သူဆင်းရဲမလေးသည် ရေသန့် စင်စွာရေချိုးပြီးချေပြီ။ ကောင်းမွန် စွာလျှော်ဖွပ်ထားသော တစ်ပတ်နွမ်း အင်္ကျီကလေးကို ဝတ်ဆင်ထားသည်။ ချည်သားအပါး ခပ်ဟောင်းဟောင်း အင်္ကျီကလေးဖြစ်သည်။ သူဆင်းရဲမ ကလေးသည် အပွင့်ရိုက်ပိတ်ထဘီ ဟောင်းကလေးကို သန့်ပြန့်စွာလျှော် ဖွပ်၍ ဝတ်ဆင်ထားသည်။ အထက် ဆင်အနက်ရောင်က ခါးကိုပတ် လျှက်။ သူဆင်းရဲမကလေး၏ ပါးပြင် မှာ သီးခေါက်ကိုသွေး၍ လိမ်းကျံ ထားသော ပါးကွက်နှစ်ခုတွေ့ရသည်။ သူဆင်းရဲမကလေး၏ ဆံပင်မှာ နက် မှောင်၍ ဘီးဆံပတ်ထုံးကာ ဝါးဘီး ကလေးစိုက်ထားသည်။ သူဆင်းရဲမ ကလေးသည် တဲအိမ်ကလေးထဲမှာ ထမင်းတစ်အိုး တည်ပြီးချေပြီ။ ဟင်း ရွက်ကိုလည်း ချက်ပြုတ်ပြီးချေပြီ။ သူဆင်းရဲမကလေးသည် စကားဆိုရာ တွင် သိမ်မွေ့သည်။ သူဆင်းရဲမက လေးသည် နေထိုင်ရာတွင် သန့်ပြန့် သည်။ သူဆင်းရဲမကလေး၏ ရုပ်သွင် မှာ ဂရုဏာသက်စဖွယ်ပင်ဖြစ်သည်။ သို့ရာတွင် သူဆင်းရဲမကလေး၏ ရိုး ဂုဏ်က ပို၍ထင်းနေကာ လေးစား ဖွယ်ရာကောင်းနေသည်ကို တွေ့ရ သည်။ သူဆင်းရဲမလေး စကားဆိုလေ လျှင် ဖြူမွေးညီညာသော သွားများ ကို ဖျပ်ကနဲတွေ့ရသည်။ မုသားဟူ ၍ ငယ်ရွယ်စဉ်မှ စကာ ယနေ့အချိန် အထိ တစ်ခွန်းတလေမျှပင် မဆိုဘူး သောသူဟု ထင်မှတ်ချင်ဖွယ်ရာပင် ဖြစ်သည်။
သူဆင်းရဲမကလေးသည် တဲ အိမ်ဝမှ ရွာလမ်းဘက်ဆီသို့ မျှော်၍ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ ဆင်းရဲမကလေး၏ မျက်နှာထက်၌ လက်ကနဲ “အရောင်ထွက်သွားသလို ပင်။ သူဆင်းရဲမကလေးသည် တဲ အိမ်ကလေးကို သန့်ပြန့်စွာလှဲကျင်း၍ ထား၏။ အဝတ်ကို လျှော်ဖွပ်ခြင်း၊ တံမျက်စည်းလှဲခြင်း၊ အိမ်တွင်းမှု အလုပ်များ ဆောင်ရွက်ခြင်း၊ ဝတ်ကြီး ဝတ်ငယ်ပြုစုခြင်းတို့သည် သူဆင်းရဲ တို့ တတ်ကျွမ်းသော လုပ်ငန်းများပင် ဖြစ်သည်။ သူဆင်းရဲမ ကလေးသည် ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်း၊ မြေပဲနုတ် ခြင်း၊ လက်ပံပွင့်ကောက်ခြင်း စသည်တို့ကို လုပ်ဆောင်လေ့ရှိ ၏။ သူဆင်းရဲမကလေးသည် မိခင်အိုကြီးနှင့်အတူနေထိုင်၍ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေသူဖြစ်၏။ သူဆင်းရဲမကလေး သည် အသက်အရွယ် ပျိုမျစ်နုနယ်နေဆဲမှာပင် ရှိသေးသည်။ သူဆင်းရဲမကလေး၏နေအိမ်မှာ ရွာလမ်းမ၏ နောက်ဘက် နား ဆီ၌ရှိ၏။ သူဆင်းရဲမကလေး၏ တဲအိမ်ဘေးတွင် တရုတ်စကား ပင် တစ်ပင်ပေါက်၏။ တရုတ်စကားပင်အနီးတွင် သွားတင်း ကုပ်ရှိ၏။ နွားတင်းကုပ်ထဲဝယ် ဖြူဖြူဝဝနွားမကြီး တစ်ကောင် ရှိ၏။ နွားမကြီးသည် သူဆင်းရဲမကလေးကို နို့ပေး၏။ သူဆင်း ရဲမကလေးသည် လယ်တောစပ်သို့သွားကာ မြက်ရိတ်၍ နွားမ ကြီးကို ကျွေး၏။ နွားမကြီးထံမှ နို့ကိုညှစ်ယူ၏။ ယခုဖိုခနောက် ပေါ်၌ အပေါ်ရေတင်းနေသော နွားနို့အိုးရှိ၏။ မီးကျီးခဲငွေ့ငွေ့ က နွေးရုံမျှရှိ၏။ သူဆင်းရဲမကလေးသည် တဲအိမ်ဝမှ ထွက်ကာ ရွာလမ်းမကို တစ်ချက်ကြည့်ပြန်လေသည်။ သည်ကနေ့ မြို့ က ဧည့်သည်တစ်ယောက် သူတို့ဆီ ရောက်လာမည်ဆိုပါကလား။
နေမျိုး