အုပ်သာကျော် (နေမင်း၏တူ)
အကယ်ဒမီ အကူမောင်မယ်ဆိုတာအကယ်ဒမီပေးပွဲမှာ အများ ကြီး အရေးပါတယ်လို့ထင်တယ်။ စင်ပေါ်ကိုတက်ပြီးတော့ ဆုယူတဲ့ စီနီ ယာကြီးတွေ တစ်ခုခုအဆင်မပြေဖြစ် တဲ့ အချိန်မှာ ကျွန်တော်တို့ ဘေးနား ကနေ လုပ်ပေးရမှာဖြစ်တဲ့ အတွက် ဂုဏ်လည်း ယူတယ်။ အကယ်၍စင်ပေါ်မှာ အမှားအယွင်း တစ်ခုခုဖြစ်သွားရင်လည်း ဘယ်လိုလုပ်မယ် ဆို တာကိုလည်း အခုကတည်းက နှစ်ယောက် ကြိုတင်တိုင်ပင်နေတယ်။ ဦးလေး နေမင်းက အခုရီဟာဇယ် တွေ လုပ်လို့ပြီးသွားရင် ကျွန်တော့်ကို ခေါ် တွေ့ ပြီးတော့ ဘယ်လိုမျိုးလမ်း လျှောက်၊ ဘယ်လိုမျိုး မျက်နှာအမူ အရာထားဆိုပြီးတော့ သင်ပေးတယ်။
မေတိုးခိုင်
(အိန္ဒြာကျော်ဇင်၏တူမ)
အခုအချိန်ထိ ကြိုတင်လေ့ကျင့် နေတာက အဆင်ပြေနေတယ်။ နှစ်ယောက်အတူတူ လေ့ကျင့်တဲ့အချိန်မှာ ခြေလှမ်းမညီတာတို့၊ ခြေလှမ်း နှေးနေတာတို့တော့ ရှိတယ်။ နှစ်ယောက်တိုင်ပင်ပြီးတော့ အကောင်း ဆုံးလုပ်နေတယ်။
နန်းရွှေရည်
ကိုယ်လုပ်ရမယ့်အခန်းကဏ္ဍ ကို တာဝန်ကျေအောင် စွမ်းဆောင်မယ်။ဒီအနုပညာလောကထဲကို စဝင် လာတဲ့အချိန်မှာ အကယ်ဒမီဗန်းကိုင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်က ဖြစ်ချင်ခဲ့တယ်။ ကြိုးစားခဲ့ပေမယ့် ဖြစ်ခွင့်မရခဲ့ဘူး။ အခုအချိန်မှာ ဒီ အခွင့်အရေး ရခဲ့တဲ့အတွက် ဒီအိပ်မက်လေးကို အကောင်အထည်ဖော်ခွင့်ရတယ်အတွက်လည်း တအားဝမ်း သာမိတယ်။
ဆောင်းယွန်းစံ
အကယ်ဒမီပေးပွဲနေ့မှာလည်း စီနီယာတွေ အများကြီးရှိမယ်၊ ဧည့် ပရိသတ်တွေ အများကြီးရှိမှာ ဖြစ်တဲ့ အတွက် တွေးတွေးပြီးတော့ စိတ်လှုပ်ရှား တယ်။ ကြောက်လည်း ကြောက်တယ်။ ဆောင်းအကောင်းဆုံးကြိုး စားပြီးလုပ်သွားမှာပါ။
ဝတ်မှုံသန့်
(မြင့်မြင့်ခင်၏ မြေး)
အခုလိုမျိုး အကယ်ဒမီ ပေးပွဲ ကြီးမှာ အကူမောင်မယ် တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်လည်း ယူတယ်။ ဝမ်းလည်း သာ တယ်။ အဘွားကတော့ ဒီကသင်ပေး တာကိုပဲ အကောင်းဆုံးလုပ်ခိုင်း တယ်။ ထပ်သင်ပေးရင်လည်း မတူ တာတွေ၊ ဘာတွေရှိမှာ စိုးလို့တဲ့ ထပ်ပြီးတော့ မသင်ပေးဘူး။ ဒီကသင်ပေးတာကိုပဲ အကောင်းဆုံး ကြိုးစား ပြီးတော့ အကယ်ဒမီပေးပွဲ ကြီးမှာ အမှားအယွင်းမရှိအောင်လုပ်သွား မှာပါ။
သီဟအောင်
(ကိုကိုဦး၏ သား)
ဒီနှစ်မှာ အကယ်ဒမီမောင်မယ် အဖြစ် ပါဝင်ခွင့်ရတဲ့အတွက်အတိုင်း မသိဝမ်းသာပါတယ်။ ခုလေ့ကျင့် နေ တာကတော့ အကုန်လုံးလည်း သေ ချာသင်ပေးကြတယ်။ ပါဝင်တဲ့ မောင်နှမတွေအားလုံးလည်း ချစ် ခင်ခင်နဲ့ တိုင်တိုင်ပင်ပင်ရှိကြတယ်။ ပထမ စစချင်းလုပ်တာဆိုတော့ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ဦးရန်လေးတို့၊ အန်တီဆင့်တို့က သေချာလေးသင်ပြကြတယ်။ သား တို့ကလည်း သေချာကြိုးစားပြီး အမှားမပါအောင် လုပ်ပါတယ်။ အဆင့်သင့်ကတော့ ဖြစ်နေပါတယ်။ ဒီထက်ပိုကောင်းဖို့ပဲ လိုပါတော့ မယ်။
ဇော်ဝင်းအောင်၊ ခိုင်ဝါဝင်း
ဓာတ်ပုံ- အောင်ဇော်မင်း၊ မင်းမင်းထွန်း