ်လို့ သိရပါ တယ်။ ဇာတ်လမ်းတွဲကို ဧပြီ ၁ဝ ရက်နေ့မှာ tvN အစီအစဉ်မှာ စတင် ပြတော့မှာပါ။

“Abyss” ဇာတ်လမ်းတွဲကိုတော့ မင်းသမီး Park Bo Young နဲ့မင်း သား Ahn Hyo Seop တို့က ပါဝင်ထားပါတယ်။

“Asadal” ဇာတ်လမ်းတွဲကိုတော့ မင်းသား Song Joong Ki ၊ Kim Ji Won၊ Jang Dong Gun နှင့် Kim Ok Bin တို့ ပါဝင်ထားတယ်လို့ သိရပါတယ်။ “Asadal” ရဲ့ ဇာတ်ညွှန်းကို”The Great Queen Seon Deok” ကို ရေးသားခဲ့တဲ့ Kim Young Hun နဲ့Park Sang Yeon တို့က ရေးသား ထားတာဖြစ်ပြီး ထုတ် လုပ်သူက Kim Won Seok လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here