ပရိသတ်တွေမျှော်လင့်နေတဲ့ Game Of Thrones နောက်ဆုံး ရာသီ ဇာတ်လမ်းတွဲ နမူနာပြသ

0
184

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

ပရိသတ်တွေကြားမှာအအောင်မြင်ဆုံး ရုပ်သံစီးရီးဖြစ်တဲ့ “Game of Thrones” နောက်ဆုံးဇာတ်သိမ်းရာသီတွဲ အမှတ်၈ရဲ့ နမူနာဇာတ်လမ်းတိုကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ကထုတ်လွှင့်ခဲ့ပါတယ်။ အချိန် နှစ်မိနစ်နီးပါးရှိတဲ့နမူနာကို ၀င်ရောက်ကြည့်ရှုသူဟာ အင်္ဂါနေ့ နေ့လယ်ပိုင်းမှာတင် ၁၁ သန်းကျော် ရှိခဲ့တယ်လို့ ဇာတ်ကားရဲ့ပြောရေးဆိုခွင့်ရှိသူကတွစ်တာမှာပြောဆိုလိုက်ပါတယ်။

စတင်ပြသမယ့် ရက်က လာမယ့်ဧပြီလ ၁၄ ရက် ဖြစ်ပြီး ဇာတ်လမ်းအပိုင်းခြောက်ခု ပါဝင်မှာဖြစ်ပါတယ်။ အပိုင်းတစ်ခုစီကို ပြသချိန် တစ်နာရီကျော်ကျော်ရှိတယ်လို့လည်းသိရပါတယ်။ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ရာသီအမှတ် ၇မှာ ဇာတ်လမ်းအပိုင်း တစ်ပိုင်းချင်းစီကို ၀င်ရောက်ကြည့်ရှုသူ ပျမ်းမျှ ၃၁သန်း နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

“Game of Thrones” စိတ်ကူးယဉ် အမေရိကန်ရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၁ခုနှစ်ဧပြီလ ၁၁ ရက်က စတင်ပြီး HBO ရုပ်သံကနေ ထုတ်လုပ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းကတော့ GRRM လို့နာမည်ကျော်တဲ့ စာရေးဆရာ ဂျော့ခ်ျရေမန်ရစ်ချတ်မာတင်ရဲ့”A Song of Ice and Fire” လို့အမည်ရတဲ့ ထူးဆန်းအံသြဖွယ်အချစ်အလွမ်းဝတ္တုဇာတ်လမ်းတွဲတွေပဲဖြစ်ပါတယ်။

Ref : CNN

[/spb_text_block] [spb_video link=”https://www.youtube.com/watch?v=wA38GCX4Tb0″ remove_related=”yes” autoplay=”no” full_width=”no” width=”1/1″ el_position=”first last”]


LEAVE A REPLY

Please enter your comment!
Please enter your name here