၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲ အတွက် ခါရာ့ ရင်ခုန်သံ

0
292

၂၀၁၈ ခုနှစ်အကယ်ဒမီပေးအပ်ပွဲကို မတ်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ သုဝဏ္ဏ The One Entertainment မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲကြီး နီးလာတာနဲ့အမျှ ရုပ်ရှင်အနုပညာရှင်တွေအားလုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းအကယ်ဒမီနဲ့ပတ်သတ်လို့ ခါရာရဲ့ ရင်ခုန်သံကိုမေးမြန်းရာမှာ. . .

“အကယ်ဒမီနဲ့ ပတ်သတ်ပြီး ရင်ခုန်တယ်လို့တော့မရှိပါဘူး။ ဒါပေမယ့် ကိုယ်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအကယ်ဒမီဆန်ကာတင်စာရင်းထဲပါတယ်ဆိုတော့ ၀မ်းသာမိတယ်။ မြန်မာနိုင်ငံမှာက အက်ရှင်ကားတွေကို ပရိသတ်တွေ အကြည့်နည်းပေမယ့် ၂၀၁၈ ခုနှစ် မှာ ကျွန်တော်တို့ ရိုက်ကူးထားတဲ့ Dimensions (မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း ပရိသတ်အားပေးမှုတွေ ရရှိခဲ့တယ်။ အဲဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာလည်း ကွာလတီလည်းကောင်းအောင်ရိုက်ကူးခဲ့တယ်။ကိုယ်တွေ ဒီလိုမျိုးကြိုးစားခဲ့တဲ့ကားလေး အကယ်ဒမီဆန်ကာတင်စာရင်းထဲဝင်တဲ့ အတွက် ၀မ်းသာပီတိဖြစ်မိတယ်။အကယ်ဒမီဆန်ကာတင်စာရင်းထဲဝင်တဲ့အတွက် ၀မ်းသာမိတယ်။ ကျန်တာတော့ မျှော်လင့်စရာမရှိပါဘူး။ကိုယ့်ရဲ့စီနီယာတွေကို လက်ခုပ်တီးပေးဖို့ အကယ်ဒမီပွဲတတ်မှာပါ” လို့ ခါရာ ကပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here