မွေးနေ့အလှူအဖြစ် လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

0
388

သရုပ်ဆောင်ခိုင်နှင်းဝေက မွေးနေ့အလှူအဖြစ် မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားမသန်စွမ်းများကို ခြေထောက်အတုများတပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်။အလှူနဲ့ပတ်သတ်လို့ခိုင်နှင်းဝေက…

“ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့မသန်စွမ်းတွေ လူကောင်းတစ်ယောက်လိုသွားလာလှုပ်ရှားနိုင်ဖို့ ရည်ရွယ်ပြီးခြေထောက်အတုတွေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့လှူဒါန်းရာမှာ ခြေထောက်နှစ်ချောင်းပြတ် လူနာကို လှူဒါန်းဖို့အတွက် ဆက်သွယ်ခဲ့ပေမယ့် ခရီးလွန်ပြီး အဆက်အသွယ်မရတော့ ခြေထောက်တစ်ချောင်းပြတ်မသန်စွမ်းများကိုသာ
ဒီနေ့လှူဒါန်းဖြစ်ခဲ့ပါတယ်။ပြီးတော့ ဈေးဗန်းခေါင်းရွက်ဈေးသည်တွေကိုလည်း အရိပ်ရစေဖို့ ထီးနဲ့အမောပြေအအေးတွေလည်း ဈေးထဲသို့လိုက်လံလှူဒါန်းခဲ့ပါတယ်။ကျွန်မမွေးနေ့အလှူက ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ အလှူဖြစ်တဲ့အတွက် ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပြပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေက မွေးနေ့မှမဟုတ်ဘဲ လိုအပ်တဲ့နေရာတွေကို အမြဲလှူဒါန်းနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here