ကျန်းမာရေးအခြေအနေကြောင့်အကယ်ဒမီပေးပွဲ မတက်ရောက်နိုင်တော့တဲ့ အကယ်ဒမီခင်သန်းနု

0
526

မြန်မာ့ရုပ်ရှင် ခေတ်ဦးပိုင်းက ရုပ်ရှင်တစ်ခေတ်ထူထောင်နိုင်ခဲ့သူကတော့ အကယ်ဒမီများရှင် ခင်သန်းနုပါ။ သူကတော့ ကျန်းမာရေးအခြေအနေကြောင့် မကြာခင်ကျင်းပ ပြုလုပ်တော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်နိုင်တော့မှာ မဟုတ်ပါဘူး။ အကယ်ဒမီရင်ခုန်သံနဲ့ အကယ်ဒမီ ပေးပွဲမတက်ရောက်ဖြစ်တဲ့အကြောင်းကိုလည်း အကယ်ဒမီများရှင် ခင်သန်းနုက ခုလို ပြောပြခဲ့ပါတယ်။…

“ဒီနှစ် အကယ်ဒမီပေးပွဲကတော့ အန်တီ မတက်ရောက်နိုင်တော့ပါဘူး။ အသက်လည်းကြီးလာပြီဆိုတော့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူးလေ။ကိုယ်တိုင်လည်း လမ်းသိပ်မလျှောက်နိုင်တဲ့အခါကြတော့ သွားရလာရမှာလည်း အဆင်မပြေဘူး။ စိတ်ကတော့သွားချင်တာပေါ့။ဒါပေမယ့် ကျန်းမာရေးကမကောာင်းတော့ဘူးလေ။ဒီနှစ် အကယ်ဒမီလည်း ကားကောင်းတွေများတယ်လို့ ကြားတယ်။ တကယ်တော်တဲ့ လူငယ်တွေရကြမှာပါ” လို့ပြောပြခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ…

“အန်တီကျန်းမာရေးအခြေအနေကတော့သိပ်မကောင်းတော့ပါဘူး။လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။မျက်လုံးလည်းသိပ်မကောင်းတော့ပါဘူး။အသက်ကြီးလာတော့ ခန္ဓာကိုယ်လည်း ချို့ယွင်းလာတာပေါ့။ အနုပညာအလုပ်တွေလည်း အများကြီးလုပ်ခဲ့ပြီးပြီ။ အန်တီကတော့ အနားယူဖို့အချိန်ရောက်ပါပြီ။ အကယ်ဒမီပေးပွဲလည်း မတက်ရောက်နိုင်တော့ပါဘူး” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here