လက်သံပြောင်တဲ့ ဒေမီလိုဗတိုကြောင့် နည်းပြဖြစ်သူ ဂျေးဂလေဇာရှေ့သွားကျိုး

0
120

မတ်လ၅ရက်ကတင်လိုက်တဲ့ အဆိုတော ဒေမီလိုဗတို ရဲ့ အင်စတာဂရမ် ဗွီဒီယိုတစ်ကွက်က ပရိသတ်တွေကို တစ်အံ့တသြဖြစ်စေခဲ့ပါတယ်။ အသက်၂၆နှစ်အရွယ် ကမ္ဘာကျော်အဆိုတော် ဒေမီလိုဗတိုဟာ မတ်လ၅ရက်နေ့က သူ့ရဲ့လက်ဝှေ့နည်းပြဆရာ ဖြစ်တဲ့ အမ်အမ်အေ နည်းပြဆရာ လူသန်ကြီး ဂျေးဂလေဇာနဲ့လေ့ကျင့်ထိုးသတ်ခဲ့ပါတယ်။

ဒီလိုထိုးသတ်နေတုန်း ဒေမီလိုဗတိုရဲ့လက်သီးချက်မိသွားပြီး ဂျေးဂလေဇာရဲ့ရှေ့သွားတစ်ချောင်းဟာကျိုးပဲ့သွားခဲ့ရပါတယ်။အင်မတန်မှဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပါတယ်။
လေ့ကျင့်ထိုးသတ်မှုအပြီးမှာတော့ နည်းပြဖြစ်သူ ဂျေးက ကျိုးသွားတဲ့ သူ့သွားအပဲ့ကို ကိုင်မြှောက်ပြီး ဒေမီလိုဗတိုဟာ ဒီပွဲရဲ့အနိုင်ရရှိသူဖြစ်ကြောင်းရယ်မောပြီးကြေငြာခဲ့ပါတယ်။ဒေမီကတော့အားလည်းနာ၊ စိတ်လည်းမကောင်းဖြစ်ရဲပြီး ဂျေးကိုပွေ့ဖက်ပြီးတောင်းပန်စကားဆိုခဲ့တဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ထားတာတွေ့မြင်ကြရမှာဖြစ်ပါတယ်။

Ref: Hollywoodlife


LEAVE A REPLY

Please enter your comment!
Please enter your name here