အမှန်တကယ် ကြိုးစားရင် အကယ်ဒမီရမှာပါ ဆိုတဲ့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စမ်း

0
332

ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ် တဲ့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စမ်းကတော့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကား တွေမှာ ပါဝင်သရုပ်ဆောင်နေဆဲပါ ပဲ။ အချိန်ရရင်ရသလောက် ဘာ သာရေးတွေလည်း လုပ်ကိုင်နေပြီး ငယ်ငယ်တုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ် ကားတွေ ပြန်ကြည့်ရတဲ့ခံစားမှုကို လည်း ခုလိုပြောပြခဲ့ပါတယ်။…

“ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်ကားတွေပြန်ကြည့်ရင် ကိုယ့်လို အပ်ချက်တွေရှိခဲ့တာပဲ။ ဒါပေမဲ့ ခေတ်ချင်း မတူတော့ဘူး။ မျက်စိ တွေကလည်း အကြည့်ချင်းမတူတော့ ဘူး။ ဒီခေတ်ကလေးတွေက ပိုပြီး စူးရှတယ် မြင်တတ်တယ်။ ခေတ်ရေ စီးကြောင်း အလိုက်တော့ သွားကြမှာ ပဲ။ အမေတို့ကျသွားတော့ တခြား လူတွေ လာကြမှာပေါ့။ သူတို့ပြီး တော့လည်း နောက်လူတွေပေါ့။ ဒါ ကတော့ နိယာမပဲလေ။ တစ် ယောက် အသက်ကြီးရင် တစ် ယောက်က ဖယ်ပေးရတာပဲ။ ဝမ်း နည်းစရာလည်း မဟုတ်ပါဘူး။ ခံစား မခံစားပါဘူး။ အမေတို့ အခုအရွယ် ကတော့ အားတိုင်းဘာသာရေးလုပ် ရမယ့် အချိန်ရောက်ပါပြီ။ အားတဲ့ အချိန်တိုင်း ဘုရားစင်ရှေ့မှာရှိပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

မြန်မာရုပ်ရှင်ထူးချွန်ပေးပွဲ လည်း မကြာခင် ကျင်းပပြုလုပ်တော့ မှာဖြစ်တဲ့အတွက် အကယ်ဒမီနဲ့ ပတ် သက်ပြီးလည်း ဆက်လက်မေးမြန်း ဖြစ်ခဲ့ပါတယ်။…

“အကယ်ဒမီပေးဖို့ ကားတွေ ကလည်း အကုန်လုံးကောင်းကြတယ်။ ကလေးတွေလည်း အရမ်းတိုးတက် ကြတယ်။ ပစ္စည်းတွေလည်း တကယ် ပံ့ပိုးနိုင်တာပဲ။ အသစ်ဝင်လာကြတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ကားတွေ ကလည် အသံတွေလည်း ကောင်း ကြတယ်။ ခေတ်မီလွန်းအားကြီးပါ တယ်။ အိုင်တင်လုပ်တာရော၊ ဝတ် တာစားတာရော၊ ပြောတာဆို တာရော သူတို့ခေတ်နဲ့ သူတို့ကောင်း ကြပါတယ်။ အကယ်ဒမီဆိုတာက တော့ အမှန်တကယ်ကြိုးစားရင် ရ ကြမှာပါ။ ဒီနှစ်က ရသင့်ရထိုက်တဲ့သူ တွေက များတယ်” လို့လည်း ပြော ပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here